နဂါးမောက်စိုက်ပျိုးခြင်း - ဦးကျော်နိုင် (အပိုင်း ၃/၅)
ကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။
စီးပွားဖြစ်စိုက်ပျိုးခြင်း ။ ။ နဂါးမောက်ပင်သည် အခြားသော မျိုးနွယ်တူ ရှားစောင်းပြသာဒ်၊ ပဒုမ္မာပင်များ နှင့် မတူဘဲ မိုးရေချိန် လက်မ (၂၀) မှ လက်မ(၈၀)ခန့် လိုအပ်ပါသည်။ အလွန်အမင်း မိုးများပါက အပွင့်များ ကြွေကျခြင်း၊ အသီးငယ်များ ပုပ်၍ ကြွေကျခြင်းများ ဖြစ်နိုင် ပါသည်။ အသင့်တော်ဆုံး ရေမြေ သဘာဝကို အသေးစိတ် ရှင်းလင်း ဖော်ပြထားပါသည်။
မြေအမျိုးအစားကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။
စီးပွားဖြစ်စိုက်ပျိုးခြင်း ။ ။ နဂါးမောက်ပင်သည် အခြားသော မျိုးနွယ်တူ ရှားစောင်းပြသာဒ်၊ ပဒုမ္မာပင်များ နှင့် မတူဘဲ မိုးရေချိန် လက်မ (၂၀) မှ လက်မ(၈၀)ခန့် လိုအပ်ပါသည်။ အလွန်အမင်း မိုးများပါက အပွင့်များ ကြွေကျခြင်း၊ အသီးငယ်များ ပုပ်၍ ကြွေကျခြင်းများ ဖြစ်နိုင် ပါသည်။ အသင့်တော်ဆုံး ရေမြေ သဘာဝကို အသေးစိတ် ရှင်းလင်း ဖော်ပြထားပါသည်။
မြေအမျိုးအစားကိုယ်တိုင် စိုက်ပျိုးခြင်းရာမှ ရရှိသော အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိစေရန် ပြန်လည် ဝေမျှထားသော ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါသည်။
စီးပွားဖြစ်စိုက်ပျိုးခြင်း ။ ။ နဂါးမောက်ပင်သည် အခြားသော မျိုးနွယ်တူ ရှားစောင်းပြသာဒ်၊ ပဒုမ္မာပင်များ နှင့် မတူဘဲ မိုးရေချိန် လက်မ (၂၀) မှ လက်မ(၈၀)ခန့် လိုအပ်ပါသည်။ အလွန်အမင်း မိုးများပါက အပွင့်များ ကြွေကျခြင်း၊ အသီးငယ်များ ပုပ်၍ ကြွေကျခြင်းများ ဖြစ်နိုင် ပါသည်။ အသင့်တော်ဆုံး ရေမြေ သဘာဝကို အသေးစိတ် ရှင်းလင်း ဖော်ပြထားပါသည်။
မြေအမျိုးအစားနဂါးမောက်ပင်ကို မြေအမျိုးအစား များစွာတွင် ကောင်းမွန်စွာ စိုက်ပျိုးနိုင် ပါသည်။ အရေးကြီး သည်မှာ ရေမဝပ်ရန် ရေစီးကောင်း စေသော သဲနုန်းမြေပွ တွင်ဖြစ်ရန် လိုသည်။ မြေဆွေးများစွာ ပါဝင်သော သဲနုန်းမြေကို နှစ်သက်ပါသည်။ အနည်းငယ် အချဉ်ဓါတ် ပေါက်သော မြေတွင် နဂါးမောက်ပင် စိုက်ပျိုးထား သည်ကိုလည်း တွေ့နိုင် ပါသည်။ စိုက်ပျိုးသူ၏ ဂရုစိုက်မှု၊ ကျွမ်းကျင်မှုကို တည်၍ အနည်းငယ် ဆားဓါတ်ပါသော မြေတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင် ပါသည်။
နဂါးမောက်ပင်ပျိုးခြင်း
နဂါးမောက်ပင်ကို (၁) အစေ့မှ ပျိုးခြင်း၊ (၂) ကိုင်းဖြတ် စိုက်ပျိုးခြင်း ဟူ၍ အဓိက နည်းနှစ်မျိုးဖြင့် စီးပွားဖြစ် စိုက်နိုင်ပါသည်။
အစေ့မှပျိုးခြင်း
အစေ့မှ ပျိုးရာတွင် နဂါးမောက် မိခင်ပင်မှ ရွေးချယ် ထားသော ရင့်မှည့်သည့် အသီးမှ အစေ့ကို ယူရပါမည်။ အစေ့များကို ရေဆေးပြီး သဲနုံးမြေ သို့မဟုတ် သဲနုံး နှင့် မြေဆွေး ရောထားသော မြေတွင် အညှောင့် ပေါက်စေပါ။ မြေကို ရေစွတ်စို နေပါစေ။ အစေ့များသည် (၃-၄)ရက် တွင် အညှောင့်များ စပေါက် လာပါ မည်။ အစေ့များ အညှောင့် ပေါက်ပြီး (၄-၅)ရက် သတ္တပတ် အကြာတွင် အိုးတွင် ထည့်၍ ပျိုးရပါမည်။ အိုးများနှင့် ပျိုးထားသော နဂါးမောက်ပင်ကို (၉)လ (၁၀)လအကြာတွင် မြေချ စိုက်နိုင် ပါသည်။ ဤစနစ်သည် ရိုးရှင်း၍ လွယ်ကူသော်လည်း မူရင်းအပင်၏ အရည်အသွေး မှီအောင် ရရှိနေမှု မသေချာပါ။ ဝတ်မှုန်ကူးခြင်း သဘော သဘာဝ အရ အခြား မျိုးကွဲများနှင့် ရောတတ်ပါသည်။ ထို့အပြင် အစေ့မှ စိုက်ပျိုးခြင်း သည် အချိန်ကြာမှသာ သီးပွင့် ပါသည်။ ငါးနှစ် ခြောက်နှစ် ကြာအောင် အချိန်ယူတတ် ပါသည်။ ကိုင်းဖြတ် စိုက်ပျိုးခြင်း ထက် အချိန်များစွာ ကြာမြင့် ပါသည်။ စီးပွားဖြစ် စိုက်ပျိုးရန် သင့်တော် သောနည်း မဟုတ်ပါ။
ကိုင်းဖြတ်စိုက်ပျိုးခြင်း
အလွယ်ကူဆုံး၊ ဈေးအချိုဆုံး၊ အသင့်တော်ဆုံး မျိုးပွားရန်မှာ ကိုင်းဖြတ် များကို စိုက်ပျိုးခြင်းပင် ဖြစ်ပါသည်။ နဂါးမောက်ပင် သီးပွင့်ပြီး တစ်နှစ် မှ နှစ်နှစ် အကြာ ကိုင်းရင့်ပြီး ချိန်မှ စ၍ ကိုင်းဖြတ် စိုက်ပျိုးနိုင် ပါသည်။

ကိုင်းဖြတ်၍ ပျိုးခြင်းကို တစ်နှစ်ပတ်လုံး ပျိုးနိုင် သော်လည်း အများအားဖြင့် အသီးသီးသော ရာသီကုန် ဆုံးပြီးမှသာ အကိုင်းဖြတ်ခြင်း၊ ပျိုးခြင်း အလုပ်ကို ပြုလုပ် ကြပါသည်။ အဝါရောင် အဖြူရောင် အစရှိသဖြင့် နဂါးမောက်ပင်၏ မူလ သဘာဝ အရောင် အစိမ်းရောင် မဟုတ်သော အကိုင်းများကို ဖြတ်၍ အပင်ပေါက် ပျိုးခြင်း မပြုလုပ် သင့်ပါ။ စိုက်ပျိုးရန် အတွက် ကိုင်းဖြတ်ခြင်းကို နံနက်ခင်းတွင် ပြုလုပ် သင့်သည်။ ကိုင်းဖြတ် စိုက်ပျိုးရန် အတွက် နဂါးမောက် ကိုင်းဖြတ်ရာတွင် အရှည် တစ်ပေမှ တစ်ပေခွဲခန့် ဖြတ်သင့် ပါသည်။ ကိုင်းဖြတ် ရှည်လျှင် ရှည်သလို အမြစ်သစ်များ ထွက်ပေါ်မှု၊ အရွက် နှင့် အတက် ပေါက်မှုများ ပိုမြန်ပါသည်။ အကိုင်းဖြတ် ထဲတွင် သိုလှောင်ထားသော ရေနှင့် အစာကြောင့် ဖြစ်ပါသည်။ အကိုင်းများကို ဖြတ်ရာတွင် အောက်ခြေကို အနည်းငယ် ရွေစောင်း၍ ဖြတ်လေ့ ဖြတ်ထ ရှိပါသည်။ ကိုင်းရင့်များ သည် ကိုင်းနု များထက် ပို၍ အင်းဆက်ပိုး များနှင့် အခြား ဘေးဒဏ်များကို ခံနိုင်ရည် ရှိပါသည်။ ကိုင်းဖြတ်များကို မှိုသတ်ဆေးတွင် တို့ပြီးမှ စိုက်ပါက မှိုရောဂါ ကာကွယ်ရာ ရောက်ပါသည်။ ထို့အပြင် ကိုင်းဖြတ ်များကို အေး၍ ခြောက်သွေ့သော နေရာများတွင် (၅)ရက်မှ (၇)ရက်ခန့် ထားပြီးမှ စိုက်လေ့ ရှိပါသည်။ ကိုင်းဖြတ် များကို စိုက်ကွင်း ထဲတွင် တိုက်ရိုက် စိုက်နိုင် သော်လည်း အရိပ်တွင် ပျိုးအိတ် သို့မဟုတ် အိုးနှင့် မြေဆွေးထည့်၍ အမြစ် ထွက်လာရန် ပျိုးပြီးမှသာ စိုက်လေ့ ရှိပါသည်။
အကိုင်းဖြတ်များမှ အမြစ်ထွက် မြန်စေရန် အမြစ်ပွားသေး သို့မဟုတ် အမြစ်ထွက် စေသော ဟော်မုန်းဆေးတွင် နှစ်ပြီးမှ စိုက်ပါက အမြစ်ထွက် မြန်ပါသည်။ ရက် ၄၀-၅၀ ခန့်ကြာမှ အမြစ်ထွက် သော နဂါးမောက် အကိုင်းဖြတ်သည် ၁၀-၁၅ရက် အကြာတွင် အမြစ် ထွက်လာနိုင် ပါသည်။
အမြစ်ထွက် စေသော ဟော်မုန်းဆေး

နဂါးမောက်ပင် အကိုင်းဖြတ်ကို စိုစွတ်စေပြီး အမြစ်ထွက် စေသော ဟော်မုန်း အမှုန့်တွင် (၁၀) စက္ကန့်ခန့် နှပ်ပြီးမှ စိုက်လျှင် အတက်ထွက်ခြင်း မြန်ပြီး သန်စွမ်းသော အမြစ်ပွားများ (၄)လမှ(၆)လ အတွင်း ထွက်ရှိပါမည်။ အတက်များ သည်လည်း တရက် လျှင် တစ်လက္မခန့် ရှည်ထွက် ပါမည်။ ကိုင်းဖြတ်များကို ခရီးဝေးသို့ တင်ပို့လျှင် ရေစိုသော စက္ကူ သို့မဟုတ် အဝတ်စ နှင့် ရစ်ပတ်၍ ပို့သင့်ပါသည်။ မလိုအပ်သော ရေခြောက်သွေ့ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ကိုင်းဖြတ် စိုက်ပျိုး ထားသော ပျိုးပင်ပေါက် အိုးများကို ရေအနည်းငယ် လောင်းပေး နိုင်သော်လည်း ရေဝပ်၍ အပင်ပုပ်ခြင်း မဖြစ်စေရန် ဂရုစိုက်ရ ပါမည်။ နဂါးမောက် ပျိုးပင်များ၏ အမြစ်များသည် ပျိုးအိတ် သို့မဟုတ် အိုး၏ အောက်ခြေမှ ဖောက်ထွက်၍ မြေသို့ စိုက်ဝင်ပြန့်ပွား လာနိုင် ပါသဖြင့် ပျိုးပင်များ မြေချရန် အချိန်မှာလည်း အရေးကြီးပါသည်။ ပျိုးပင်များကို အမြင့်ခုံတွင် တင်ထားခြင်း၊ အမာခံ မျက်နှာပြင် ပေါ်တွင် တင်၍ စိုက်ပျိုးသင့် ပါသည်။ နဂါးမောက်ပင်ကို ကိုင်းကူး ကိုင်းဆက်ခြင်း နည်းဖြင့် မျိုးပွား နိုင်သော်လည်း အများအားဖြင့် လွယ်ကူ ရိုးရှင်းသော ကိုင်းဖြတ် စိုက်ပျိုးခြင်း နည်းကိုသာ သုံးပါသည်။ ကိုင်းကူးခြင်းဖြင့် မျိုးရင်းတူသော အရိုင်းပင်ကို နဂါးမောက်ပင်ဖြင့် မျိုးပွားနိုင်သည်ကို စာတွေ့အနေဖြင့် လေ့လာနိုင် သော်လည်း လက်တွေ့တွင် စမ်းသပ် စိုက်ပျိုးခြင်း မရှိသေးပါ။
ပျိုးပင်များစိုက်ပျိုးခြင်း
ပျိုးပင်များ၊ နဂါးမောက် ကိုင်းဖြတ်များကို တစ်နေရာတွင် စုစည်း၍ ပျိုးခင်း အဖြစ် ပြုလုပ်ခြင်းဖြင့် မြေသားကို လွယ်ကူစွာ ပြုပြင်နိုင်ခြင်း၊ လွယ်ကူစွာ ရေလောင်းနိုင်ခြင်း၊ အလင်းရောင်ကို လွယ်ကူစွာ ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူး များ ရပါသည်။

ကိုင်းဖြတ် စိုက်ပျိုးခြင်းကို မိုးရာသီ မရောက်မီ သုံးလခန့် ကြိုတင်၍ ပျိုးသင့်သလို အမှန်တကယ် စိုက်ပျိုးမည့် နေရာနှင့် မလှမ်းမကမ်း အနီးတွင် ပြုလုပ်ခြင်း အားဖြင့် သယ်ယူ ပို့ဆောင်ခ သက်သာစေသည်။ အပျက်အစီး သက်သာစေ ပါသည်။ ပျိုးပင်များကို သက်တမ်း နုစဉ်တွင် သင့်တော်သော အရိပ် ပြုလုပ်ပေး ရပါမည်။ အပင်ကိုင်းဖြတ် ရွေးချယ်ရာတွင် သန်စွမ်း၍ အစိမ်းရင့်ရောင် ရှိသော အတက် ကိုင်းဖြတ်များ ကိုသာ သုံးရပါမည်။ တစ်ဆယ်မီတာ ( ၃၂ ပေခန့် ) ပတ်လည် မြေကွက်လပ် ရှိသော ပျိုးဥယျာဉ် တစ်ခုတွင် ပျိုးပင် တစ်ထောင့် တစ်ရာခန့် ဆံ့ပါမည်။

ပျိုးပင် ကိုင်းဖြတ် အချို့သည် အမြစ်မပွား၊ အတက်မပေါက် ဖြစ်နိုင် ပါသဖြင့် လိုအပ်သည့် ပမာဏထက် ပို၍ ပျိုးရမည် ဖြစ်ပါသည်။ မိမိ လိုအပ်မည့် အပင်ပေါက် ပမာဏ နှင့် ပျိုးရမည့် အကိုင်းဖြတ် ပမာဏသည် အရေးကြီး ပါသည်။
(ဆက်ရန် ရှိပါသေးသည်)
ဦးကျော်နိုင် BE. Mech, PE (Myanmar Engineering Council )
နွေရာသီ Vocational Training နည်းပညာသင်တန်းများ
& Red Pitaya Wine
အမှတ် စ၂ (၇၁ x ၇၂) ရပ်ကွက်ကြီး ၁၀
ရတနာလမ်း နှင့် သိင်္ဂီလမ်းအကြား
ကားကြီးကွင်းအနီး
ပဒေသာမြို့သစ်
ပြင်ဦးလွင်မြို့
References:
Dragon Fruit by H. P. M Gunasena , Department of Crop Science, Faculty of Agriculture, University of Peradeniya, Sri Lanka
အောင်ကိုကိုလတ်
လွန်ခဲ့သော ၁ နှစ် ကရေပေးတဲ့နည်းလေးတွေတင်ပေးပါဗျ
Min Thu
လွန်ခဲ့သော ၅ နှစ် ကကျောက်စရစ်အနည်းငယ်ရှိသောမြေမျိးမှာစိုက်ပျိုးနိုင်ပါသလားခဗျာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026