စီးပွားဖြစ် ကြက်ဆူပင်စိုက်ပျိုးနည်း
ကြက်ဆူပင်သည် နွေးသောရာသီဥတုရှိသည့်ဒေသများ၌ အပေါက်ရောက်ဆုံးဖြစ်သည်။ အများအားဖြင့် နှစ်ကြာခံပင်မျိုးဖြစ်၍ မြေဩဇာကောင်းသောအရပ်၌ ပေ ၃ဝ အမြင့်အထိ ရှည်နိုင်သည်။ အေးသောဒေသများ၌ကား တစ်နှစ်သာလျှင်ခံ၍ အပင်၏အမြင့်မှာ ၄ ပေကျော်ခဲသည်။
ကြက်ဆူပင်၌ လက်ခြားရွက်ကြီးများရှိသည်။ အစေ့သည် အရွယ်အမျိုးမျိုး ပုံအမျိုးမျိုးရှိ၍ ယင်း၏အရောင်မှာ ညိုမှိုင်းမှိုင်းဖြစ်သည်။ အသီး၌ အမွှေးကြမ်းများရှိသည်။ အရွက်ကို ပိုးမျှင်ကောင်များစားသည်။ အစေ့မှရသော အဆီကို ဝမ်းနှုတ်ဆေးအဖြစ် သုံးရသည့်ပြင် ချောဆီ၊ လှည်းဆီ၊ သားရေ၊ ဆပ်ပြာများ လုပ်ရာ၌လည်း သုံးရသည်။ ကမ္ဘာတွင် ကြက်ဆူစေ့ အများဆုံးထုတ်ရောင်းနိုင်သော နိုင်ငံများမှာ ဘရာဇီးနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း၌ အလေ့ကျပေါက်သော ကြက်ဆူပင်အများအပြားကို တွေ့ရသည်။ တစ်ခါတစ်ရံ ကြက်ဆူပင်များကို စိုက်ပျိုးယူကြသည်။ ကြက်ဆူရိုးကြီး၊ ကြက်ဆူရိုးနီ၊ ကြက်ဆူရိုးဖြူတို့ရှိကြရာ ကြက်ဆူရိုးကြီးသည် အရွက်ကြီးသော ကြက်ဆူပင်မျိုးဖြစ်သည်။ ယင်းကို သင်္ဘောကြက်ဆူဟုလည်းခေါ်သည်။ ကြက်ဆူရိုးနီသည် အရိုးနီသော ကြက်ဆူပင် မျိုးဖြစ်၍ ကြက်ဆူရိုးဖြူသည် အရိုးဖြူသော ကြက်ဆူပင်မျိုးဖြစ်သည်။ ကြက်ဆူရိုးကြီးအရွက်မှရသောအစေးကို အနာလိမ်းဆေးအဖြစ် သုံးရသည်။ အစေ့မှရသောဆီကို ဝမ်းနှုတ်ဆီ၊ အန်ဆေးအဖြစ်သုံးရ၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ချောဆီများလုပ်ရာ၌လည်း သုံးရသည်။ ရှေးအခါက ကြက်ဆူရိုးဖြူအရိုးကို ပြာချ၍ သစ်သားသင်ပုန်းချေရာတွင် အသုံးပြုကြသည်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ သမနွေးပိုင်းရာသီကို နှစ်သက်သော်လည်း ပူပြင်းခြောက်သွေ့သောဒေသများတွင်လည်း ဖြစ်ထွန်းသည်။ မြစ်နားကမ်းနား ချောင်းမြောင်းပေါသည့် ဒေသများတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။ သဘာ၀အလျောက် ပေါက်ရောက်သော်လည်း ယခုအခါ အသီးမှ အဆီများထုတ်ယူရန်အတွက် ကျယ်ပြန့်စွာ စိုက်ပျိုးသည်ကိုတွေ့ရသည်။
မြေကြက်ဆူပင်အမျိုးအစားမှာ နှစ်ရှည်ခံအပင်ကြီးများနှင့် တစ်နှစ်ခံအပင်ပုများဟူ၍ နှစ်မျိုးရှိပါသည်။ တစ်နှစ်ခံအပင်များကို စိုက်ပျိုးကြသည်။ စိုက်ပျိုးမျိုးများတွင် အစေ့ကြီးမျိုး အစေ့လတ်မျိုးနှင့် အစေ့ငယ်မျိုးဟူ၍ သုံးမျိုးရှိပါသည်။
ရာသီဥတု
ကြက်ဆူပင်သည် မိုးခေါင်သောဒဏ်ကို ခံနိုင်သည်။ မိုးရေချိန် ၂၅ လက်မ မှ ၃၀ လက်မအတွင်းရှိသောဒေသတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ ကြက်ဆူပင်စိုက်ပျိုးရာတွင် မိုးနည်းသောဒေသ၌ ပထမအကြိမ် မိုးများစွာရွာသွန်းပြီးနောက် စိုက်ပျိုးသင့်သော်လည်း မိုးသင့်တင့်သောဒေသတွင် မိုးနှောင်းလောက်မှ စိုက်ပျိုးသင့်သည်။
မြေအမျိုးအစား
အလွန်စေးသည့်မြေမှတစ်ပါး မည်သည့်မြေမဆို စိုက်ပျိုးနိုင်သည်။ တောင်ခြေရှိ မြေနီ ၊ မြေဝါ ၊ သဲမြေကြမ်းများတွင်စိုက်ရန် အထူးသင့်လျော်သည်။ မြေဖွာ၍ ရေစိမ့်ဝင်နိုင်ရန်လိုအပ်သည်။
စိုက်ပျိုးမြေ
စိုက်ပျိုးမည့်မြေကို လိုအပ်သလိုပြုပြင်ပြီး မျိုးစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးရသည်။ အတန်းလိုက် စိုက်ပျိုးသင့်သည်။ စိုက်ကြောင်းများဖော်ရာတွင် အစေ့ကြီးမျိုးအတွက် အပင်အကွာအဝေး (၆ပေx၅ပေ)၊ အစေ့လတ်မျိုးအတွက် အပင်အကွာအဝေး (၄ ပေ x၃ ပေ )၊ အစေ့ငယ်မျိုးအတွက် အပင်အကွာအဝေး (၃ ပေ x ၂ပေ) ထားရှိ စိုက်ပျိုးနိုင်အောင် ဖော်ပေးရသည်။ ကြက်ဆူစေ့များ အပင်ပေါက်လာပြီနောက် သုံးပတ်အကြာတွင် ခြားလိုက်ပေါင်းတင်ပေးရသည်။ ကြက်ဆူပင်များ တစ်ထွာခန့်ရှိသောအခါ တစ်ကျင်းလျှင် အသန်စွမ်းဆုံးအပင်နှစ်ပင်ကိုချန်၍ ကျန်အပင်များကို နှုတ်ပစ်ရမည်။ ဤအနည်းတိုင်းစိုက်ပျိုးလျှင် အစေ့ကြီးမျိုးသည် တစ်ဧကလျှင် (၂၉၀၄) ပင် ကျန်မည်ဖြစ်ပြီး အစေ့ငယ်မျိုးမှာ တစ်ဧကလျှင် (၁၄၅၂၀) ပင်ကျန်ရှိမည် ဖြစ်သည်။ စိုက်ပြီးလျှင် မျိုးစေ့များအား မြေဖြင့်ဖုံးပေးရမည်။ မြေခြောက်သွေ့နေလျှင် တွင်းစေ့အောင် ရေခံစိုက်သင့်သည်။ အစေ့မှအပင်ပေါက်ရန် ၈ ရက် ၁၀ ရက်ခန့်ကြာသည်။
အပင်ပြုပြင်ခြင်း
အပင်မြင့်၃ ပေခန့်ရှိသောအခါ ခေါင်နှိမ်ပေးခြင်းအားဖြင့် အကိုင်းအခက်များစွာ ဖြာထွက်လာပြီး အသီးထွက်ပိုမိုလာနိုင်သည်။ တစ်ပင်ချင်း သီးနှုန်းကောင်းရေးအတွက် သီးကင်းဝင်စအချိန်တွင် ခေါင်ညွှန့်ချိုးပေးရသည်။ ခေါင်ညွှန့်မချိုးပါက အထွက်နည်းတတ်သည်။
ပိုးမွှားရောဂါ
ကြက်ဆူပင်တွင်ကျရောက်တတ်သော ဖျက်ပိုးများမှာ ကြက်ဆူလိပ်ပြာ၊ ထွာကောင်၊ ခူမွှေးရှည်၊ ခူမွှေးကောင်စိမ်း၊ ကြက်ဆူအညွှန့်နှင့် အသီးထိုးပိုး ကြမ်းပိုး၊ ရွက်စုံစားခူဝါ စသည်တို့ဖြစ်သည်။ ကြက်ဆူပင်တွင် ကျရောက်သောရောဂါမျာ အထင်အရှားမရှိပေ။
ခူးဆွတ်ရိတ်သိမ်းခြင်း
ကြက်ဆူပင်သည် မျိုးကိုလိုက်၍ သက်တမ်း( ၅ လ) မှ (၉လ)အထိ ရှိတတ်ကြရာ အသီးဆွတ်ခူးချိန်သည် မျိုးကိုလိုက်၍ကွာခြားကြသည်။ ကြက်ဆူသီးများ အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းလာလျှင် ကောင်းစွာရင့်မှည့်လာ၍ ညိုလျက်ရှိသောအသီးများ ကွဲအက်စပြုလာသောအခါတွင် လက်ဖြင့်ဆွတ်ခူးရပါသည်။ ကြက်ဆူစေ့သည့် ရင့်မှည့်မှုမညီညာသဖြင့် ဆွတ်ခူးချိန်မှစ၍ ပြီးဆုံးသည့်အထိ အသီးခူးချိန်အား ၃ လခန့်အထိ ဆက်လက်ခူးသွားနိုင်သည်။ ဆွတ်ခူးပြီး အစေ့ထုတ်သောအစေ့များကို နေပူထဲတွင် မထားရပေ။ နေပူတွင် ထားပါက ဆီပါဝင်မှုလျော့နည်းသွားတတ်သည်။ အစေ့အရွယ်အစားကိုလိုက်၍လည်း ဆီထွက်ရာနှုန်း ကွာခြားတတ်သည်။ ထူးခြားချက်မှာ အစေ့ခွံမချွတ်ရသောအစေ့တွင် ဆီ လေးဆယ်မှ ငါးဆယ်ရာခိုင်းနှုန်းခန့် ပါဝင်ပြီး အစေ့ချွတ်ပြီးသောအဆံတွင် ဆီ ငါးဆယ်မှ ခြောက်ဆယ်ရာခိုင်းနှုန်းအထိ ပါရှိတတ်သည်။ ထို့ကြောင့် ဆီမကြိတ်မီ အခွံခွာခြင်းဖြင့် ဆီကိုပိုမို ရရှိစေနိုင်သည်။
https://my.wikipedia.org
Ref; နည်းသစ်စွယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးနည်းပညာ
အမည်မသိ
လွန်ခဲ့သော ၉ လ ကဘယ်ကလဲ စိုက်ထားလား
အမည်မသိ
လွန်ခဲ့သော ၉ လ ကမြန်မာမျိုးရမယ် ။ ပြန်ထွက်လာရင်လဲ ပေါက်စျေး mdy ကုန်စည်ဒိုင်ပေါက်စျေးဝယ်ပါမည် ။ 09789405002
ဦးသန်းစိုး
လွန်ခဲ့သော ၄ နှစ် ကWe can get the seeds hybrid in Mandalay. I have a friend in the pace.
cherry
လွန်ခဲ့သော ၄ နှစ် ကမျိုးဘယ်မှာ ရနိုင်မလဲ သိချင်ပါတယ်
ဦးသန်းစိုး
လွန်ခဲ့သော ၄ နှစ် ကWe would like to use EM solution in the field in coming year.
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....