ပဲပိစပ်စိုက်ပျိုးနည်း
ပဲပိစပ်ကို အဓိအားဖြင့် ပုန်းရည်ကြီးလုပ်ရာမှာ အသုံးပြုကြပါတယ်။ တချို့ကတော့ ပဲပိစပ်ကို ပဲပုပ်နဲ အတူတူပဲလို့ လွဲမှားတဲ့မှတ်ယူမှုများလည်းရှိကြပေမယ့် ပဲပိစပ်ကို ဆီအဖြင့်ကြိတ်လို့မရတာမို့ ပဲပိစပ်နဲ့ပဲပုပ်မတူဘူးဆိုတာလေးလည်း သိစေချင်ပါတယ်ဗျ။ ပဲပိစပ်ကို အစေ့ထုတ်ယူဖို့သာမကပဲ တိရစ္ဆာန်စာအတွက်ပါ စိုက်ပျိုးနိုင်လို့ စိုက်ပျိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ဗျ။
ရာသီဉတုအမျိုးအစား
ပဲပိစပ်က ခြောက်သွေ့တဲ့ရာသီဥတုကို ကြိုက်နှစ်သက်လို့ အပူပိုင်းနဲ့ အပူသမပိုင်းဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့ကြောင့် မိုးနည်းတဲ့ အညာဒေသပိုင်းတွေမှာ အများဆုံးစိုက်တာကို တွေ့ရပါတယ်။နှစ်စဉ်မိုးရေချိန် (၅၀၀ -၇၀၀)မီလီမီတာသာ လိုအပ်ပြီး အပူချိန်အားဖြင့်လည်း (၂၀-၃၄) ဒီဂရီစင်တီဂရိတ် အထိစိုက်ပျိုးနိုင်ပါတယ်။
မြေအမျိုးအစား
ပဲပိစပ်ကို မြေအမျိုးအစား အမျိုးမျိုးမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ အသင့်တော်ဆုံးမြေတွေကတော့ နုန်းမြေ၊မြေနီ၊စနယ်မြေနက်တို့ဖြစ်ပြီး ကျောက်စရစ်ဆန်တဲ့ မြေတွေမှာတောင် စိုက်ပျိုးနိုင်ပါတယ်။ ဒါ့ပြင် အခြားသီးနှံတွေကို စိုက်ပျိုး၍မရနိုင်တဲ့ မြေညံ့တွေမှာတောင် ပဲပိစပ်ကို စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် အလွန်ချဉ်တဲ့မြေတွေနဲ့ဆားပေါက်တဲ့မြေတွေမှာတော့ စိုက်ပျိုးလို့မရနိုင်ပါဘူး။
မျိုးစေ့နှုန်းထား
- ၁ဧကကို မျိုးစေ့ (၁၈-၂၀) ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးပါ။
မြေပြင်ခြင်းနဲ့ စိုက်ပျိုးခြင်း
-ပဲပိစပ်စိုက်ပျိုးဖို့မြေကို ထယ်နှစ်ကြိမ်၊ ထွန်နှစ်ကြိမ်ဝင်ပြီး မြေမွနေအောင် ပြုလုပ်ပေးသင့်ပါတယ်။ စိုက်ကွင်းထဲမှာရှိတဲ့ သီးနှံအကြွင်းကျန်တွေနဲ့ ရိုးပြတ်တွေကို ရှင်းလင်းပေးရပါမယ်။
-မြေခံမြေဩဇာအဖြစ် ယူရီးယား (၂၀-၂၂)ကီလိုဂရမ်၊ တီစူပါ (၆၀-၆၅)ကီလိုဂရမ်နှုန်း ထည့်ပေးရပါမယ်။ အခြားသော မြေဆွေး၊သစ်ရွက်ဆွေး၊နွားချေးများလည်းထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။
-စိုက်နည်းစနစ်ပေါ်မူတည်ပြီး စိုက်ကြောင်းနဲ့ စိုက်မည်ဆိုပါက တစ်တန်းနဲ့ တစ်တန်း (၁)ပေခြား၍ စိုက်ကြောင်းများ ပြုလုပ်ရပါမယ်။
-အများအားဖြင့် ကြဲပက်၍သော်လည်း၊ကြောင်းဆွဲ၍သော်လည်းစိုက်ပျိုးလေ့ရှိကြပါတယ်။ ကြဲပက်၍စိုက်ပျိုးမည်ဆိုပါက မျိုးစေ့များကို ညီညာစွာကြဲပက်၍ ထွန်ဖြင့်မွှေကာ မြေဖုံးပေးရပါမယ်။
-စိုက်ကြောင်းဖြင့် စိုက်မည်ဆိုပါကမြေအနက်(၂)လက်မထား၍ တန်းကြား(၁)ပေ၊ပင်ကြား(၄)လက်မဖြင့် စိုက်ပေးရပါမယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာစတင် စိုက်ပျိုးနိုင်ပါတယ်။
ရေသွင်းခြင်းနဲ့ ပေါင်းနှိမ်နင်းခြင်း
-ပဲပိစပ်က ခြောက်သွေ့တဲ့ရာသီဥတုကို ကြိုက်တယ်ဆိုပေမယ့် အစေ့အဆံအရည်အသွေးကောင်းဖို့အတွက် ရေအစိုဓာတ်ရှိနေဖို့တော့လိုတယ်ဗျ။ လုံလောက်တဲ့အစိုဓာတ်မရှိရင် အစေ့သေးတာတို့၊ အပွင့်ကြွေတာတို့ ဖြစ်တတ်ပါတယ်။
-ဒါ့ကြောင့် ရေကိုပုံမှန်သွင်းပေးဖို့လိုပြီး အစေ့ချစိုက်ပြီးနောက်ချက်ချင်းပဲ ရေပါးပါးတစ်ကြိမ်သွင်းပေးရပါမယ်။ နောက်(၃)ရက်ကြာရင် ဒုတိယတစ်ကြိမ်ရေထပ်ပေးဖို့လိုပါမယ်။
-စိုက်ခင်းခြောက်သွေ့သွားချိန်မှာလည်းရေသွင်းပေးဖို့လိုပြီး ပန်းပွင့်ချိန်နဲ့ သီးတောင့်တည်ချိန်မှာတော့ ရေသွင်းပေးဖို့ အထူးလိုအပ်ပါတယ်။
-ပေါင်းနှိမ်နင်းခြင်းကိုလည်း ပြုလုပ်ပေးရပါမယ်။ အစောပိုင်းပေါင်းနှိမ်နင်းရန် စိုက်ပြီး (၃-၄)ရက်အတွင်းမြေအစိုဓာတ်ရှိစဉ် Basalin သို့မဟုတ် pendamethalin ပေါင်းသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးနိုင်ပါတယ်။ စိုက်ပြီး ၃ပတ်လောက်အကြာမှာတော့ ကြားပေါင်းလိုက်ပေးရပါမယ်။
ကျရောက်တတ်သောပိုးမွှားနှင့်ရောဂါများ
-ပျများ၊ယင်ဖြူများ၊ရွက်စားခူများ၊နှံကောင်များ ကျရောက်တတ်ပြီး ၎င်းတို့ကိုကာကွယ်ရန် Diemethoate,Phosphomidan ဆေးများကို အညွှန်းစာအတိုင်းဖျန်းပေးပါ။
-အဝါရောင်မိုစေ့ရောဂါ၊ ရွက်လိပ်ရောဂါ၊ ရွက်တွန့်ရောဂါများလည်း ကျရောက်တတ်ပါတယ်။
-အမြစ်ပုပ်ရောဂါ၊ဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ဖားဉဖိုရောဂါများလည်း ကျရောက်တတ်ပြီး ၎င်းတို့ကိုကာကွယ်ရန် Bavistin ဖျန်းပေးနိုင်ပါတယ်။
ခူးဆွတ်ရိတ်သိမ်းခြင်း
-ပဲပိစပ်ကို စိုက်ပြီးနောက်ရက်ပေါင်း (၈၀-၁၀၀)အကြာမှာ ခူးဆွတ်နိုင်ပါပြီဗျ။ တစ်နည်းအားဖြင့် သီးတောင့်အစိမ်းရောင်မှ ကောက်ရိုးရောင်ပြောင်းလာရင်လည်း ခူးဆွတ်နိုင်ပြီလို့ မှတ်ထားနိုင်ပါတယ်။ရိတ်သိမ်းပြီးနောက် (၂-၃)ရက်ကြာအခြောက်ခံပြီး နွားဖြင့်နယ်ပြီး အစေ့ထုတ်နိုင်ပါတယ်ဗျ။
Ref, https://www.agrifarming.in/horse-gram-farming#:~:text=Seed%20Sowing%20in%20Horse%20Gram,are%20not%20having%20good%20quality.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
linn htet aung
လွန်ခဲ့သော ၅ နှစ် ကမျိုးဝယ်ချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး