ကြံသီးနှံပညာပေး စာစဉ်-၄(ခ) ကြံသီးနှံအတွက် စီးပွားရေးတွက်ခြေကိုက်သော ပုလဲဓာတ်မြေဩဇာနှုန်း
ပြီးခဲ့သော စာစဉ် - ၄ တွင် မည်သည့်ဓာတ်မြေဩဇာကို မည်သည့်အခြေအနေတွင် မည်သို့သုံးစွဲရန်လိုအပ်သည်ကို ဖော်ပြခဲ့ပါသည်။ ယခု ၂၀၂၂ ခုနှစ်တွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်မားလာသဖြင့် စီးပွားရေးတွက်ခြေကိုက်သော ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာနှုန်းကို တွက်ချက်ပြပါမည်။
၅၀ ကီလို ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာဈေးနှင့် ကြံဝယ်ဈေးတို့ကို အောက်ပါဇယား၌ နှစ်အလိုက်ယှဉ်ကြည့်နိုင်ပါသည်။

သွင်းအားစုများအဖက်ဖက်က ဈေးကြီးလာသောအခါ အမြင့်ဆုံးသောကြံသီးနှံအထွက်သည် စီးပွားရေး တွက်ခြေကိုက်သော အထွက်ဟု ပြောလို့မရတော့ပါ။ ဓာတ်မြေဩဇာနှုန်းထားအမျိုးမျိုးပေါ် သီးနှံအထွက်နှုန်းတုံ့ပြန်ပုံကို ကမ္ဘာအရပ်ရပ်တွင် နှစ်အဆက်ဆက်သုတေသနပြုခဲ့ကြရာ ဓာတ်မြေဩဇာနှုန်းထားကို တိုးကျွေးလာသည်နှင့်အမျှ သီးနှံအထွက်တိုးလာသော်လည်း အမြင့်ဆုံးတစ်နေရာရောက်ပြီး သီးနှံအထွက်သည် လေးကိုင်းကွေးသဖွယ် ကျဆင်းလာသည်ကို တွေ့ရသည်။ ထိုနည်းတူစွာ ပျဉ်းမနားကြံသုတေသနခြံ၌ နိုက်ထရိုဂျင်ဓာတ်မြေဩဇာနှုန်းထား အမျိုးမျိုး၏ ကြံအထွက်နှုန်းပေါ်အကျိုးသက်ရောက်ပုံကို ဆက်တိုက်စမ်းသပ်ခဲ့ရာ အောက်ပါဂရပ်ပုံအတိုင်း လေးကိုင်းကွေးတုံ့ပြန်မှုကို တွေ့ရသည်။

ဦးထွန်းလှိုင်၏ ၁၉၆၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ စမ်းသပ်ချက်အဖြေဖြစ်ပါသည်။
ဇစ်မြစ်။ သက်ရှိသိပ္ပံဂျာနယ်၊ အတွဲ-၁၊ အမှတ်-၃၊ ၁၉၆၈ ခုနှစ်။
ကြံသီးနှံ၏ နိုက်ထရိုဂျင်နှုန်းထားအမျိုးမျိုးကိုတုံ့ပြန်ရာတွင် လေးကိုင်းကွေးပုံစံ (Curvilinear) တုံ့ပြန်သဖြင့် ၎င်းဖြစ်စဉ်မှ သင်္ချာညီမျှခြင်းတစ်ခုတွက်ချက်ရရှိသည်။
ကြံအထွက် = ၂၁.၇၇ + ၀.၂၁၁၅ (နိုက်ထရိုဂျင်နှုန်း) - ၀.၀၀၁၁ (နိုက်ထရိုဂျင်)၂
၎င်းညီမျှခြင်းမှ စီးပွားရေးတွက်ခြေကိုက်သော နိုက်ထရိုဂျင်နှင့် ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာနှုန်းကို အောက်ပါအတိုင်းတွက်ချက်ရရှိပါသည်။
၂၀၂၂ ခုနှစ်အတွက်...
၁။ အမြတ်အများဆုံးရစေသောနှုန်းထား = တစ်ဧကလျှင် နိုက်ထရိုဂျင် ၄၀ ကီလိုဂရမ် (သို့မဟုတ်) ယူရီးယား ၄/၅ အိတ်
၂။ ယူရီးယား ၄/၅ အိတ် ထည့်ပေးခြင်းသည် ဘာမျှမထည့်သည်ထက် ကြံတန် (၁၀) တန်ပိုထွက်ပါသည်။
၃။ စီးပွားရေးအကျိုးအမြတ်မှာ ကျပ် ၄၃၀,၀၀၀/ဧက ခန့် ရပါမည်။
၄။ ဓာတ်မြေဩဇာဈေးကြီးမြင့်သဖြင့် တောင်သူကချေးငွေယူ၍ ဝယ်ယူရလျှင် အတိုးနှုန်း အနည်းဆုံး ၁၂ % ကိုပါ ကျခံရနိုင်ပါမည်။
၅။ ကြိုတင်မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုနှင့် ငွေကြေးစွန့်စားရမှုများ ရှိသဖြင့် အကျိုးအမြတ်ရရှိမှုအပေါ် ၁၀% အလျော့တွက် (Discount rate) ကို တွက်ထားသင့်ပါသည်။
၆။ အမှတ်စဉ် - ၃ ၌ ဖော်ပြပါ ကျပ် ၄၃၀,၀၀၀/ဧက သည် အမှန်တကယ် အသားတင်အမြတ်မဟုတ်သေးပါ။
၇။ ဓာတ်မြေဩဇာထည့်သွင်းလုပ်အားခ၊ အတိုးနှုန်း ၁၂ % နှင့် တန်ဖိုးလျှော့ ၁၀% တို့ကို တွက်ချက်ရာ တောင်သူအတွက် ပုလဲ(ယူရီးယား) ၅၀ ကီလိုဝင်အိတ် ၄/၅ အိတ် ထည့်ခြင်းဖြင့် တစ်ဧကအသားတင်အမြတ် ၃၆၂,၁၈၄ ကျပ် ရရှိနိုင်ပါကြောင်း တွက်ချက်ပေးလိုက်ပါသည်။
စံသိန်း(စိုက်ပျိုးရေး)
(ပညာပေးစာစဉ် ၄-ဂ ၌ ကြံပင်ကလိုအပ်ကြောင်းပြသနေသော အာဟာရဓာတ်တစ်မျိုးစီ ချို့တဲ့မှုလက္ခဏာများကို ဓာတ်ပုံများကို ဖော်ပြပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Soe Myay Tun
လွန်ခဲ့သော ၄ နှစ် ကမွဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from U San Thein (Agri)
အားလုံး
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023