အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သံပုရာပင် စိုက်ပျိုးနည်း

သံပုရာပင် စိုက်ပျိုးနည်း

Green Way
Green Way • Greenovator • 23/08/2019

   သံပုရာပင်၊ သံပုယိုပင်၊ ရှောက်ချိုပင်၊ ရှောက်ပန်းပင်၊ ကျွဲကောပင်တို့ပါဝင်သော အပင်မျိုးစုကို ရှောက်ပင်မျိုး ဟုခေါ်၍ ရူတာစီအီးမျိုးရင်းဝင်များ ဖြစ်ကြသည်။ ထိုမျိုးစုတွင် အထက်ဖော်ပြပါ ရှောက်ပင်နွယ်သော အပင်များသာမက အခြားမျိုးစိတ်များလည်းရှိသေးရာ စုစုပေါင်းမျိုးစိတ် (၃ဝ) ခန့် ပါဝင်သည်။ ရှောက်ပင်မျိုးတို့သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ၌ စိုက်ပျိုးဖြစ်ထွန်း၍ ဆီးနှင်းနှင့် အလွန်အေးမြသော ဆောင်းရာသီဒဏ်ကို မခံနိုင်ကြချေ။ ယင်းတို့ မူလပေါက်ရောက် ရာဒေသသည် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည်။ ယင်းတို့အား ဘီစီ (ခရစ်တော်မပေါ်မီ) ၁ဝဝဝ ခန့်က တရုတ် လူမျိုးတို့က စတင်စိုက်ပျိုးခဲ့ကြသည်ဟုလည်း ဆိုကြသည်။

၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး သီးထွက်နှင့် အသီးအရည်အသွေးကောင်းမွန်သော အပင်မျိုးကို ရွေးချယ်ပါ။ သံပုရာကို အစေ့မှ ပျိုးထောင်စိုက်ပျိုးပါ။ (ဗိုင်းရပ်စ်ရောဂါကင်းဝေးစေသော ပျိုးပင်ရရှိစေရန် ဖြစ်ပါသည်။) ရှောက်ပင်မြေထုပ်စည်းနည်းဖြင့် မျိုးပွားစိုက်ပျိုးပါ။

၂။ စိုက်ကျင်းအရွယ် (၂'Ž၂'Ž၂') ကျင်းတူးပြီး အပေါ်ယံမြေနှင့် မြေဆွေးရောစပ်၍ ကျင်းစာကျွေးပါ။

၃။ စိုက်စနစ်အနေဖြင့် သံပုရာကို (၁၂'Ž၁၂’)ဖြင့် တစ်ဧက (၃၀၂)ပင်၊ ရှောက်ပင်ကို (၁၅' Ž၁၅’)နှုန်းဖြင့် တစ်ဧက(၁၉၃)ပင် ဝင်ဆန့်အောင် စိုက်ပျိုးပါ။

၄။ စိုက်ခင်းတွင် မြေပြင်မှ အမြင့် (၃ပေ- ၃.၅ပေ) အထိ၊ ပင်စည်တစ်ခုတည်းရှိနေစေရန်နှင့် ကိုင်းမကြီး (၃-၅)ကိုင်း မွေးမြူပုံသွင်းပါ။

၅။ သဘာ၀မြေဩဇာနှင့် ဓာတ်မြေဩဇာများကို မတ်၊ ဧပြီ ရေသွင်းစိုက်ချိန်တွင် တစ်ကြိမ်နှင့် စက်တင်ဘာလတွင်တစ်ကြိမ် (၂) ကြိမ်ခွဲ၍ ကျွေးပါ။

၆။ ဇင့် Zn, ကော့ပါး Cu ကဲ့သို့သော အနည်းလို အာဟာရဓာတ်များပါ၀င်သည့် ဓာတ်မြေဩဇာဆေးရည်ကို မဖြစ်မနေပက်ဖြန်းပေးပါ။

၇။ အပင်လျှင်မြန်စွာ ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ပေါ်ချိန်တွင် ရေလုံလောက်စွာ သွင်းပေးပါ။ သို့သော် ရေမဝပ်စေရန် ဂရုစိုက်ပါ။ 

၈။ စိုက်ခင်းရေသွင်းရာတွင် ပင်စည်သို့ တိုက်ရိုက်ရေမထိစေသင့်ပါ။ အပင်အရွယ်အစားအလိုက် ရေဝပ်ကျင်းကို ပြုလုပ်အသုံးပြုနိုင်ပါသည်။

၉။ စိုက်ခင်းအတွင်း ရေသွင်းခြင်းကို မတ်လမှ ဇွန်လအတွင်း၊ အနည်းဆုံး တစ်ပတ်တစ်ကြိမ်၊ နိုဝင်ဘာမှ ဖေဖော်၀ါရီလအတွင်း (၂)ပတ်တစ်ကြိမ် ဆောင်ရွက်ပါ။ 

၁၀။ ပန်းပွင့်မှုညီညွတ်စေရန် ဒေသအလိုက်သီးထွက်ချိန်ကို ချိန်ဆပြီး၊ အပင်ညှိုးသည်အထိ ရေဖြတ်ပြီးမှ အပင်ရေတအောင်သွင်းပေးပြီး ဓာတ်မြေဩဇာကျွေးပေးခြင်းဖြင့် တပြိုင်နက် ပန်းပွင့်အောင်ဆောင်ရွက်ပါ။ 

၁၁။ အသီးခူးပြီးတိုင်း ရေတက်များ၊ အတွင်းဘက်လှည့်ထွက်လာသော ကိုင်းများ၊ ကိုင်းသေ၊ ကိုင်းညှက်များ၊ မြေကြီးနှင့်ထိနေသော ကိုင်းများ၊ ရောဂါရကိုင်းများကို ရှင်းလင်းဖြတ်တောက် ဖယ်ရှားပေးပါ။

၁၂။ အပင်၏ အစိုဓာတ်နှင့် အမြစ်၏အပူရှိန်ထိန်းသိမ်းရန်၊ ဒီဇင်ဘာလမှစ၍ ပင်ခြေ၏ (၄)ပေ ပတ်လည်တွင် ကောက်ရိုး(သို့)မြက်ခြောက်များဖြင့် ထူထူဖုံးပေးပါ။ 

၁၃။ ရွက်ထွင်းစားပိုး၊ ပင်စည်ဖောက်ပိုး၊ ပျ နှင့် မှိုရောဂါများကို မျက်ခြေမပြတ်ကာကွယ်နှိမ်နင်းပေးပါ။ 

၁၄။ သံပုရာတွင် ဘက်တီးရီးယား (ကင်ကာ) ရောဂါများ ကျရောက်လေ့ရှိရာ၊ ဘော်ဒိုဆေးရည်ဖြင့် အချိန်မီပက်ဖြန်းကာကွယ်နှိမ်နင်းပါ။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)

စိုက်ပျိုးရေးနည်းပညာ

Sein Ngwe

Sein Ngwe

လွန်ခဲ့သော ၅ လ က

ပြန်ဖြေတဲ့သူမရှိရင်လည်း post တွေတင်မနေ့နဲ

ဦးမြင့်လှိုင်

ဦးမြင့်လှိုင်

လွန်ခဲ့သော ၅ လ က

သံပုရာပင် စိုက်ပျိုးရာတွင် မျိုးပွားခြင်း၊ မြေပြင်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း ဟူသော အဆင့်ဆင့်ကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ၁။ မျိုးပွားခြင်းနှင့် မျိုးရွေးချယ်ခြင်း အစေ့မှစိုက်ခြင်း: အစေ့မှစိုက်ပါက အပင်သန်စွမ်းသော်လည်း အသီးသီးရန် ကြာတတ်သည်။ မြေထုပ်စည်းခြင်း (ကိုင်းကူးခြင်း): ဤနည်းသည် အပင်ပုပုနှင့် အသီးမြန်မြန်သီးစေရန် အကောင်းဆုံးဖြစ်သည်။ ကိုင်းကူးထားသော အပင်များသည် ၅ လမှ ၁ နှစ်အတွင်း စတင်သီးနိုင်သည်။ YouTube YouTube +4 ၂။ စိုက်ပျိုးမြေပြင်ဆင်ခြင်း စိုက်ကျင်း: စိုက်ကျင်းကို တစ်ပေခွဲပတ်လည် တူးပြီး နွားချေး သို့မဟုတ် သဘာဝမြေသြဇာနှင့် အပေါ်ယံမြေကို ရောစပ်ထည့်ရမည်။ စိုက်ကွာဝေး: တစ်ပင်နှင့်တစ်ပင် (၁၂) ပေမှ (၁၅) ပေခန့် ခွာ၍ စိုက်ပျိုးရန် လိုအပ်သည်။ တစ်ဧကလျှင် အပင် ၃၀၀ ခန့် ဝင်ဆန့်အောင် စိုက်ပျိုးနိုင်သည်။ Wisarra Wisarra +2 ၃။ ပြုစုစောင့်ရှောက်ခြင်း ရေလောင်းခြင်း: သံပုရာပင်သည် ရေကြိုက်သောအပင်ဖြစ်သဖြင့် နေစဉ်ရေလောင်းပေးနိုင်ပါက တစ်နှစ်ပတ်လုံး အသီးရရှိနိုင်သည်။ မြေသြဇာ: အပင်အထမြန်စေရန် N.P.K (ဓာတ်မြေသြဇာ) ကို ကျင်းတွင် ထည့်သွင်းပေးနိုင်သည်။ ကိုင်းဖြတ်ခြင်း: မလိုအပ်သော ကိုင်းခြောက်များနှင့် အောက်ခြေမှ ထွက်သော ကိုင်းတက်များကို ဖယ်ရှားပေးခြင်းဖြင့် အပင်သန်စွမ်းစေသည်။ Wisarra Wisarra +2 ၄။ အသီးခူးဆွတ်ခြင်း အစေ့စိုက်ပင်ဖြစ်ပါက ၃ နှစ်သားရောက်မှ အသီးစတင်ယူသင့်ပြီး အပင်အားနည်းခြင်းမှ ကာကွယ်ရန် ၅ နှစ်သားခန့်ရောက်မှ အသီးအကုန်ယူသင့်သည်။ YouTube YouTube စိုက်ပျိုးရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို Green Way Myanmar နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့တွင် ထပ်မံလေ့လာနိုင်ပါသည်။ သံပုရာပင်ကို မြေပြင်မှာ စိုက်မှာလား ဒါမှမဟုတ် အိုးနဲ့ပဲ စိုက်ချင်တာလား ဆိုတာ ပြောပြပေးရင် ပိုပြီး အသေးစိတ် အကြံပြုပေးနိုင်ပါတယ်။ သံပရာပင်စိုက်ပျိုးခြင်း ... YouTube·MizzimaTV 2:35 သံပုရာ စိုက်ပျိုးနည်းစနစ် - Wisarra Wisarra သံပုရာပင်စိုက်ပျိုးခြင်း ... Ministry Of Information အားလုံးပြရန်

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ပါ

u hla kyi

u hla kyi

လွန်ခဲ့သော ၂ နှစ် က

အရွက်လိပ်သုံးမည်ဆေးသိလိုပါသည်

ဝင်းလှိုင်

ဝင်းလှိုင်

လွန်ခဲ့သော ၄ နှစ် က

ကိုင်းကူး မြေချစိုက်ပျိုးနည်းလေး သိပါရစေဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 5 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။