အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှမ်းနံနံ(သို့)ကုလားနံနံစိုက်ပျိုးနည်း

ရှမ်းနံနံ(သို့)ကုလားနံနံစိုက်ပျိုးနည်း

 

ဒီတစ်ခါတော့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ ရှမ်းနံနံစိုက်ပျိုးနည်းလေးကို မျှဝေပေးချင်ပါတယ်ဗျ။ ရှမ်းနံနံက နှင်းဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည်မရှိလို့ ဆောင်းအကုန်နွေအကူး ဖေဖော်ဝါရီလအစောပိုင်းလောက်မှာ စိုက်ပျိုးသင့်ပါတယ်။

ရာသီဥတု

_ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ကြပါတယ်။

မြေအမျိုးအစား

_ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးမှာ စိုက်ပျိုးလို့ရပေမယ့် အသင့်တော်ဆုံးကတော့ လေဝင်နဲ့ရေထွက်ကောင်းပြီး သဲဆန်တဲ့နုန်းမြေမှာ စိုက်ပျိုးသင့်ပါတယ်ဗျ။

_စိုက်ပျိုးမယ့်မြေထဲကို အပင်အတွက် အာဟာရဓာတ်ကောင်းကောင်းရစေဖို့ မြေဆွေး(သို့)သစ်စိမ်းမြေသြဇာထည့်ပေးသင့်ပါတယ်။

စိုက်ပျိုးခြင်း

_အများအားဖြင့်တော့ အစေ့ကနေစိုက်ပျိုးလေ့ရှိကြပါတယ်။

_စိုက်ပျိုးတဲ့အခါမှာ အစေ့ကိုတိုက်ရိုက်ချပြီး စိုက်ပျိုးလို့ရသလို ပျိုးထောင်ပြီးမှ ပြောင်းရွှေ့စိုက်ပျိုးလို့လဲရပါတယ်။

_ပြောင်းရွှေ့စိုက်ပျိုးမယ်ဆိုရင်တော့ အစေ့တွေကိုပျိုးပြီး (၆-၈) ပတ်အကြာမှာ ပြောင်းရွှေ့စိုက်လို့ရပါပြီ။

_ပင်ကြားက (၄)လက်မဖြစ်ပြီး တန်းကြားကတော့ (၆)လက်မပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

_အရွက်ကိုယူမှာဖြစ်လို့ အပင်ပိုင်းကြီးထွားမှုကောင်းစေဖို့ ပန်းခိုင်တွေကို သင်းပေးပါ။

_အပင်တွေကို အရိပ်ရအောင်လုပ်ပေးခြင်းဖြင့် အရွက်တွေကို ကြီးထွားသန်မာစေပါမယ်။

_ပေါင်းမြက်ကင်းစင်ဖို့နဲ့ အစိုဓာတ်ထိန်းပေးဖို့ မြေဖုံးခြင်း(mulching)လုပ်ပေးသင့်ပါတယ်။

_မြေကြီးရဲ့အစိုဓာတ်ကို အမြဲထိန်းထားရမှာဖြစ်ပြီး ရေလွှမ်းသွားတာမျိုးတော့မဖြစ်ပါစေနဲ့။

ရိတ်သိမ်းခြင်း

_စိုက်ပျိုးပြီး (၁၀)ပတ်အကြာမှာ ရိတ်သိမ်းလို့ရပါပြီဗျ။

ကဲ မွှေးကြိုင်ပြီး စားချင်သဖွယ်ကောင်းတဲ့ ဟင်းတွေဖြစ်စေဖို့ ရှမ်းနံနံကိုစိုက်ပျိုးကြပါစို့လားဗျာ။

ထွန်းရာဇာ

ကိုသန့်ဇင်

ကိုသန့်ဇင်

လွန်ခဲ့သော ၁ လ က

အပင်ပေါက်ပြီးရင်အစာ ကဘယ်ရက်စကျွေးသင့်လဲ

ကိုသန့်ဇင်

ကိုသန့်ဇင်

လွန်ခဲ့သော ၁ လ က

အပင်ကြီးထွားစေဖို့ကဘယ်ဓါတ်ဆားသုံးလို့အဆင်ပြေလဲဗျ

Thet Myo Oo

Thet Myo Oo

လွန်ခဲ့သော ၄ နှစ် က

အပင်ကြီးထွားမှုမြန်​အောင် ဘယ်လို​စောက်​​ရှောက်ရလဲ

မောင်ဝင်းဌေး

မောင်ဝင်းဌေး

လွန်ခဲ့သော ၅ နှစ် က

ကျတော်လည်းလေ့လာချင်ပါတယ်

မောင်ဝင်းဌေး

မောင်ဝင်းဌေး

လွန်ခဲ့သော ၅ နှစ် က

နွေပိုင်းစိုက်ရင်ရေမပေးလညအးရလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 5 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။