နေကြာ(သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုး) မျိုးသန့်ထိန်းသိမ်းနည်း
လက်ရှိတောင်သူများစိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးများကို စပ်မျိုး(Hybrid)နှင့် သဘာဝဝတ်မှုန် ကူးအထွက်ကောင်းမျိုး(Open pollinated variety-OPV)ဟူ၍ အုပ်စုနှစ်မျိုးခွဲခြားနိုင်သည်။ ဥပမာအားဖြင့် ရေဆင်းစပ်မျိုးနေကြာ-၁ သည် စပ်မျိုးဖြစ်ပြီး ဆင်းရွှေကြာ-၂ သည် သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုး ဖြစ်သည်။

သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုးများသည် စပ်မျိုးများကဲ့သို့မဟုတ်ပါ။ နှစ်စဉ် မျိုးသန့်ထိန်းသိမ်းပြီး ဆက်လက်စိုက်ပျိုးနိုင်ပါသည်။
နေကြာသီးနှံသည် ပင်ကြားဝတ်မှုန်ကူးသည့်သီးနှံဖြစ်ရာ စနစ်တကျ မျိုးရွေးချယ်ထိန်းသိမ်းခြင်းမပြုဘဲ ဆက်လက်စိုက်ပျိုးပါက (၃)နှစ်မှ (၄)နှစ်အတွင်း မူလမျိုး၏ ကောင်းမွန်သောအရည်အချင်းများ တဖြည်းဖြည်းကျဆင်းနိုင်ပြီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
သို့ဖြစ်၍ နေကြာသီးနှံမျိုးကောင်းမျိုးသန့်များကို မျိုးရိုးဗီဇမပျက်စေဘဲ ကောင်းမွန်သော အရည် အချင်းများ ဆက်လက်တည်ရှိစေရန် ထိန်းသိမ်းနည်းကို အသိပေးဖေါ်ပြလိုပါသည်။
အပင်များရွေးချယ်သတ်မှတ်ခြင်း
မိမိနေကြာစိုက်ခင်းအတွင်းမှ မျိုးထိန်းအပင်များသတ်မှတ်ရွေးချယ်ရန် ဖြစ်သည်။
ရွေးချယ်နည်းမှာ -
- ပန်းစပွင့်ခါနီးအချိန်တွင် မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အပင်အမြင့်ညီညာသည့် အပင် (၁၀၀၀)ခန့်အား ရွေးချယ်ပါ။ (ရောဂါကင်း၍ ပန်းပွင့်ချိန်ညီညာပြီး ပင်စည်တုတ်ခိုင်သော အပင်များ ဖြစ်ရမည်။ အရွက်အရေအတွက်များ၍ ဖွံ့ဖြိုးထွားကြိုင်းပြီး အပေါ်ပိုင်းအရွက် ပိုများသော အပင်ဖြစ်ပါက ပို၍ကောင်းမွန်ပါသည်)
မလိုလားအပ်သောအပင်များဖယ်ရှားခြင်း
- ရွေးချယ်ထားသောအပင်များထဲမှ ကိုင်းခွပါသောအပင်များ၊ ခေါင်ပွင့်တစ်ပွင့်အပြင် အခြားအပွင့်သေးလေးများပါသော အပင်များတွေ့ရှိပါက ဖယ်ရှားပစ်ပါ။
ပင်ကြားဝတ်မှုန်ကူးပေးခြင်း
- ရွေးချယ်သတ်မှတ်ထားသည့်အပင်များရှိအပွင့်မှ အပြင်ဘက်ဆုံးကွင်းရှိ အပွင့်ကလေးများ ဝတ်မှုန်ပေါက်ကွဲချိန်တွင် ပင်ခြားဝတ်မှုန်ကူးပေးခြင်းကို စတင်ပြုလုပ်ပေးပါ။ ပြုလုပ်ရမည့်အချိန်မှာ နံနက်(၇)နာရီမှ (၁၁)နာရီအတွင်း ဖြစ်သည်။
- ပြုလုပ်ပုံမှာ နေကြာပင်တစ်ပင်မှ အရွက်ကိုဆွတ်ယူ၍ ရွေးချယ်ထားသည့်အပင်ရှိ နေကြာပွင့်မှ ဝတ်မှုန်များကိုခါယူရမည်။ ၄င်းဝတ်မှုန်များကို အခြားနေကြာပွင့် တစ်ပွင့်ပေါ်ရှိ အမဝတ်မှုန်ခံတိုင်များပေါ်သို့ ခါချပြီး နေကြာရွက်ဖြင့် ညင်သာစွာပွတ်ပေးရန် ဖြစ် သည်။
- ဤကဲ့သို့ ပင်ခြားဝတ်မှုန်ကူးခြင်းကို နီးစပ်ရာ အပင်အချင်းချင်း ပြုလုပ်ပေးရမည်။ ဝတ်မှုန်ယူသည့်အပင်တွင်ရှိသော အမဝတ်မှုန်ခံတိုင်များပေါ်သို့လည်း အခြားရွေးချယ်ထားသည့်အပင်မှ ဝတ်မှုန်ဖြင့် ဝတ်မှုန်ကူးပေးရပါမည်။
- ပင်ခြားဝတ်မှုန်ကူးပေးခြင်းကို နေ့စဉ်မပြုလုပ်နိုင်ပါက တစ်ရက်ခြားပြုလုပ်ပေးပြီး အပွင့်၏ အလယ်ဗဟိုရှိ ပန်းပွင့်များပြည့်စုံစွာပွင့်ပြီးသည်အထိ ပြုလုပ်ရပါမည်။
- နေကြာပွင့်တစ်ပွင့်မှရသည့် ဝတ်မှုန်များကို ၄င်းအပွင့်ပေါ်သို့ ပြန်တင်ပေးခြင်း (ပင်တည်းဝတ်မှုန်ကူးပေးခြင်း)ကို လုံးဝမပြုလုပ်မိစေရန် အထူးဂရုစိုက်ရပါမည်။
- နေကြာပွင့်အရွယ်အစားကိုလိုက်၍ ပန်းပွင့်ချိန် (၅ - ၁၀) ရက်ထိကြာနိုင်ပါသည်။
မျိုးထိန်းအပင်များရိတ်သိမ်းခြင်း
- နေကြာပွင့်များရင့်မှည့်၍ ရိတ်သိမ်းသည့်အခါ အောက်ခြေသို့ ငိုက်လွန်းသော အပွင့်များ၊ အပေါ်လန်နေသောအပွင့်များ၊ ခွက်လွန်း၊ ခုံးလွန်းသောအပွင့်များနှင့် တွန့်လိမ်နေသောပုံသဏ္ဍာန်ရှိ အပွင့်များကို ပယ်ပစ်ပါ။
- ရွေးချယ်ရရှိသောအပင်များ၏ အပွင့်များမှ မျိုးစေ့များကို မျိုးအဖြစ် ရယူပါ။
- ဤသို့အဆင့်ဆင့်ရွေးချယ်ဆောင်ရွက်ပြီး အပင် (၅၀၀)ရိတ်သိမ်းနိုင်ပါက မျိုးစေ့(၁)တင်းခန့် ရရှိနိုင်သည်။ ၄င်းမျိုးစေ့ တစ်တင်းကို (၄) ဧကစိုက်ပျိုးရန် မျိုးအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
- စတင်ဆောင်ရွက်သည့်နှစ်၌ လိုလားသည့်အရည်အချင်းနှင့် ပြည်စုံသောအပင်များ ရွေးချယ်ရာတွင် ခက်ခဲခြင်း၊ အဆင့်များခြင်းနှင့် ပဏာမရွေးချယ်ရသည့် အပင်ဦးရေများခြင်း ရှိနိုင်သော်လည်း ရွေးချယ်ပြီးမျိုးများကို နှစ်စဉ်စိုက်ပျိုးလာပါက ရွေးချယ်ရသည့် အပင်ဦးရေနည်းလာပြီး လုပ်ငန်းလွယ်ကူလျင်မြန် အောင်မြင်နိုင်ပါသည်။
အကျိုးရလဒ်
- တောင်သူများ မိမိစိုက်ခင်းများမှ ထိုကဲ့သို့ နှစ်စဉ်ရွေးချယ်ထိန်းသိမ်းပြီး ရရှိလာသောမျိုးများကို စိုက်ပျိုးခြင်းဖြင့် ရောဂါကင်း၍ အပင်မြင့်ညီညာပြီး ပန်းပွင့်ချိန်ညီညာသည့်အပွင့်များ ရရှိလာနိုင်မည်ဖြစ်သည်။
- ထို့ပြင် လက်ရှိအသုံးပြုနေသည့် နေကြာမျိုးကောင်းမျိုးသန့်များအား မူလဗီဇနှင့် အရည်အချင်းမပျက်ဘဲ နှစ်စဉ်ထိန်းသိမ်းစိုက်ပျိုးသွားနိုင်မည် ဖြစ်ပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Daw moo ra
လွန်ခဲ့သော ၃ နှစ် ကမေးခွန်း အားပြန်ဖြေစေချင်
Daw moo ra
လွန်ခဲ့သော ၃ နှစ် ကမနှစ်ကလို ရေဆင်းစပ်မျိုးတွေမျိုးမအောင်တော့လယ်သမားတွေအရန်းနစ်နာပါတယ်ကျေးဇူးပြု၍အောင်သောမျိုးစေ့များကိုကူညီလို့ရရင်ကူညီပေးစေချင်ပါတယ်ပင်ရင်းကမေးတော့မျိုးထုပ်လုပ်မှုအပိုင်းမှာလိုအပ်လို့တဲ့
ဦးသန်းထိုက်
လွန်ခဲ့သော ၃ နှစ် ကမရပါ
ဌေးဝင်း
လွန်ခဲ့သော ၃ နှစ် ကစပ်မျိုးကိုမျိုးပြန်ယူ၍မရပါ။
Lwin Lwin Oo
လွန်ခဲ့သော ၃ နှစ် ကစပ်မျိုး ကိုရော မျ်ုးစေ့ ပြန်ယူလို့ရလားရှင်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Soe Myint
အားလုံး