ဂျုံ စိုက်ပျိုးခြင်း
ဂျုံသည် အရေးပါဆုံး ကောက်ပဲသီးနှံ များထဲမှ သီးနှံတစ်ခုဖြစ်ပါသည်။ ဂျုံတွင် အသားဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ် များစွာ ပါဝင်နေပါသည်။ ဂျုံသီးနှံသည် ပြောင်းနှင့် စပါးပြီးလျှင် စိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံးသီးနှံဖြစ်ပါသည်။ ဂျုံ၏ မူရင်းဒေသမှာ တူရကီနိုင်ငံ အရှေ့တောင်ဘက်ပိုင်းရှိ တောင်တန်းဒေသများ ဖြစ်သည်ဟု သိရှိရပါသည်။ ဂျုံသီးနှံကို ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ စိုက်ပျိုး ထုတ်လုပ်နေကြပါသည်။ ဂျုံကို မြန်မာနိင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းမရှိပါ။ စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ်စိုက်ပျိုးကြပါသည်။ အထွက်နှုန်းအားဖြင့် နည်းပြီး ပြည်တွင်းစားသုံးရန် အတွက်သာ ရရှိပါသည်။
မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု
ဂျုံပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀,၀၀၀ ရှိသော ဒေသများတွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပါသည်။ နှစ်စဥ် မိုးရေချိန် ၁၀ လက်မ မှ ၄၀ လက်မ အတွင်း ရှိပြီး မြေဆီသြဇာ ကြွယ်ဝသော ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းပါသည်။ နွေရာသီတွင် စိုက်ပျိုးသော ဂျုံသီးနှံအတွက် အသင့်တော်ဆုံး အပူချိန်မှာ ၂၂ ဒီဂရီ စင်တီဂရိတ် မှ ၃၄ ဒီဂရီ စင်တီဂရိတ် အတွင်း ဖြစ်ပါသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသော ဂျုံသီးနှံအတွက် အသင့်တော်ဆုံး အပူချိန်မှာ ၅ ဒီဂရီ စင်တီဂရိတ် မှ ၂၅ ဒီဂရီ စင်တီဂရိတ် အတွင်း ဖြစ်ပါသည်။ ဂျုံစိုက်ပျိုးရာတွင် အစေ့အဆန် ဖြည့်တင်းရန်အတွက် နေရောင်ခြည် အပြည့်အဝ ရရှိရန် လိုအပ်ပါသည်။
စိုက်ပျိုးသောနည်းများ
ဂျုံစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း၊ ထယ်ထိုးပြီး ချစိုက်ခြင်း၊ စိုက်ကြောင်းဆွဲ၍ မျိုးစေ့ချစိုက်ခြင်းနှင့် ဆူးထိုး စိုက်ပျိုးခြင်း စသည့်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးကြပါသည်။
နုန်းမြေအမျိူး အစားသည် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး မြေချဥ်ငံ ကိန်းမှာ ၆.၄ ဖြစ်ပါသည်။ အေးသော ဒေသများတွင် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး မြေချဥ်ငံ ကိန်းမှာ ၅.၅ မှ ၇.၅ အတွင်း ဖြစ်ပါသည်။
စိုက်ပျိုးခြင်းနှင့် အပင်ပြုစုခြင်း
ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံး ကာလမှာ အောက်တိုဘာလ နှောင်းပိုင်းနှင့် နိုဝင်ဘာလ အစောပိုင်းဖြစ်ပါသည်။ မိုးရေ၏ အစိုဓာတ်ကို အမိအရ စိုက်ပျိုးပါက အောက်တိုဘာ ၁၅ မှ ၃၀ အတွင်း စိုက်ပျိုးနိုင်ပါသည်။ ရေသွင်းစိုက်ပျိုးပါက နိုဝင်ဘာ ၁ မှ ၁၅ အတွင်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံရှိ တောင်သူများမှာ နိုဝင်ဘာ ၁၅ မှ ၃၀ အတွင်း စိုက်ပျိုးကြပါသည်။ မိုးရေ၏ အစိုဓာတ်ဖြင့် အမိအရ ဖမ်းကာ စိုက်လိုသော ဒေသများတွင် မြေအနက် ၃.၄ လက်မမှ ၄ လက်မအတွင်း စိုက်ပျိုးနိုင်ပါသည်။ ရေသွင်း စိုက်ပျိုးလိုသော ဒေသများတွင် မြေအနက် ၁.၃ လက်မ မှ ၂.၁ လက်မအတွင်း စိုက်ပျိုးနိုင်ပါသည်။ မိုးရေ၏ အစိုဓာတ်ဖြင့် စိုက်ပျိုးပါက မျိုးစေ့နှုန်းထား ၁ ဧကလျှင် ၁ တင်းခွဲ အသုံးပြုကြပြီး ရေသွင်း စိုက်ပျိုးပါက ၁ ဧကလျှင် ၂ တင်းအထိ အသုံးပြုကြပါသည်။ စိုက်ပျိုးပြီး ၂၅ ရက်သားတွင် တစ်ကြိမ်၊ ၄၅ ရက်သားတွင် တစ်ကြိမ်၊ ၆၀ ရက်သားတွင် တစ်ကြိမ် ရေသွင်းပေးရမည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး ၂၅ ရက်သားနှင့် ၄၅ ရက်သားတို့တွင် ပေါင်းမြက်ကင်းရှင်းစေရန် အတွက် ကြားပေါင်းလိုက်ရမည် ဖြစ်ပါသည်။
မြေသြဇာကျွေးခြင်း
ဂျုံမစိုက်ပျိုးမီ ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်ခန့်ကတည်းက ကြိုတင်၍ သဘာဝ မြေသြဇာများ ကို ထည့်သွင်းထားရမည် ဖြစ်ပါသည်။ ယူရီးယား မြေသြဇာကို ၁ ဧကလျှင် ၁ အိတ်နှုန်း အသုံးပြုရမည် ဖြစ်ပါသည်။ ယူရီးယား မြေသြဇာ၏ အိတ်ဝက် (သို့မဟုတ်) ၃ ပုံ ၂ ပုံအား စစိုက်ချိန် ကတည်းက ထည့်သွင်းနိုင်ပါသည်။ ကျန်တစ်ဝက် (သို့မဟုတ်) ၃ ပုံ ၁ ပုံအား ပထမဆုံးအကြိမ် ရေသွင်းချိန်၌ ထည့်သွင်းရမည် ဖြစ်ပါသည်။ တီစူပါနှင့် ပိုတက်မြေသြဇာ များကို သီးနှံစစိုက်သည့် အချိန်ကတည်းက ထည့်သွင်းနိုင်ပါသည်။
ပိုးမွှားနှင့် ရောဂါ
ဂျုံပင်တွင် ကျရောက်ဖျက်စီး လေ့ရှိသော အဖျက်ပိုးများမှာ ပျ၊ ငမြောင်တောင်၊ ခြ စသည်တို့ဖြစ်ပြီး ရောဂါများ အနေဖြင့် သံချေးရောဂါနှင့် ကြပ်ခိုးမှိုရောဂါများ ကျရောက် လေ့ရှိပါသည်။ ဖော်ပြပါ ပိုး၊ ရောဂါများအတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများဖြင့် အစားထိုး စိုက်ပျိုးခြင်း၊ ပင်လုံးပြန့် ပိုးသတ်ဆေး၊ ထိသေစားသေ ပိုးသတ်ဆေးများနှင့် ဖျူဒါတန် ကဲ့သို့ မြေအောင်း ပိုးသတ်ဆေးများဖြင့် ကာကွယ် နှိမ်နင်းနိင်ပါသည်။
ရိတ်သိမ်းခြင်း
ဂျုံပင်၏ ရိုးတံနှင့် အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်) စိုက်ပြီး ရက် ၉၀ မှ ၁၁၅ ရက်သားခန့် ရောက်လျှင် ရိတ်သိမ်းနိုင်ပြီ ဖြစ်ပါသည်။ အနှံအားလုံး ၈၀ ရာခိုင်နှုန်းရင့်မှည့် ချိန်တွင် ရိတ်သိမ်းနိုင်ပြီ ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
https://en.wikipedia.org/wiki/Food_grain
http://agron-www.agron.iastate.edu/Courses/agron212/Readings/Oat_wheat_history.htm
https://www.britannica.com/topic/cereal-farming#ref558516
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
U Thet Lwin
လွန်ခဲ့သော ၄ နှစ် ကလက်တွေ့နဲ့ များစွာ ကွာခြား
Myo Min Zaw
လွန်ခဲ့သော ၅ နှစ် ကစပါး သာလှင် မြန်မာနျူင်ငံမှာစိုင်သောကြောင့် စပါးအကြောင်းဆွေးနွေးခွင့်ပြုပာ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026