လိုင်ချီးပင် စိုက်ပျိုးနည်း
လိုင်ချီး၏ မူလပေါက်ရောက်ရာဒေသမှာ တရုတ်ပြည်ဖြစ်ပါသည်။ မြန်မအမည်မှာ လိုင်ချီးသီး ဟု ခေါ်ဝေါ်ကြသည်။ မျိုးရင်းမှာ SAPINDACEAE မျိုးရင်းတွင် ပါဝင်ပါသည်။
၁။ စိုက်ပျိုးသည့်ဒေသ
ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပါသည်။
၂။ ရေမြေ ရာသီဥတု
မြေသြဇာကောင်းသည့် မြေပွ၊ သဲနုန်းမြေကိုကြိုက်နှစ်သက်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပါသည်။
၃။ မြေပြုပြင်နည်း
လိုင်ချီးပင်များကို ရေအလွယ်တကူရနိုင်သည့် မြစ်ချောင်းကမ်းဘေးများတွင် စိုက်ပျိုးသင့်သည့်အတွက် မတ်လ၊ ဧပရယ်လများတွင် ပေါင်းမြက်ရှင်းလင်း၍ တစ်ပင်နှင့်တစ်ပင် ၂၅ပေ အကွာ ကျင်းများကို သုံးပေပတ်လည်တူး၍ ကျင်းအတွင်းသို့ သစ်ရွက်မြေဆွေးနှင့် အပေါ်ယံမြေ ဆတူရော၍ ပြန်လည်ဖုံးထားပေးပါ။ တစ်ဧကတွင် ၆၉ပင် လိုအပ်ပါသည်။
၄။ ပျိုးထောင်နည်း၊ မျိုးပွားနည်း
လိုင်ချီးပင်များကို အစေ့မှပျိုးထောင်သောအပင်ကြီးများမှ အထနှေးသဖြင့် အသီးမြန်သည့် မြေထုပ်စည်း မျိုးပွားနည်း (Gootee or Air-layering) ကို အများဆုံးအသုံးပြုပါသည်။ မိုးဦးလေဦးချိန်များ ဖြစ်သည့် မေလ၊ ဇွန်လများတွင် ၀.၅လက်မခန့် လုံးပတ်ရှိသည့် ကိုင်းများကိုရွေးချယ်ပြီး မြေထုပ်စည်းကာ အမြစ်များ ကောင်းစွာထွက်လာပါက သြဂုတ်လအတွင်းတွင် အောက်ခြေမှဖြတ်၍ မျိုးအိတ်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ ၎င်းပျိုးပင်များကို ကိုးလအကြာ နောင်နှစ် မိုးဦး ဇွန်လတွင် ထာဝရစိုက်ကွက်သို့ ပြောင်းရွှေ့စိုက်နိုင်ပါသည်။
၅။ စိုက်ပျိုးနည်း
အသင့်ပြုလုပ်ထားသည့် စိုက်ကျင်းများသို့ လိုင်ချီးပင်များကို သယ်ဆောင်လာပြီး ပလတ်စတစ်အိတ်ကို ခွာပြီးမှ စိုက်ကျင်းတွင်စိုက်ပျိုးပါ။ စိုက်ပျိုးပြီးလျှင် ရေလောင်းပေး၍ ပင်ခြေပတ်လည် မြေကျပ် စေရန်ဆောင်ရွက်ရမည်။
၆။ မြေသြဇာကျွေးနည်း
လိုင်ချီးပင်တစ်ပင်လျှင် သဘာဝမြေသြဇာများဖြစ်သည့် နွားချေး၊ သစ်ဆွေး၊ မြေဆွေး တစ်တင်းနှုန်းထည့်ပေးပါ။ လိုင်ချီးသီးသည် ပိုတက်ရှ် မြေသြဇာ အထူးလိုအပ်သည့်အတွက် စိုက်ကျင်းများတွင် သုံးအောင်စစီ ထည့်ကျွေးသင့်ပါသည်။ အပင်ကြီးများတွင် ယူရီးယားမြေသြဇာ ခြောက်အောင်စ၊ တီစူပါမြေသြဇာ ရှစ်အောင်စနှင့် ပိုတက်ရှ်မြေသြဇာ ခြောက်အောင်စနှုန်း ရောစပ်၍ ပင်ခြေမှ ငါးပေအတွင်း ညီညာစွာ ကျွေးပေးပါ။
၈။ အပင်ပြုစုနည်း
လိုင်ချီးပင်ကလေးများကို ငယ်ရွယ်စဉ်အခါကစ၍ စနစ်တကျပြုပြင်ပေးရန် လိုပါသည်။ ပင်စည်အမြင့် သုံးပေထား၍၎င်းမှ ကိုင်းပွားပေးပါ။ အလယ်တွင် အလင်းရောင် ရရှိစေရန်အတွက် ဆောင်ရွက်ပါ။ အပေါ်သို့ ထိုးထွက်သွားသည့်ကိုင်းများကို ဆောင်းရာသီတွင် ဖြတ်ပေးပါ။
၇။ ပိုးမွှားရောဂါများ
လိုင်ချီးပင်များတွင် ပင့်ကူနီများနှင့် ချိတ်ပိုးများ ကျရောက်ဖျက်ဆီး တက်သည့်အတွက် (ထုံးကန့်) ဆေးရည်ကို ပက်ဖျန်းပေးပါ။ လိုင်ချီးပင်များတွင် အရွက်ကိုင်းများ၌ ရွက်ပြောက်ရောဂါများ ကျရောက်သည်ကို တွေ့ရပါသည်။ ၎င်းကို ကော့ပါးပါသည့် ဆေးများဖြင့် ပက်ဖျန်း နှိမ်နင်းနိုင်ပါသည်။
၈။ အသီးဆွတ်ခူးခြင်းနှင့် သိုလှောင်ခြင်း
လိုင်ချီးသီးများကို အနီရောင်သမ်းလာသည့်အချိန်၌ အသီးများကို အခိုင်လိုက်ဖြတ်ယူပါသည်။ တစ်ခိုင်လျှင် အသီး ၁၀လုံးမှ ၁၅လုံး ရှိနိုင်ပါသည်။ အသီးများကို သိုလှောင်ချိန်ကြာသွားပါက အသီးခွံ ခြောက်သွေးခြင်း၊ အရောင်မည်းခြင်း၊ ပုပ်ခြင်းများ ဖြစ်နိုင်သည်။ ထိုကြောင့် တစ်နေရာမှ တစ်နေရာ သယ်ဆောင်ရာတွင် အင်ဖက်ကဲ့သို့ ဖက်စိမ်း သို့မဟုတ် ရေငွေ့ထိန်းနိုင်သော ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးထားသင့်ပါသည်။
သစ်သီးဝလံ စိုက်ပျိုးနည်း စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ပပ
လွန်ခဲ့သော ၁ ပတ် က@saw Blu wah
ဦးခင်မောင်ဌေး
လွန်ခဲ့သော ၃ နှစ် ကလိုင်ခဖီးသီး၏အဟာရပါ၀င်မှုနှင့်ကျန်းမာရေးအတွက်အကျိုးပြုပုံလေးသိချင်ပါတယ်
အောင်ကျော်ဇော
လွန်ခဲ့သော ၄ နှစ် ကအလယ်ပိုင်တိုင်းမှာစိုက်လို့ရလား ထီလာမှာစိုက်လိုရလား
Win Naing
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့
Win Naing
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026