မာဂျိုးရမ် စိုက်ပျိုးနည်း
ဟင်းခတ်အမွှေးအကြိုင်ပင်ကို ထောပတ်နှင့် ကြက်ဥဟင်းများတွင်ထည့်၍ သုံးကြသည်။ ထို့အပြင် ဘိလပ်ဟင်းနုနွယ် (Spinarch)၊ ပဲသီးနှင့် အခြားဟင်းသီးဟင်းရွက်များတွင်လည်း အနံ့မွှေးအောင် သုံးစွဲကြသည်။ ကလျာဏီပင်မျိုးဆေး(ဂ်ျ) အစားဖြစ်စေ၊ တွဲ၍ဖြစ်စေ၊ ကြက်အစာသွပ်ခြင်းနှင့် ဝက်အူချောင်းလုပ်ခြင်းတို့တွင် သုံးစွဲကြသည်။
အပင်များသည် နိမ့်နိမ့်နှင့် စုပြုံ၍ပေါက်ပြီး သေးငယ်သော အဖြူရောင်၊ ပန်းရောင်နှင့်အနီရောင်ရှိပန်းပွင့်များကို နွေရာသီအလယ်မှ နောက်ပိုင်းတွင် တွေ့ရသည်။ မာဂျိုးရမ်မျိုးများထဲမှ အနူးညံ့ဆုံးမျိုးကို နှစ်ချင်းစားသီးနှံအဖြစ် ဆောင်းရာသီအအေးပေါ့သောဒေသများတွင် စိုက်ပျိုးကြသည်။
ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပြီးအသုံးများတဲ့ မာဂျိုးရမ်အပင်ကို တစ်နိုင်တစ်ပိုင်ပဲဖြစ်ဖြစ် စီးပွားဖြစ်ပဲဖြစ်ဖြစ်စိုက်လိုသူများအတွက် စိုက်ပျိုးနည်းကိုဖော်ပြပေးလိုက်ပါတယ်။
စိုက်ပျိုးခြင်း
အေးခဲမှုမရှိသောရာသီတွင် စိုက်ပျိုးရသည်။ နေရောင်ခြည်ကောင်းစွာရသောနေရာ၊ ရေထုတ်ရန် လွယ်ကူသောနေရာတို့တွင် စိုက်ပျိုးရသည်။ မစိုက်ပျိုးခြင်းာဂျိုးရမ်ပင်သည် နေရာမရွေးသောအပင်ဖြစ်သော်လည်း ဖွာသောမြေ၊ မြေဆီသြဇာ ထက်သန်သောမြေ၊ အနည်းငယ်ငန်သောမြေတို့တွင် ပိုမိုဖြစ်ထွန်းသည်။ အပင်အကွာအဝေးကို ၁၂လက်မထား၍ စိုက်ပျိုးရသည်။ အစေ့ကိုစိုက်ပျိုးလျှင် အပင်ဖြစ်ရန် နှေးကွေးသည်။ ထို့ကြောင့် အပင်ကိုခွဲ၍ဖြစ်စေ၊ ပင်စည်ဖြတ်၍ဖြစ်စေ စိုက်ပျိုးရသည်။
မာဂျိုးရမ်အပင်ကို ချိတ်ဆွဲသောပန်းအိုးများတွင် စိုက်ပျိုးကြ၏။ တွဲလောင်းကျနေသောအကိုင်းမျာကို ဖြတ်တောက်ပေးခြင်းဖြင့် ချုံပုတ်သဖွယ်ဖြစ်လာသည်။ ပူသောရာသီတွင် နေ့လယ်နေရောင်မှ ကာကွယ်ပေးရသည်။ မာဂျိုးရမ်အပင်သည် အခြောက်မြန်သဖြင့် မြေဆီလွှာသည် အမြဲမပြတ် အစိုဓာတ်ရှိနေရန်လိုအပ်သည်။ သို့ရာတွင် ရေမဝပ်စေရချေ၊ အပင်သစ်ကလေးများဖြစ်ပေါ်နေစေရန် ၃-၄ နှစ်လျှင်တစ်ကြိမ် မြေကိုတူးဆွခြင်း၊ အပင်ခွဲခြင်း၊ ပြုလုပ်ပေးရသည်။ သို့မဟုတ်ပါက အပင်သည် သစ်သားကဲ့သို့ မာကျောလာသည်။ ကောက်ရိုးဖုံးအုပ်ပြီး ဆောင်းခိုခဲ့သောအပင်များသည်လည်း မာကျောနိုင်သဖြင့် မြေကိုတူးခြင်းနှင့် အပင်သားခွဲခြင်းတို့ကို နောက်ဆောင်းဦးပေါက်တွင် ဆောင်ရွက်ရသည်။
ရိတ်သိမ်းခြင်း
ရိတ်သိမ်းပြီးစအရွက်များကိုလှီးဖြတ်၍ အရွက်သုပ်တွင်ဖြစ်စေ၊ ချက်ပြုတ်သောဟင်းတွင်ဖြစ်စေ၊ စားခါနီးတွင်ထည့်ရသည်။ ရိုးတံများကို အခန်းတွင်အခြောက်ခံရန် စောက်ထိုး ချိတ်ဆွဲရသည်။ ထိုအခန်းသည် အေးရမည်။ မှောင်နေရမည်။ လေဝင်လေထွက်ကောင်းရမည်ဖြစ်သည်။ ရိုးတံများမှအရွက်များကိုခြောက်သွေ့သွားသောအခါ ခူးယူရသည်။ အရွက်များအမှုန့်ဖြစ်အောင်ချေပြီး လေလုံသောပုလင်းဘူးထဲထည့်၍ ပိတ်ပြီးသိုလှောင်ရသည်။ မာဂျိုးရမ် အခြောက်သည် အော်ရီဂန်နိုအခြောက်ထက် အနံ့ကိုပိုမိုထိန်းသိမ်းထားနိုင်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်အတွဲ(၂) မှ ကောက်နုတ်ဖော်ပြပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026