အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှင်းဆီပင်ကို အာလူး အသုံးပြု ၍ ပျိုးထောင်ခြင်း

နှင်းဆီပင်ကို အာလူး အသုံးပြု ၍ ပျိုးထောင်ခြင်း

Green Way
Green Way • 07/02/2018

အာလူးဟာ စား၍အရသာရှိရုံတင်မက တခြားနေရာတွေမှာလဲ အရမ်းအသုံးဝင်ပါတယ်။ အာလူးဟာ နှင်းဆီပင်ပျိုးဖို့ နှင်းဆီ ရိုးတံဖြတ်တွေအတွက် လုံလောက်တဲ့ အဟာရဓါတ်တွေ၊စိုထိုင်းဆ တွေနဲ့ပြည့်စုံပြီး  နှင်းဆီပျိုးတံကို ကျန်းမာသန်စွမ်းတဲ့ အမြစ်တွေထွက်ရှိ…ဖွံ့ဖြိုးစေပါတယ်။

 သင့်မှာနှင်းဆီပင်တွေရှိတယ်။မျိုးအတွက် ပျိုးပင်တွေ ထပ်ပျိုးချင်တယ်ဆိုရင်တော့အာလူးအသုံးပြု ပျိုးနည်းကို စဉ်းစားစေချင်ပါတယ်။ ဒီနည်းက အပင်စိုက်ပျိုးစ…သူတွေအတွက်ရိုးရှင်းလွယ်ကူတဲ့အပြင်…စိုက်ပျိုးကုန်ကျစရိတ် သက်သာချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့နည်းတခု ဖြစ်ပါတယ်။

၁။ ပထမဦးဆုံးကျန်းမာသန်စွမ်းတဲ့ နှင်းဆီပင်တွေကနေ ၄၅ံ စောင်းပြီးထွက်နေတဲ့ နှင်းဆီ ရိုးတံ များကို  ၈လက်မ အရှည် .. ဖြတ်ပါ။  ဖြတ်တဲ့ကတ်ကျေးဟာ ..ပိုးသတ်ပြီး ..  သန့်ရှင်းစေရန် သတိပြုပါ။ အဲဒီဖြတ်ပြီးတဲ့ ရိုးတံများကို ချက်ချင်း.. စိုက်ပါ။( သို့မဟုတ်) ချက်ချင်းမစိုက်နိုင်ပါက ရိုးတံဖြတ်များကို..  သန့်ရှင်းသောရေထဲသို့အရင်းပိုင်းမှစိမ်ထားပါ။(သို့)ပလတ်စတစ် အိတ်ဖြင့်ထည့်ပြီး ရေခဲတုံးပေါ်တင်ပြီးသိမ်းပါ။ ရိုးတံများကို ဖြတ်ပြီးပြီးချင်း….ချက်ချင်းအသုံးပြုပါကပိုမိုကောင်းမွန်ပါသည်။

၂ ။ အပွင့်ညှိုး၊ အဖူးညှိုးနေတာတွေကို ဖယ်ရှားပစ်ပါ။ ရိုးတံအရင်းက အရွက်များကိုလည်းဖယ်ရှားပါ။ အဖျားပိုင်းမှ ကျန်းမာ သန်စွမ်းသော အရွက်များသာချန်ပါ။

၃။ အလယ်အလတ်ဆိုဒ်ပန်းအိုး၁ လုံး တွင် မြေသြဇာကောင်းမွန်သော မြေကို ထည့်ပါ။ စွတ်စိုစေရန် ..ရေ အနည်းငယ်ဖြန်းပါ။

၄။ မျက်စိများဖယ်ထားပြီးသောအာလူး(အရွယ်ခပ်ကြီးကြီး) ကို သန့်ရှင်းတဲ့ ဝက်အူလှည့်( Screw Driver) နဲ့ ၃လက်မလောက်အနက် အပေါက်ဖေါက်ပါ။ အပေါက်ရဲ့ အရွယ်အစားက ထည့်မဲ့ရိုးတံရဲ့ အရွယ်အစားနဲ့ညီအောင်ဖေါက်ပါ။ အပေါက်သေးနေပါက.. ရိုးတံထည့်လို့ရသည်အထိ ချဲ့ပါ။

၅။ ရိုးတံရဲ့အရင်းပိုင်းကို အမြစ်ထွက် ဟော်မုန်းအမှုန့်သုတ်လိမ်းပါ။ ပိုနေသည်များကိုခါချပစ်ပါ။ ဒီအဆင့်က မလုပ်လဲရပေမဲ့ အမြစ်ထွက်ဟော်မုန်းက အမြစ်ကြီးထွားသန်စွမ်းဖို့ အားပေးပြီးအပင်သန်စွမ်းစေပါတယ်။ အမြစ်ထွက် ဟော်မုန်းသုတ်လိမ်းထားသည့်ဘက်မှ..ရိုးတံအား… ကြိုတင်ဖေါက်ထားသည့် အာလူးအပေါက်ထဲသို့ထည့်ပါ။

၆။ ပန်းအိုးထဲမှမြေကြီးများကို အားလူးထည့်လို့ရသည်အထိ သန့်ရှင်းသော မြေတူးဇွန်းဖြင့် တူးပါ။

၇။ တူးထားသောကျင်းထဲသို့အာလူးကိုထည့်ပါ။ အာလူးသာမြုပ်ပြီး ရိုးတံအရင်းပိုင်းကမြေပေါ် ..ပေါ်နေစေရန်သတိပြုပါ။

၈။ သန့်ရှင်းခြောက်သွေ့သော ဆိုဒါဗူးခွံ၊ ကိုလာဗူးခွံ၊ တို့ကို ထိပ်၂ဖက် ဖြတ်ပြီး ပုံပါအတိုင်းပျိုးတံကိုစွပ်ပါ။  ဗူးခွံကိုမြေကြီးတွင်စွဲမြဲစေရန်…အောက်သို့လှည့်တွန်းပြီးထည့်ပါ။

၉။ ပျိုးအိုးကိုနေရောင်တိုက်ရိုက်မကျသော…. နွေး၍ အလင်းရသောနေရာမှာထားပါ။ ပျိုးပင် လေရှူ နိုင်အောင် ပလတ်စတစ်ဗူးခွံကိုနေ ့စဉ် မိနစ် အနည်းငယ်ခန့်ဖယ်ရှားပေးပါ။  ပျိုးပင်မှာအရွက်အတက် အသစ်များထွက်လာသည်ကို မတွေ့မချင်းဘာမှမလုပ်ပါနှင့်။  မြေကြီးအားကောင်းမွန် စိုစွတ်အောင်ထားပါ။  (ရေလဲအရမ်းမများအောင်ဂရုစိုက်ပါ။ ရေများပြီးအရမ်းစိုစွတ်လွန်းရင်ပျိုးပင်နဲ့အာလူးများပုပ်သွားနိုင်ပါတယ်။)

၁၀။ ၂ပတ်ခန့်အကြာ…. အပင်ရွှေ့ပြောင်းဖို့ခံနိုင်ရည်ရှိပြီလို့ သင်ထင်ပြီ ဆိုရင်တော့ ပျိုးပင်ကို အပေါ်သို့အနည်းငယ်ဆွဲထုတ်ကြည့်ပါ။ အမြစ်သစ်များကောင်းမွန်စွာ ထွက်နေတာကိုတွေ့ရပါမယ်။

၁၁။ ပလတ်စတစ်ဗူးခွံကိုဖယ်ပြီး၊ ပျိုးအိုးကို နေရောင်ပိုမိုရရှိပြီး အလင်းရောင်ကောင်းစွာရရှိတဲ့နေရာသို့  ပြောင်းရွှေ့ပါ။ပျိုးပင်ကောင်းမွန်စွာ..သန်မာကြီးထွားလာသည်အထိ ထိုနေရာတွင် ထားပါ။  မြေကြီးစိုစွတ်နေပါစေ။

၁၂။ပြင်ပအပူချိန် ခံနိုင်ရည်ရှိတဲ့ အထိပျိုးပင် ..သန်မာကြံ့ခိုင် လာအောင်. .လုံလောက်တဲ့ အလင်းရောင်ရရှိပြီး… အကာအရံရှိ တဲ့နေရာမှာ ပျိုးအိုးကို နေ့စဉ်နာရီ အနည်းငယ်ခန့်ထားပေးပါ။မြေကြီးများစိုစွတ်နေပါစေ။

၁၃။ ပျိုးပင်သန်မာကြံ့ခိုင်ပြီးတပတ်အကြာ… မိမိရဲ့ ဥယျာဉ်မြေကွက်လပ်သို့ရွှေ့ပြောင်းစိုက်နိုင်ပြီဖြစ်ပါတယ်။

Win Thaw Nyein

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Thein Zaw Win

Thein Zaw Win

လွန်ခဲ့သော ၄ နှစ် က

အမြစ်ထွက်ရန်ဘာဟော်မုန်းဆေးလဲဆရာပြောပေးပါအုံးဆရာ

kyawkyawsan

kyawkyawsan

လွန်ခဲ့သော ၅ နှစ် က

နှင်းဆီပင်ဘယ်လိုပြုပြင်အဆင်ပြေမလဲ

ဦးကြည်စိုး

ဦးကြည်စိုး

လွန်ခဲ့သော ၅ နှစ် က

ပလပ်စတစ်ဗူးခွံကိုဘယ်လိုစွပ်ရလဲရှင်းပြပါ စွပ်ထားပုံလေးလဲတင်ပေးစေချင်ပါတယ်၊ ပုံပါအတိုင်းဆိုပြီးပုံမတွေ့ရလို့ပါ။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 5 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။