ခွေးလှေးယားပင် စိုက်ပျိုးနည်း
ခွေးလှေးယားသီး ပုံပန်းသဏ္ဍာန်မှာ သန်စွမ်းသည့် နှစ်ချင်း သီးပင်ဖြစ်ပြီး (တခါတရံ၂နှစ်ခံပင်) ချုံနွယ်ပင်မျိုးဖြစ်၍ အမြင့်ပေမှာ (၁၈)မီတာခန့်ရှိကာ အရွက်ပုံစံမှာ ရွက်မွှာ(၃)ခု ပါရှိသည်။ သီးတောင့်မှာ အရှည် ၄-၁၃ စင်တီမီတာနှင့် လုံးပတ် ၁-၂ စင်တီမီတာ ရှိသည်။ (S) ပုံသဏ္ဍာန်ရှိ၍ အမွှေးများ ပါရှိသည်။ အမွှေးများတွင် အရေပြားကို ယားစေသည့် Mucunain ဓာတ်ပါဝင်၍ သီးတောင့် အတွင်း ဘဲဥရှည်ပုံ ရှိ၍ အစေ့(၇)စေ့ ပါဝင်လေ့ ရှိသည်။ အစေ့ အရောင်မှာ အဖြူ၊ အညို မှ အနက်ရောင်ရှိပြီး အစေ့(၁၀၀) အလေးချိန်မျာ ၅၅ မှ ၈၅ဂရမ် ရှိပါသည်။
ခွေးလျားသီးသည် မျိုးရင်း Fabaceae တွင် ပါဝင်ပြီး သိပ္ပံအမည်- Mucunapruriers၊ အင်္ဂလိပ် အမည်မှာ Velvet hear or cowhage။
၁။ မြေအမျိုးအစား
ရေစိမ့်ဝင်မှုကောင်းပြီးမြေဆီသြဇာ အသင့်အတင့်မှ ကောင်းမွန်သော မြေမျိုးကို ပိုမို နှစ်သက်ပြီး သဲဆန်သော မြေအမျိုးအစားတွင်လည်း ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ၅ မှ ၈ အတွင်း ဖြစ်ထွန်းနိုင်သည်။
၂။ ရာသီဥတုိ
ပူအိုက် စွတ်စိုသော ရာသီဥတုကို နှစ်သက်ပြီး မိုးရေချိန် ၁၀၀၀-၂၅၀၀ မိလီမိတာရရှိသော ဒေသတွင် ကောင်းစွာ ဖြစ်ထွန်းပြီး မိုးရေချိန် ၄၀၀ မီလီမီတာ (၁၅ လက်မခွဲ) အောက်ဒေသများတွင်လည်း ဖြစ်ထွန်းနိုင်သည်။ ရေငတ်ဒဏ် ခံနိုင်သော်လည်း ရေဝပ်ဒဏ်ကို ခံနိုင်ရည် မရှိပါ။ ဆီးနှင်း ကျရောက်မှုကို ခံနိုုင်ရည် မရှိပါ။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၀မှ ၁၆၀၀ မီတာ အတွင်း ဖြစ်ထွန်းပြီး ၂၀၁၀၀ မီတာ အထိ ဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံး အပူချိန်မှာ ၁၉မှ ၂၇ ဒီဂရီ စင်တီဂရိတ် အတွင်း ဖြစ်၍ အလင်းရောင်ကောင်းစွာ ရရှိခြင်းကို ကြိုက်နှစ်သက်သည်။
၃။ မျိုးပွားခြင်း
နေ့တာတိုခြင်းကို တုန့်ပြန်မှု ရှိသည်။ ညအပူချိန် မြင့်မားခြင်းသည် (၂၀ ံC) ပန်းပွင့်ခြင်းကို အားပေး၍ ပန်းပွင့်ချိန် နှင့်မျိုးစေ့ ရင့်မှည့်ချိန်ကြား ကာလသည် ရှည်လျားပြီး ပန်းစပွင့်ပြီး (၂-၃) လကြာမှသာ သီးတောင့် စတင် ရင့်မှည့်သည်။
၄။ မြေသြဇာကျွေးခြင်း
ဖော့စဖိတ် ပါဝင်မှု နည်းသောမြေတွင် ဖြစ်ထွန်းနိုင်မှု ရှိသော်လည်း ဖော့စဖိတ် မြေသြဇာကျွေးခြင်းကို တုန့်ပြန်မှု ရှိသည်။
၅။ ပိုးမွှားရောဂါ
ပိုးမွှားရောဂါကျရောက်မှု အနည်းငယ်သာရှိသည်။
၆။ အာဟာရဓာတ်
ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် နှင့် သံဓာတ်ပါဝင်မှု မြင့်မားပြီး အစာ စားချင်စိတ် ပါဝင်မှုကို ဖြစ်ပေါ်စေသော လိုင်စင်းဓာတ် ပါဝင်၍ ပြုပြင် စီမံ ထားခြင်းမရှိသော အသီး၊ အစေ့သည် လူနှင့် စားမြုံ့မပြန်သော တိရစ္ဆာန်များကို အဆိပ်သင့်စေနိုင်သည်။ အဆိပ်သင့်စေသည့် ဒြပ်ပေါင်းမှာ Non-Protein Amino Acid L-dopa ဖြစ်ပြီး အစေ့တွင်းတွင် ၂%-၇% ပါဝင်သည်။
၇။ အထွက်နှုန်း
မိုးရွာသွန်းမှုပေါ် မူတည်၍ ၁၂၀၀-၄၈၀၀ ပိဿ/ဧကထွက် ထွက်ရှိနိုင်သည်။ အစေ့အနေဖြင့် ပန်းစပွင့်ပြီးရက် ၁၀၀ မှ ၂၈၀ရက်တွင် ရင့်မှည့်သည်။ ၄၉- ၄၉၀ ပိဿ/ဧက ထွက်ရှိနိုင်သည်။ ရင့်မှည့်မှု ညီညာခြင်း မရှိပါ။
၈။ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ
(၁) ဖြစ်ထွန်းမှု လျင်မြန်သည်။ စိုက်ပျိုးရ လွယ်ကူသည်။
(၂) ပိုးမွှား ရောဂါကျရောက်မှု နည်းပါးသည်။
(၃) မြေကို အထူး ပြုပြင်ရန် မလို။
(၄) မြေဆီသြဇာ ထက်သန်ကောင်းမွန်စေသည်။
(၅) ပေါင်းမြက် ထူထပ်သောမြေများကို ပြန်လည် ကောင်းမွန်စေသည်။
(၆) အစာခြေဖျက်မှု ကောင်းပြီး သတ္တုဓာတ် ပါဝင်မှုများသည်။
(၇) တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်သည်။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်
Source- စိုက်ပျိုးရေး ဦးစီးဌာန
Ko Khant
လွန်ခဲ့သော ၄ နှစ် ကခွေးလယားသီး စျေးကွက်က ဘယ်မှာတင်သွင်းရမလဲဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020