တိုက်ရိုက်မျိုးစေ့ချစပါးစိုက်ပျိုးလျင် တမန်းမျက်နှာပြင်ညီအောင်ပြင်
စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် လယ်သမားအများစုသည် မျိုးစေ့ကို တိုက်ရိုက်ချစနစ်ဖြင့် ကြဲပက်စိုက်ပျိုးလာသည်။ အထူးသဖြင့် နွေစပါးတွင် ပိုမိုဆောင်ရွက်လာတာ တွေ့ရှိရပါသည်။
အားသာချက်တွေရှိလို့ ဖြစ်သည်။ ပထမအချက်မှာ လယ်ယာလုပ်သား ရှားပါးမှုပြဿနာကို ကျော်လွှားနိုင်လို့ ဖြစ်သည်။ ဒုတိယအချက်မှာ စိုက်ပျိုးကုန်ကျစရိတ်သက်သာလို့ ဖြစ်သည်။ ထိုမျှမက အချိန်နှင့် လုပ်အားလည်း သက်သာလို့ ဖြစ်ပါသည်။
စပါးစိုက်ခင်းတမန်းပြင်ရာတွင် ရေထိန်းသိမ်းမှုကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်စေလိုသည်။ ထွန်စက်၊ လက်တွန်းထွန်စက်၊ တမန်းမွှေစက်၊ ကျွဲနွားဆွဲထယ်ထွန် စသည် မည်သည့်နည်းဖြင့် တမန်းပြင်သည်ဖြစ်စေ ထွန်ရေးကောင်းဖို့သာမက တမန်းမျက်နှာပြင်ညီအောင် ဆောင်ရွက်ရန်လိုပါသည်။
နွေစပါးစိုက်ပျိုးရာတွင် အများစုမှာ မိုးစပါးအပြီးစိုက်ပျိုးသည်။ လယ်ကွက်အတွင်းရှိ ရိုးပြတ်နှင့် ပေါင်းမြက်များ ပုပ်ဆွေးအောင် ထွန်ရေးပြုပြင်ဖို့လိုသည်။ ထို့ကြောင့် ရှေးက လယ်မှာ အပုပ်၊ ယာမှာအသုတ်ဟု ဆိုစမှတ်ပြုခဲ့ခြင်း ဖြစ်ပါသည်။
မြက်မုန်ညင်း၊ ဝက်ကလုံးစသည့် အချို့ပေါင်းအမျိုးအစားများသည် မြေအောက်ရှိ အပင် အစိတ်အပိုင်းများမှ ထပ်မံမျိုးပွားသည်။ သို့ဖြစ်၍ မြက်ခေါင်းတွေကို ကုန်စင်အောင် ကောက်ယူပစ်ဖို့လိုသည်။ ကသုတ်ကယက်ထွန်ယက်ပြီး ရိုတာဝင်ကာ အမြန်ကြဲပက်စိုက်ပျိုးခြင်းမျိုး မဆောင်ရွက်သင့်ပါ။ နောက်ဆုံးထွန်ရေးဝင်ပြီးပါက စပါးမျိုးစေ့ ပက်ကြဲခြင်းမပြုမီ တမန်းပြင်ကို ညီညာအောင် ကြမ်းရိုက်မြေညှိရန်လိုပါသည်။
တမန်းကောင်းပြီး မျက်နှာပြင်ညီညာခြင်းဖြင့် ရေထိန်းသိမ်းမှုကောင်းမွန်ကာ စိုက်ခင်း ရေပေးသွင်းရန် လိုအပ်မှုကို လျော့ချနိုင်မည်။ ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို လျှော့ချနိုင်မည်။ ထို့ပြင် စပါးပင်ဖြစ်ထွန်းမှု ကောင်းမွန်ညီညာစေကာ စပါးအထွက်ပိုစေမည် ဖြစ်ပါသည်။
စပါးအထွက်နှုန်း
သုတေသနတွေ့ရှိချက်အချို့ကို ဖေါ်ပြလိုပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် တမန်းမျက်နှာပြင် ညီညာအောင်ဆောင်ရွက်ထားသော စပါးစိုက်ခင်းသည် စပါး ၂၄ ရာခိူင်နှုန်းတိုးထွက်သည်ဟု သိရသည်။ တစ်ဧကစပါးအထွက်အနေဖြင့် ၂၅ တင်း ပိုထွက်ခြင်းပင် ဖြစ်ပါသည်။
အကယ်၍ တမန်းမျက်နှာပြင်သည် လက်မဝက်ခန့်အနိမ့်အမြင့်ကွာခြားလျင်ပင် တစ်ဧကမှ စပါးအထွက် ၁၂ တင်းခန့်ဆုံးရှုံးနိုင်သည်ဟု ဖေါ်ပြထားပါသည်။
ထို့ကြောင့် စပါးစိုက်ခင်း တမန်းပြင်ရာတွင် မြေမျက်နှာပြင်ကို ညီနေအောင် ဆောင်ရွက်ရန် တိုက်တွန်းရခြင်း ဖြစ်ပါသည်။
ပေါင်းမြက်ပြဿနာ
စပါးစိုက်ခင်းတွေမှာ ယေဘုယျအားဖြင့် ပေါင်းအမျိုးအစား သုံးမျိုးပေါက်ရောက်လာနိုင်သည်။ ဝမ်းဘဲစာ၊ မြက်ချိုကဲ့သို့ မြက်ပင်အမျိုးအစား၊ ပင်စည်သုံးထောင့်ပုံသဏ္ဍာန်ရှိသော မြက်မုံညင်းအမျိုးအစားနှင့် ကပ်စေးနှဲ၊ ဗေဒါတို့ကဲ့သို့ ရွက်ပြန့်ပင်အမျိုးအစားတို့ ဖြစ်ပါသည်။
ပေါင်းပင်များသည် စိုက်ထားသောစပါးပင်များနှင့် အချင်းချင်းယှဥ်ပြိုင်တော့သည်။ သူတို့ ရပ်တည်နိုင်ရေးအတွက် မြေနေရာရရှိရန် ယှဥ်ပြိုင်သည်။ ရေ၊ မြေဆီသြဇာစသည့် အစာအာဟာရများကို ရယူစားသုံးရေးအတွက် ယှဥ်ပြိုင်သည်။ ထို့ပြင် နေရောင်ခြည်စွမ်းအင်ရရှိရေးအတွက် ယှဥ်ပြိုင်တော့သည်။ သို့ဖြစ်၍ စပါးအထွက်လျော့နည်းမှုကို ဖြစ်စေရပါသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ၁၉၈၃ မှ ၁၉၈၆ ခုနှစ်ထိသုတေသနတွေ့ရှိချက်အရ ၄၃ ဒသမ ၉၆ ရာခိုင်နှုန်းနှင့် ၁၉၉၇-၉၈ ခုနှစ်တွေ့ရှိချက်အရ ၂၉ ဒသမ ၂၃ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းအထိ တစ်ဧကမှစပါးအထွက် လျှော့နည်းကျဆင်းကြောင်း အသီးသီး ဖေါ်ပြထားပါသည်။
တမန်းမျက်နှာပြင်ညီညာတော့ စိုက်ခင်းအတွင်း ရေထိန်းသိမ်းနိုင်မှု ပိုမိုကောင်းမွန်စေသည်။ ထို့ကြောင့် ပေါင်းမြက်ပေါက်ရောက်လာနိုင်မှုကို ၄၀ ရာခိုင်နှုန်းလျှော့နည်းစေသည်။ တစ်နည်းအားဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရန် လုပ်သားလိုအပ်ချက်ကို တစ်ဧကအတွက် တစ်နေ့လုပ်အားလိုအပ်ချက် ၈ ယောက်မှ ၂ ယောက်ကို လျှော့ချနိုင်သည်ဟု ဆိုပါသည်။
သို့ဖြစ်၍ စပါးစိုက်ခင်းတမန်းပြင်ရာတွင် မြေမျက်နှာပြင်ကို ညီနေအောင် ဆောင်ရွက်ပါလို့ ပြောရခြင်း ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်
တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် လုပ်သား လိုအပ်ချက်ကို လျှော့ချနိုင်တာ အများအသိ ဖြစ်သည်။ တမန်းမျက်နှာပြင်ညီညာခြင်းသည် ကြဲပက်စိုက်ခြင်း၊ ကိရိယာဖြင့်မျိုးစေ့ချခြင်းစသည့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ကို ပိုမို အထောက်အကူပြုသည်။
ထို့ကြောင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရန်ဖြစ်ပါက တမန်းမျက်နှာပြင်ညီအောင်ညှိရမှာ ဖြစ်ပါသည်။
အပင်ဖြစ်ထွန်းမှု
ထွန်ရေးတမန်းကောင်းပြီး ညီညာသောတမန်းပြင်တွင် စိုက်ပျိုးခြင်းဖြင့် ပေါက်ရောက်လာသည့် စပါးပင်များ အပင်ဖြစ်ထွန်းမှုညီညာသန်စွမ်းသည်။ သန်စွမ်းသောအပင်မှ သန်စွမ်းသောစပါးနှံနှင့် တစ်နှံပါသီးလုံးများပြားမှုကို ဖြစ်စေသည်။ ထိုမျှမက ရင့်မှည့်ရာတွင်လည်း ညီညာစေသည်။ သို့ဖြစ်၍ ရိတ်သိမ်းရာတွင် အလေအလွင့်မရှိဘဲ စပါးအထွက်ကို ပိုမိုစေနိုင်မည် ဖြစ်ပါသည်။
အချုပ်အားဖြင့် စပါးကို တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပျိုးရာတွင် ရိုးရှင်း၍ လွယ်ကူသော မြေပြုပြင်ခြင်းလုပ်ငန်းသည် ပေါင်းမြက်ကြောင့် စပါးအထွက်ထိခိုက်နိုင်မှုကို လျော့နည်းစေသည်သာမက မျှော်မှန်းသောစပါးအထွက်ကို ရရှိရေးအတွက်လည်း အရေးပါသည်။ ထို့ကြောင့် တမန်းကောင်းအောင်ဆောင်ရွက်ပါ။ တမန်းမျက်နှာပြင်ညီညာအောင်ဆောင်ရွက်ပြီးမှ စပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြပါလို့ တိုက်တွန်းလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
မောင်ကောင်းမြတ်ကျော်
လွန်ခဲ့သော ၃ နှစ် ကပေါင်းသတ်ဆေးဖြန်းပါ ပေါင်းသတ်ဆေး ဖြန်းပီး ၆နာရီအတွင်း မိုးမိလို့မရပါဘူး ပေါင်းသတ်ဆေးဖြန်းရာတွင် ရေ စပ်ကျင် အနည်းငယ် ရှိရပါမယ် ပေါင်းဆေး ဖြန်းပီး တစ်ရက်အကြာ စပါးခင်းထဲသို့ ရေလှောင်ပါ
zin
လွန်ခဲ့သော ၃ နှစ် ကစပါးပင် ပေါက်ခစ မြက်ပင်ပေါင်းပင်များဘယ်လိုသက်ရသလဲ
zin
လွန်ခဲ့သော ၃ နှစ် ကစပါးအချိန်တွင် ပေါင်ပင်းဘယ်လိုသက်ရသလဲ
ဝေဇင်ကျော်
လွန်ခဲ့သော ၃ နှစ် ကမြတ်သီးဒေါင်းမြီပျံကောဘယ်လိုသတ်ရမလဲ
နိုင်လင်း
လွန်ခဲ့သော ၄ နှစ် ကသဲဆန်ေသာေြမလားခင်ဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Soe Myint
အားလုံး