ပဲပုစွန်သီးစိုက်ပျိုးနည်း
ပဲပုစွန်သီးကို လူတိုင်းနှစ်ခြိုက်စွာစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနုများကို အရည်သောက် ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင်စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများတွင် ကပ်၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပဲပုစွန်သီးကိုရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးရာသီကုန်ဆုံးသောအချိန် သီတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလများသည် စိုက်ပျိုးလို့ကောင်းသောအချိန်ဖြစ်သည်။
စိုက်ပျိုးခြင်း
အရှည် ၃ ပေ၊ အကျယ်၁ပေခွဲရှိသောကျင်းများကို ၁ပေခန့်နက်အောင်တူးရမည်။ မြေဆွေးနှင့် အပေါ်ယံမြေသား ဆတူရော၍ ကျင်းထဲသို့ထည့်ပေးပါ။ ကျင်းအလယ်တွင် ၄-၅ စေ့ခန့်ကို ၄ လက်မအနက်ချပြီး မြေပြန်ဖုံးစိုက်ပေးပါ။ ရေနေ့စဉ်မှန်မှန်လောင်းပေးဖို့လိုမည်။
အပင်ငယ်များ ၁ ပေခန့်ရှိပါက စင်ထိုး၍ အပင်တက်ရန်တိုင်များခပ်ကျဲကျဲထောင်ပေးပါ။ နှမ်းဖတ်/ပဲဖတ်ပုပ်ရည် ငါးအမိုင်နိုများ လောင်းပေးခြင်းဖြင့် အပင်ပြုစုနိုင်သည်။ စုပ်စားပိုးမကျရောက်အောင် ကင်းထောက်ပြီး သတိပြုရမည်။ စုပ်စားပိုးတွေ့လျှင် ဆပ်ပြာပိုးသတ်ဆေး တမာပိုးသတ်ဆေး ဆေးရွက်ကြီးစိမ်ရည်တို့ကို ဖျန်းပေးခြင်းဖြင့် နှိမ်နင်းနိုင်သည်။
ခူးဆွတ်ချိန်
ဆောင်းရာသီစိုက်ပျိုးသောအပင်များသည် ရက်ပေါင်း ၉၀ တွင် အသီးစတင်သီးသည်။ ၄၅ ရက်ခန့်ဆက်တိုက်သီးသည်။ နွေရာသီစိုက်ပျိုးသောအပင်မှာ အသီးလှီကင်းသည်။ တစ်ပတ်လျှင် ၅ ပိဿာခန့်ဆွတ်ခူးနိုင်သည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ပဲမျိုးစုံစိုက်ပျိုးနည်း” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
Yin Yin Htay
လွန်ခဲ့သော ၄ နှစ် ကသက်တမ်း
Yin Yin Htay
လွန်ခဲ့သော ၄ နှစ် ကပဲဇီးကွက်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026