အော်ရီဂန်နို(တောရှုံးပင်)
အော်ရီဂန်နိုပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက် (ရေခဲအမှတ်အောက်) မှ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက် အတွင်းဖြစ်ထွန်းသည်။ အရွက်နှင့် အပွင့်တို့ကို စားသုံးရပြီး အပင်အမြင့် ၁၂-၂၄ လက်မနှင့် အကျယ် ၂၄-၄၀ လက်မရှိသည်။
မြေထဲပင်လယ်ဒေသ၌ ကူးဆင်းဟင်းလျာများတွင် အထူးပါဝင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ အပင်သည် မြေတွင်ပြန့်နေသော ချုံပုတ်သဖွယ်ရှိပြီး၊ အရွက်များမှ စိတ်ရွှင်လန်းဖွယ်အနံ့ ရှိသည်။ ပန်းပွင့်များမှာ သေးငယ်ပြီး အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်ရှိသော ကျည်တောက်ပုံ ဖြစ်သည်။ အရွက်၏အနံ့မှာ ဟင်းလျာမျိုးစုံနှင့် လိုက်ဖက်သည်။ ကြက်ဥနှင့်ချိ(စ်)၊ ကြက်သွန်ဖြူ၊ ပင်စိမ်း၊ သံလွင်ဆီတို့နှင့်မူ ဆိုဘွယ်ရာမရှိ လိုက်ဖက်သည်။
မိမိစိုက်ပျိုးသော ဟင်းခတ်အမွှေးအကြိုင်ပင်များသည် မိမိသုံးရန် ပိုလျှံနေလျှင်ဖြစ်စေ၊ တာရှည်စွာသိုလှောင်လိုလျှင်ဖြစ်စေ၊ ဈေးကွက်သို့ပို့ရန်ဖြစ်စေ၊ အခြောက်လှန်းခြင်းနှင့် အေးခဲခြင်းနည်းလမ်းများဖြင့် တာရှည်ခံအောင်ပြုလုပ်ရသည်။
အရွက်နှင့်အပွင့်များကို အခြောက်လှန်းခြင်း
အရွက်များကို ချိတ်ဆွဲထားပေးခြင်း၊ အခြောက်လှန်းသောစင်ပေါ်မှ ဗန်းတွင်ဖြန့်ချထားခြင်း၊ အခြောက်ခံစက် (Dehydrator) သုံးခြင်းတို့ဖြင့် ခြောက်အောင်ပြုလုပ်နိုင်သည်။ အခြောက်ခံသောအခန်း သို့မဟုတ် ခြောက်ပြီးသိုလှောင်သောအခန်းသည် မှောင် (အလင်းရောင်မရှိ) ရသည်။ ခြောက်သွေ့နေရသည်။ နွေးနေရသည်။ လေဝင်လေထွက် ကောင်းနေရသည်။
ပျက်ဆီးနေသော သို့မဟုတ် အိုဟောင်းနေသောအရွက်နှင့် အပွင့်များကို ပယ်ပစ်ရသည်။ ရိတ်သိမ်းစဉ်က မြေကြီးပေကျံနေသော အစိတ်အပိုင်းကို ရေအေးနှင့် အနည်းငယ်ဆေးကြောပြီး အခြောက်ခံရသည်။ ရိတ်သိမ်းထားသမျှကို ရေဆေးရန် မဟုတ်ချေ။
အပင်ငယ်များ၊ အကိုင်းများကို ချိတ်ဆွဲ၍ အခြောက်လှန်းနိုင်သည်။ အခြောက်လှန်းရန်အတွက် အပင်ငယ်များ၊ အကိုင်းအခက်များ၏အရင်းပိုင်းကို ညီညာအောင်ထားပြီး စု၍စည်းရသည်။ အနေတော်အရွယ်ရှိအစည်းများကို ဇောက်ထိုးချိတ်ဆွဲရသည်။ အကယ်၍ အခြောက်ခံကိရိယာ (Dehydrator) ကိုအသုံးပြုလျှင် ညွှန်ကြားချက် (Instruction) အတိုင်းဆောင်ရွက်ရသည်။ အရွက်များကို အပင်မှခူးဆွတ်၍ အရွက်ချည်း အခြောက်လှန်းလျှင် ပိုမို၍မြန်နိုင်သည်။
ဟင်းခတ်အမွှေးအကြိုင်တို့၏ အရွက်နှင့်အပွင့်တို့သည် ကြွပ်ရွနေလျှင် ခြောက်ပြီဖြစ်သည်။ အပင်ပေါ်တွင် ခြောက်နေသောအရွက်များကို အသာအယာခူးယူ၍ စက္ကူအခြောက်ပေါ် တင်ထားပြီးမှသာ သိုလှောင်ရသည်။ လာဗင်ဒါရေမွှေးပန်းကဲ့သို့သော အမွှေးအကြိုင်ပင်ကို ပန်းပွင့်များ မခူးဘဲ ထားနိုင်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
မင်းမျိုးကိုကိုထွဋ်
လွန်ခဲ့သော ၃ နှစ် ကပျိုးပင်ဘယ်မှာရနိင်မလည်းကျေးဇူးပြုပြီးတော့သိပါရစေ
Kaung Sat
လွန်ခဲ့သော ၃ နှစ် ကမျိုး ဘယ်မှာရနိုင်လဲ ဗျ (တောရှုံးပင်)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026