အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိန္နဲပင် စိုက်ပျိုးနည်းစနစ်များ

ပိန္နဲပင် စိုက်ပျိုးနည်းစနစ်များ

Green Way
Green Way • 08/12/2017

၁။ အပင် မျိုးပွားခြင်း

ပင်ပိုင်း မျိုးပွားခြင်းသည် အနဲငယ် ခက်ခဲသောကြောင့် ပိန္နဲပင် စိုက်ပျိုးရာတွင် ယေဘုယျ အားဖြင့် မျိုးစေ့ကို အသုံးပြု စိုက်ပျိုးကြသည်။ သို့သော် မူလ မိခင်ပင်၏ လက္ခဏာရပ်များ မတွေ့ရတတ်ခြင်း၊ ပန်းပွင့်ချိန်ရောက်ရန် အချိန် ပိုမို ကြာတတ်ခြင်းနှင့် အပင်မြင့်ခြင်း အစရှိသဖြင့် တွေ့ရတတ်သည်။

သန်စွမ်းပြီးကောင်းစွာ ရင့်မှည့်သော အပင်များ (ကောင်းမွန်သော လက္ခဏာများ ရှိ၍ အသီးကောင်း များပေးစွမ်း နိုင်သည့်) မှ မျိုးစေ့များကိုရွေးချယ် သင့်သည်။ မျိုးစေ့ အရွယ်အစား ကြီးများကိုသာ အသုံးပြုပါ။ အသီးမှ ထုတ်ယူပြီးလျှင်ပြီးချင်း အစေ့ပတ်ဝန်းကျင်တွင် စေးကပ်နေမူများပြောင်စင်သွားအောင် ရေတွင်ဆေးကြောပေးရမည်။ ယေဘုယျ အားဖြင့် အစေ့ကို အခြောက်ခံခြင်း မပြုလုပ်ပဲ ချက်ချင်း စိုက်ပျိုးလေ့ရှိသည်။ အကယ်၍ ချက်ချင်း မစိုက်ဖြစ်ခဲ့ပါက မျိုးစေ့ ရှင်သန်နိုင်ရန်အတွက် အခန်း အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်ခန့်တွင် ပလပ်စတစ် ဗူးများဖြင့် လေလုံအောင် ပိတ်၍ ၃ လခန့် သိမ်းထားနိုင်ပါသည်။ အစေ့ စိုက်ပျိုးရာတွင် hilum (အစေ့တွင် ရှိသောအမှတ်ရာ) ကိုအောက်ဘက်တွင် ထား၍ စိုက်ရမည်။ ၁၀ ရက်အတွင်းတွင် အပင် စတင်ပေါက်လာမည်။ စိုက်ပြီး ၃၅-၄၀ ရက်သားတွင် အစေ့အပင်ပေါက်မူ ၈၀-၁၀၀ % ခန့် ရှိနိုင်ပါသည်။

ကိုင်းဖြတ်များကို အသုံးပြု၍ ပင်ပိုင်းပျိုးပွားခြင်းနှင့် မြေထုပ်စည်းခြင်းများ ပြုလုပ်ခြင်းအားဖြင့်လည်း ပိန္နဲပင် စိုက်ပျိုး နိုင်ပါသည်။ အမြစ်ဟော်မုန်းများကို ပြင်းအား မှန်ကန်စွာ သုံးခြင်း၊ အစရှိသည့် နည်းစနစ်များ ကျွမ်းကျင်မူရှိရန် လိုအပ်ပါသည်။ အဖူးမြှပ် ကိုင်းကူးနည်းနှင့် ကိုင်းဆက် မျိုးပွားနည်းများကိုလည်း ပိန္နဲပင် စိုက်ပျိုးရာတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။

၂။ မြေပြုပြင်ခြင်းနှင့် ကျင်းတူးခြင်း

အခြားသော သီးနှံပင်များ ကဲ့သို့ပင် ပိန္နဲပင် စိုက်ပျိုးရာတွင်လည်း သင့်တော်သောမြေပြုပြင်ခြင်းများ ပြုလုပ်ရန် အရေးကြီးသည်။ တောင်စောင်းမြေများ (သို့) အပင် အနည်းငယ်သာ စိုက်ပျိုးမည့်နေရာများတွင် စိုက်ခင်းများကို ခုတ်ထွင်ရှင်းလင်းပေးရန်နှင့် တောင်ကုန်း အစွန်းများကို ရှင်းလင်းပေးရမည်။ အကယ်၍ ပိန္နဲပင်များ အမြောက်အမြား စိုက်ပျိုးမည် ဆိုပါကမြေကို နှံ့စပ်အောင် ထည်ထိုး ပြင်ဆင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

ထို့နောက် ကျင်းအနက် မီတာဝက် ( ၅ ပေ ) နှင့် အကျယ် တစ်မီတာ ( ၃ ပေ ) တူးပါ။ အပင် အာဟာရများ အနေဖြင့် ၎င်းကျင်းထဲသို့ အပေါ်ယံမြေသား ၁ ဆနှင့် မြေဆွေး (compost) ၃ ဆရော၍ ထည့်ပါ။ နွားခြေး၊ ကြက်ချေး (သို့) မည်သည့် အော်ဂဲနစ် ပစ္စည်းများကိုမဆို ချက်ချင်း အသုံးပြုမည် ဆိုပါက ၎င်းတို့ ဆွေးမြည့် ကြေပျက် သွားစေရန် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ဆိုင်းပြီးမှ စိုက်ပျိုးသင့်ပါသည်။

၃။ စိုက်ပျိုးခြင်း

တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုး၍သော်လည်းကောင်း၊ ပျိုးအိုးများဖြင့် ပျိုးထားသော အပင်ငယ်လေးများကို ရွှေ့ပြောင်းစိုက်၍သော်လည်းကောင်း၊ စိုက်ပျိုးနိုင်ပါသည်။ အမြစ်များသည် ထိခိုက်ပျက်စီးမူဒဏ်ကို ခံနိုင်ရည် နည်းပါးသောကြောင့် ပျိုးပင်ငယ်များကို ၁ နှစ်သား မပြည့်မှီနှင့် မျိုးအိုးများ အပြင်ထိတိုင် အမြစ်များ မရောက်လာခင် အချိန်တွင် ရွှေ့ပြောင်းစိုက်သင့်ပါသည်။

တစ်ပင်နှင့် တစ်ပင် ၈-၁၂ မီတာ ( ၂၆-၃၉ ပေ) အကွာအဝေး ထား၍ စတုရန်းပုံ၊ စတုဂံပုံ၊ (သို့) တြိဂံများ ပုံစံအနေအထားများဖြင့် စိုက်ပျိုးနိုင်သည်။ ဤကဲ့သို့ စိုက်ပျိုးခြင်းသည် square system အတွက် အပင်အရေအတွက် ၁ ဟက်တာလျှင် ၇၀-၁၅၆ (၁ ဧကလျှင် ၂၈-၆၃ ပေ) နှင့် triangular or hexagonal system အတွက် ၁ ဟက်တာလျှင် အပင်အရေအတွက် ၈၀-၁၈၀ (၁ ဧကလျှင် ၃၂-၇၂ ပေ)ခန့်နှင့် ညီမျှသည်။ ကိုင်းဆက်ပင်များအတွက် ပင်ကြားတန်းကြား အကွာအဝေး ၈မီတာx၈မီတာ (၂၆ပေx၂၆ပေ) နှင့် မျိုးစေ့စိုက် အပင်များအတွက် ၁၂မီတာx၁၂မီတာ (၃၉ပေx၃၉ပေ) ထား၍ စိုက်ပျိုးကြသည်။

သို့သော် တောင်ကုန်းများ တည်ရှိမှု့အနေအထား၊ အပင် တစ်ပင်နှင့်တစ်ပင်ကြား အကွာအဝေးနှင့်၊ အပင်တန်းကြားများမှ တောင်ကုန်းအစွန်း နယ်နိမိတ်များသို့ အကွာအဝေးများကိုဖော်ပြထားသည့် planting lay-out plan ကို ပြုလုပ်ထားမှသာ အပင်အရေအတွက် အတိအကျ ပါဝင်မူကို သိရှိနိုင်မည် ဖြစ်သည်။

၄။ မြေသြဇာကျွေးခြင်း

မြေသြဇာကျွေးခြင်းသည် ပိန္နဲပင်နှင့်် အခြားသော သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးလာစေရန်အတွက် ထာဝရ လုပ်ဆောင်နေရမည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အပင်ကြီးရင့်လာသည် နှင့်အမျှ ခြံထွက် အမိူက်သရိုက်မြေသြဇာများ (farm manure) ကို နှစ်စဉ် ၁၀-၃၀ ကီလို ( ၆-၁၈ ပိဿာ) တိုးမြှင့် ထည့်ပေးရမည်။ အသီးများများ ရရန်အတွက် complete fertilizer ကိုနှစ်စဉ် ၁-၃ ကီလို ( ၂ -၆ ပိဿာ) ထည့်ပေးပါ။ သစ်သီးပင်များတွင် ပိုတက်ရှ်မြေသြဇာ ထည့်ပေးသင့်ပြီး ၂ ကြိမ်ခွဲ ထည့်ပေးပါ။ စတင် စိုက်သည်နှင့် ပထမတကြိမ် ထည့်ပေးပြီး မိုးရာသီ ကုန်ခါနီး အချိန်တွင် ဒုတိယအကြိမ် ထည့်ပေးပါ။ ရေပေးသွင်း နိုင်ပါက ၆ လ တစ်ကြိမ် မြေသြဇာကျွေးခြင်း ပြုလုပ်သင့်ပါသည်။

၅။ ရေပေးသွင်းခြင်း

စတင် စိုက်ပျိုးချိန်မှ အပင်ငယ်လေးများကောင်းစွာ ဖွံ့ဖြိုးလာသည်အထိ မိုးရေဖြင့် မလုံလောက်ပါက ပုံမှန် ရေပေးသွင်းသင့်သည်။ ပန်းပွင့်ချိန်နှင့် အသီး ကြီးထွားလာချိန် များတွင်လည်းခြောက်သွေ့သော ကာလများ ဖြစ်နေပါကရေလုံလောက်စွာ ရရှိရန် လိုအပ်ပါသည်။

၆။ ပေါင်းကာကွယ် နှိမ်နှင်းခြင်း

အပင်ခြေ အနားတဝိုက်တွင် ပေါင်းမြက်များ ကင်းစင်နေစေရန် ပေါင်းရှင်းပေးရမည်။ စိုက်ပြီးချိန်မှ စ၍ အနည်းဆုံး ၃ နှစ်မှ ၄ နှစ်အတွင်း ပုံမှန် ပြုလုပ်ပေးရပါမည်။ ပေါင်းပင်များကို အပင်ပတ်ပတ်လည်တွင် စုပုံထားပြီးနောက် mulch (သီးနှံပင် အကြွင်းအကျန်များဖြင့် မြေကြီးကို အစိုဓါတ် ထိန်းပေးရန်နှင့် ပေါင်းစေ့များ ရှင်သန်ပေါက်ရောက်မူကို ကာကွယ်ရန်) အနေဖြင့် အသုံးပြုနိုင်ပါသည်။

၇။ ကိုင်းဖြတ်ပေးခြင်း

မြေပြင်မှ ၂-၃ မီတာ (၆-၁၂ ပေ)ခန့် အကွာတွင် ရှိသောပင်စည်ကို ဖြတ်ပေးခြင်းဖြင့် မျိုးစေ့စိုက် ပိန္နဲပင်များဧ။် အပင်အမြင့်ကို ပုံသွင်းပေးနိုင်ပါသည်။ အကိုင်းအခက်များ ဖြစ်ပေါ်လာပြီးအကိုင်း ၄ (သို့) ၅ ကိုင်း ညီညီညာညာ ဖြာထွက်လာနိုင်စေရန် ပင်မ ပင်စည်ကို အစောပိုင်းကာလတွင် ခုတ်ဖြတ်ပေးနိုင်သည်။

အလင်းရောင်ကောင်းစွာ ရရှိရန်၊ လေဝင်လေထွက်ကောင်းစေရန်နှင့် ရောဂါ၊ ပိုးမွှားများ ကျရောက်မူကို တားဆီးနိုင်ရန် သန်စွမ်းမူ မရှိသော သစ်ကိုင်းများ၊ ရောဂါကျရောက်နေသော သစ်ကိုင်းများနှင့် တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိသော သစ်ကိုင်းများကို ဖယ်ရှားသင့်သည်။

၈။ သီးညှပ် စိုက်ပျိုးခြင်း

ပိန္နဲပင်တန်းကြားများရှိ နေရာလွတ်များကို တစ်နှစ်ခံပင်နှင့် နှစ်ရှည်ခံ သီးညှပ်ပင်များ စိုက်ပျိုး ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် သံပုရာ၊ ငှက်ပျော၊ နာနတ်၊ ပြောင်း၊ မြေပဲနှင့် အခြားပဲမျိုးစုံ၊ ဟင်းခတ်အမွှေးအကြိုင်ပင်များနှင့် ဟင်းသီးဟင်းရွက်များ၊ စိုက်ပျိုးနိုင်သည်။ ဤကဲ့သို့ စိုက်ပျိုးခြင်းဖြင့် ပေါင်းမြက် ပြဿနာများကိုပြေလည်စေနိုင်သည့်အပြင် လယ်ယာထွက်ကုန်များလည်း မြင့်တက်လာနိုင်စေသည်။ ပဲမျိုးရင်းဝင်ပင်များကိုလည်း စိုက်ပျိုးနိုင်ပါသည်။

၉။ ပိုးမွှားနှင့် ရောဂါကျရောက်မူ ကာကွယ်ခြင်း

ပိန္နဲပင် စိုက်ပျိုးသူသည် စိုက်ပျိုးမည့် အပင်ပေါ်တွင် ကျရောက်လာနိုင်သည့် ပိုးမွှား၊ ရောဂါများကို သိထားရန် လိုအပ်ပါသည်။ အဓိက ကျရောက်သည့် ဖျက်ပိုးများမှာ အညွန့်ထိုးပိုး၊ အသီးထိုးပိုးနှင့် အဖူးထိုးပိုးတို့ ဖြစ်သည်။ အညွန့်ထိုးပိုးသည် ဥပေါက်ပြီး ပိုးလောင်းဘဝတွင် အဖူးများ၊ အညွန့်နုများနှင့် အသီးများကို ထိုးဖောက်ဖျက်ဆီးသည်။ အဖူးထိုးပိုးသည် ပိုးလောင်းဘဝတွင် အဖူးအနုများနှင့် အသီးများကို ထိုးဖောက်စားပြီး အရွယ်ရောက်လာသော အခါတွင် အရွက်များပေါ်တွင် ထိုးဖောက်စားသည်။ ဖျက်ပိုးများ မဝင်ရောက်နိုင်ရန် အသီးများကို ငယ်ရွယ်စဉ်တွင် ပလပ်စတစ်အိတ်များဖြင့် စွပ်ထားပေးပါ။ ကြွေကျနေသော အသီးများ၊ အမှည့်လွန်အသီးများနှင့် ပိုးထိုးထားသော အသီးများကို စုဆောင်း၍ မြေမြုပ်ပစ်သင့်ပါသည်။

မှိူတစ်မျိုးဖြစ်သော Rhizopusartocapi ကြောင့် ဖြစ်သည့် အသီးပုပ်ရောဂါနှင့် ပင်စည်ပုပ်ရောဂါ သည် ပြင်းထန်သော မိူရောဂါတစ်မျိုး ဖြစ်သည်။ ပန်းခိုင်များနှင့် အညွန့်များ၏ ထိပ်ဖျားများတွင် ရောဂါလက္ခဏာ များကိုတွေ့ရတတ်သည်။ ပန်းခိုင်များသည် အနက်ရောင်ပြောင်းသွားပြီး ပုပ်ကာကြွေကျ သွားသည်။ အခြားရောဂါတစ်မျိုးမှာCorticiumsalmonicolor မိူကြောင့် ဖြစ်သည့် pink limb blight ရောဂါဖြစ်ပြီး ရာဘာ၊ သံပုရာ၊ သရက်၊ ဒူးရင်း၊ ကော်ဖီနှင့် ကိုကာပင်များတွင်လည်း ကျရောက်ဖျက်ဆီးလေ့ရှိသည်။ ကာကွယ်နှိမ်နှင်းခြင်းအနေဖြင့် ရောဂါကျရောက်နေသောအစိတ်အပိုင်းများနှင့် အသီးကြွေများကို စုဆောင်း၍ ဖယ်ရှား ရှင်းလင်းပေးရမည်။

၁၀။ အသီး ခူးဆွတ်ခြင်း

အသီးနုများကို ဟင်းသီးဟင်းရွက်အနေဖြင့် ချက်ပြုတ်စားသုံးရန်အတွက် အသီး စတင်ဖြစ်ပြီးနောက် ၂ လ (သို့) ၃ လ ကြာချိန်၊ အစေ့များ ရင့်မာလာချိန်တွင် ခူးဆွတ်နိုင်ပါသည်။ ရင့်မှည့်သော အသီးများ ခူးဆွတ်ရာတွင် အောက်ပါအချက်များပေါ် အခြေခံ၍ ခူးနိုင်ပါသည်။

(၁) လက်ဖြင့် ပုတ်ကြည့်ပါက ဂလိုင်သံကြားချိန်၊

(၂) အသီးခွံ အရောင်သည် အစိမ်းဖျော့ရောင်မှ စိမ်းဝါရောင် (သို့) ဝါညိုရောင် ပြောင်းလဲသွားချိန်၊

(၃) စူးရှသောအနံ့ ထွက်ပေါ်လာချိန်၊

(၄) အသီးခွံပေါ်ရှိ ဆူးများ ကျဲသွားချိန်၊ များတွင် ခူးဆွတ်နိုင်ပါသည်။

ထို့နောက် အသီးထိပ်ရှိ ရိုးတံကို ဓားဖြင့် ဖြတ်တောက်ပြီး အသီးကိုလှဲထားပါ။

ဘာသာပြန်- ရတနာခင်လတ်

ကိုးကားစာတမ်းများ (References)

Agriculture and Fisheries Information Service (AFIS). n.d. Jackfruit. Department of Agriculture. Retrieved October 12, 2010 from http://www.da.gov.ph/tips/jackfruit.pdf.

Morton, J. 1987. Jackfruit. In: Fruits of warm climates. pp. 58-64. Retrieved October 12, 2010 from http://www.hort.purdue.edu/newcrop/morton/jackfruit_ars.html (updated 10/12/110).

Quisumbing, Q. 1978. Medicinal Plants of the Philippines. Katha Publishing Co., Inc. pp. 228-230.
Southampton Center for Underutilized Crops (SCUC). 2006. Jackfruit Artocarpusheterophyllus, Field Manual for Extension Workers and Farmers, SCUC, Southampton, UK. Retrieved October 10, 2010 from http://www.scribd.com/doc/20042510/Jackfruit-Manual-pdf.

စန်းလွင်

စန်းလွင်

လွန်ခဲ့သော ၁ နှစ် က

,ပိန်းနဲချိုအောင်ဘာကြွေးရလဲဗျ

Kanar Tharlay

Kanar Tharlay

လွန်ခဲ့သော ၃ နှစ် က

ပိန်းနဲပင်ဘယ်စိုက်လဲ

သီဟ​အောင်

သီဟ​အောင်

လွန်ခဲ့သော ၅ နှစ် က

မိုကိုဘယ်လိုကာကွယ်ရမလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 5 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။