ပရိုတင်းပါဝင်မှုများတဲ့ ပဲရာဇာ စိုက်ပျိုးမယ်
ပဲရာဇာ
ပဲရာဇာ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။
(က) သီးနှံအမည် - ပဲရာဇာ
(ခ) ဒေသအခေါ်အဝေါ် - ပဲနီလေး/ပဲရာဇာ
(ဂ) အင်္ဂလိပ်အမည် - LENTILS, SPLIT PEA
(ဃ) ရုက္ခဗေဒအမည် - ERVOM CULINARIS MEDIK LENS, ESCULENTA MOENCH
အသုံးပြုပုံနှင့် အဟာရတန်ဘိုး
ပဲနီလေး၊ ပဲဝါလေးပဲမျိုးကို ပါကစ္စတန်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန်ဖြင့် ရောချက်ပြုတ် စားသုံးလေ့ ရှိပါသည်။ ပဲဝါလေးသည် စျေးနည်းပြီး အဟာရပြည့်ဝသည့် ပဲမျိုးဖြစ်၍ ဥရောပနှင့် အမေရိကတောင်နှင့်မြောက်ပိုင်း တို့တွင်လည်း အသားများဖြင့် ရောချက်စားသောက်ကြပါသည်။ ပဲနီလေးအုပ်စုဝင် ပဲသည် အမိုင်နိုအက်စစ်၊ လိုင်စင်းအပါအဝင် ပရိုတိန်း ပါဝင်မှုများသောပဲဖြစ်၍ ကမ္ဘာတစ်ဝန်းတွင် သတ်သတ်လွတ်စားသုံးသူများအတွက် အဓိကအစားအစာဖြစ်ကြောင်း သိရပါသည်။
အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား
ပဲရာဇာသီးတောင့်၏ပုံသဏ္ဍာန်မှာ ပဲတီစိမ်းသီးအသေးစားပုံစံကဲ့သို့ ရှိပါသည်။ သီးတောင့်၏ အရွယ်အစားမှာ အလျား ဝ.၅ လက်မခန့်နှင့် အနံ ဝ.၂ လက်မခန့်ရှိပြီး သီးတောင့်တစ်တောင့်လျှင် ပဲစေ့ (၂) စေ့ခန့်ပါရှိပါသည်။
ပဲရာဇာတွင်ပါဝင်သော အဟာရဓါတ်များ
ပဲရာဇာတွင်ပါဝင်သော အာဟာရဓါတ်များမှာ အာဟာရဓါတ် စူးစမ်းရှာဖွေရေးနှင့် သုတေသန ဌာနမှ စမ်းသပ်တွေ့ရှိချက်များ အရ အောက်ပါအတိုင်းပါဝင်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးထုတ်လုပ်သည့်ဒေသ
ပဲရာဇာကို မြန်မာပြည်တွင် အနည်းအကျဉ်းသာ စိုက်ပျိုးထုတ်လုပ်ပါသည်။ ပဲရာဇာကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သာ အသင့်အတင့် စိုက်ပျိုးထုတ်လုပ်ကြပါသည်။
ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ
ပဲရာဇာသည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့၏ ရာသီဥတုနှင့် စိုက်ပျိုးမှုဖြစ်ထွန်းပါသည်။ အစောပိုင်း ပူအိုက်စွတ်စိုမှုကို လိုအပ်၍နောက်ပိုင်းအချိန်တွင် မိုးနှင်းရရှိမှုကို ကြိုက် နှစ်သက်သော သီးနှံအမျိုးအစား ဖြစ်ပါသည်။
ပဲရာဇာကိုအောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ပဲရာဇာကို စိုက်ပျိုးရာတွင် တန်းကြား (၁.၅) ပေမှ (၂) ပေအထိ အကွာအဝေးထား၍ ပင်ကြားမှာ (၆) လက်မမှ (၈) လက်မထိထား၍ စိုက်ပျိုးပါသည်။ အပင်များရှင်သန်ဖြစ်ထွန်းရန်အတွက် သံထွန်ဖြင့် ကြားလိုက်ခြင်း၊ ပေါင်းသင်းခြင်းများပြုလုပ်ပေးရပါသည်။
ပဲရာဇာကို ဖေဖေါ်ဝါရီလ (၁၅) ရက်မှ မတ်လ (၁၅) ရက်ကာလအတွင်း ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းမှုတွင် ရာသီအပူ၊ အအေးကိုမီ၍ရင့်မှည့်မှုအလိုက် အနည်းငယ်အချိန်ကာလ ကွာခြားတတ် ပါသည်။ ပဲရာဇာ၏အသက်ရက်မှာ (၁ဝဝ) မှ (၁၂ဝ) ရက်ခန့် ရှိပြီး ပွင့်ရက်ကာလမှာ (၄ဝ) မှ (၄၅) ရက်နေ့ခန့်ဖြစ်တတ်ပါသည်။
စားသုံးနည်းများ
ပဲရာဇာကိုအများအားဖြင့် ဟင်းချိုချက်၍စားသုံးကြပါသည်။ ဟင်းချက်ရာတွင် အချိန်အနည်းငယ် အတွင်းချက်ပြုတ်နပ်လွယ်၍ နူးညံ့သောပဲအမျိုးအစားဖြစ်ပါသည်။ စားသုံးရာတွင် ဘေးအန္တရာယ် မဖြစ်စေနိုင်ဘဲ အာဟာရဓါတ်ပြည့်ဝစေနိုင်ပါသည်။ စနစ်တကျ ချက်ပြုတ်စားသုံးပါက အစာကြေညှက်ပြီး လေကောင်းစွာ သက်စေနိုင်ပါသည်။ ချက်ပြုတ်ရာတွင် ကောင်းစွာ မကျက်ဘဲစားသုံးလျှင် ဆီးအဆိပ် ဖြစ်စေနိုင်သဖြင့် ကျက်အောင်ချက်၍ စားရမည်ဖြစ်ပါသည်။
source - http://www.mpbsma.org/products/beans/lentil
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026