အမွှေးအကြိုင်ပင် အမျိုးအစားများ
အပတ်စဉ် သောကြာနေ့တိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်ပင်များရဲ့ သဘောတရားများနှင့် အိမ်မှာပဲစိုက်ပျိုးနိုင်တဲ့နည်းလမ်းတွေကို လေ့လာနိုင်သွားပြီဆိုတော့ မိမိစိုက်ပျိုးလိုတဲ့ သီးနှံမျိုးတစ်မျိုးခြင်းစီရဲ့ အမျိုးအစားကိုလည်းသိထားမှသာ မည်မျှစိုက်ပျိုးမယ်၊ မည်မျှအသုံးပြုမယ်ကို ခန့်မှန်းထားနိုင်မှာလဲဖြစ်ပါတယ်။
ဒါ့ကြောင့် အမွှေးအကြိုင်ပင် အမျိုးအစားများအကြောင်းကို ဖော်ပြလိုက်ပါတယ်။
နှစ်ချင်းနှင့် နှစ်နှစ်ခံသီးနှံ
နှစ်ချင်းစားသီးနှံပင်သည် အပင်ဖြစ်ထွန်းချိန် တစ်ရာသီတည်းတွင် အစေ့မှ အညှောင့်ပေါက်သည်။ အပင်ဖြစ်ထွန်းသည်။ ပန်းပွင့်ပြီး မျိုးပွားသည်။ နောက်ဆုံးတွင် သေသည်။ နှစ်နှစ်ခံသီးနှံသည် ပထမရာသီတွင် အစေ့မှအညှောင့်ပေါက်သည်။ အပင်ဖြစ်ထွန်းသည်။ ဆောင်းရာသီတွင် မြုံနေပြီး နောက်နှစ်အပင်ဖြစ်ထွန်းချိန်ရာသီတွင် ပန်းပွင့်ပြီး မျိုးပွားသည်။ နောက်ဆုံး သေသွားသည်။ ပင်စိမ်းပင်(Basil) သည် နှစ်ချင်းသီးနှံဖြစ်ပြီး၊ တရုတ်နံနံ (Parsley) သည် နှစ်နှစ်ခံသီးနှံဖြစ်သည်။
နှစ်ရှည်သီးနှံ
နှစ်ရှည်ပင်များသည် ဆောင်းရာသီတွင် မြေပေါ်ပိုင်းသေလေ့ရှိပြီး၊ နွေဦးပေါက်တွင် မြေပေါ်ပိုင်း အပင်သစ် ပြန်လည်ဖြစ်ထွန်းလေ့ရှိသည်။ အများအားဖြင့် ပန်းပွင့်ပြီး သေလေ့ရှိသော ပင်စည်ရိုးပျော့ပင်မျိုးဖြစ်သည်။ တစ်ချို့မျိုးကမူ သစ်ပင်ကဲ့သို့ သစ်မာပင်စည်ရှိသည်။ ကလျာဏီပင်မျိုး (sage) သည် နှစ်ရှည်ပင်မျိုးဖြစ်သည်။
ချုံပုတ်ပင်
ချုံပုတ်ပင်သည် သစ်မာပင်စည်ရှိပြီး သစ်ပင်ကြီးမျိုးထက် အပင်ငယ်သည်။ ပင်စည်များစွာထွက်ပြီး အကိုင်းများသည် အပင်ခြေရင်းမှ စတင်ထွက်ကြသည်။ ရို့စ်မေရီ (Rosemary) နှင့် လာဗင်ဒါ (Lavender) ပင်တို့သည် ထင်ရှားသော ချုံပုတ်ပင်မျိုးတို့ဖြစ်ကြသည်။
သစ်ပင်
အသားမာသောအပင်များဖြစ်သည်။ ယေဘုယျအားဖြင့် ပင်စည်တစ်ခုတည်းသာရှိသည်။ သို့ရာတွင် တစ်ခါတစ်ရံတွင် ပင်စည် ၂-၃ ခုရှိနိုင်သည်။ အကိုင်းများသည် ပင်စည်ပေါ်၌ မြေကြီးနှင့်ကွာပြီး ထွက်ကြသည်။ ဆွိ(တ်)ဘေး (Laurusnobilis) သည် သစ်ပင်ဖြစ်ပြီး ၎င်း၏အရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြသည်။
ဒေါက်တာချစ်ရဲ၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ကိုသား
လွန်ခဲ့သော ၄ နှစ် ကစိုက်ပျိုးနည်း ထိန်းသိမ်းနည်းလည်းမပါဘူး
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026