ကင်ပွန်းချဉ် စိုက်ပျိုးနည်း
ကင်ပွန်းချဉ်မျိုး တစ်မျိုးတည်းသာရှိပြီး မူရင်းဒေသကိုတော့ မှတ်တမ်းတင်ထားခြင်း မတွေ့ရှိပါ။
မြန်မာအမည်မှာ ကင်ပွန်းချဉ်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Soap Pod ဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် Acacia concinna ဖြစ်ပြီး MIMOSACEAE မျိုးရင်းတွင် ပါဝင်သည်။
စိုက်ပျိုးသည့်ဒေသ
ရှေးယခင်က ခြံစည်းရိုးတန်းအဖြစ်စိုက်ပျိုးပြီး အညွန့်ခူးရောင်းချကြသည်။ ယခုအခါ ကင်ပွန်းချဉ်ကို စီးပွားဖြစ် အခင်းလိုက်စိုက်ပျိုးလာကြပြီး အညွန့်ထွက်အောင် ပြုပြင်ပေးကြသည်။ ဒေသမရွေးစိုက်ပျိုးနိုင်ကြသည်။
ရေမြေရာသီဥတု
မိုးများသော အောက်မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်းသည်။ အထက်ပိုင်းတွင်လည်း ရေစနစ်တကျ ပေးနိုင် ပါက ဖြစ်ထွန်းနိုင်ပါသည်။ မြေဆွေဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ဖြစ်ထွန်းသည်။ ရေဝပ်ခြင်းကို မကြိုက်လို့ ရေကောင်းစွာထုတ်ပေးရန်လိုအပ်သည်။
စိုက်ခင်းမြေပြုပြင်ခြင်း
မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကို မြေမချမီတစ်ပတ်ခန့်အလိုတွင် စိုက်ခင်းမြေပြင်ရမည်။ စိုက်ခင်းနေရာကို မြက်ပြောင်အောင်ရှင်း၍ နွားထွန်ဖြင့်သော်လည်းကောင်း၊ ပေါက်ပြားဖြင့်လည်းကောင်း မြေလှန်ပေးရမည်။ ပြီးနောက် မြေကို ညီညာအောင် ပြန်ညှိထားရမည်။
စိုက်ပျိုနည်း
မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကိုင်းကို မြေလုံးမပျက် အုန်းဆံမခွာပဲ စိုက်ရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား ၆ ပေ၊ ပင်ကြား ၃ ပေခြား၍ အကိုင်းကြီးလျှင် မြေအနက် ၆ လက်မ ၊ အကိုင်းသေးလျှင် ၄ လက်မ မြှုပ်၍ စိုက်သည်။ မြေထုပ်စီးကိုင်းကို မတ်မတ်ထောင်နေအောင်စိုက်ရသည်။ ပြီးနောက် အပင်ရင်းတွင် မြေကို ၄ လက်မခန့် မြင့်အောင်ဖုံးပေးပြီး မြေမဟာစေရန် လက်ဖြင့် ဖိပေးရသည်။
မိုးပြတ်သွားပါက (၃)ရက်ခန့်ဆက်တိုက် နေ့စဉ် တစ်နေ့တစ်ကြိမ် ရေလောင်းပေးရန်လိုသည်။
မျိုးပွားနည်း
မြေထုပ်စည်းနည်းဖြင့် မျိုးပွားကြသည်။ စိုက်ချိန်ပေါ်မူတည်၍ တစ်လခန့် ကြိုတင်ပြီး မြေထုပ်စီးကြသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ကို ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မြေထုပ်စီးကြသည်။ မြေထုပ်စီးပြီး (၂၁) ရက်တွင် အမြစ်စထွက်ပြီး (၇) ရက်ခန့်တွင် အကိုင်းဖြတ်စိုက်နိုင်သည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း၊ အစေ့ကို ပျိုးထောင်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အစေ့စိုက်အပင်သည် အညွန့်ထွက်နိုင်ရန်ကြာသဖြင့် ထိုနည်းကို အသုံးမပြုပဲ မြေထုပ်စီးနည်းကိုသာ အသုံးပြုကြသည်။
မြေဩဇာကျွေးနည်း
ကင်ပွန်းချဉ်စိုက်ပျိုးပြီးစအခင်းတွင် စိုက်ပြီး (၃) ပတ်မှ တစ်လအတွင်း (၁၀)လံမြောင်း တစ်မြောင်းလျှင် ယူရီးယားဓာတ်မြေဩဇာ နို့ဆီဘူးဝက်ခန့် ကျွေးကြသည်။ ထို့ပြင် စိုက်ပြီးစ အခင်းတွင် နိုဝင်ဘာလလျှင် (၁၀)လံ မြောင်းတစ်မြောင်းကို နွားချေးဆွေးခွဲတောင်း (၁၀) တောင်းခန့်ကျွေးပေးသည်။ နွားချေးဆွေးကျွေးရာတွင် ဘောင်ခွဲပြီးကျွေးရသည်။ မြေပြန်ဖုံးပေးရသည်။ ဘောင်ခွဲရာတွင် အပင်အမြစ်များမထိခိုက်အောင် ဂရုစိုက်ရ သည်။ ရွက်နုထွက်ရန်အတွက် အကိုင်းချိုင်ပြီးသည်နှင့် မြေဩဇာကျွေးရသည်။
အပင်ပြုပြင်ခြင်း
အပင်များကို (၄) ပေခန့် အမြင့်ထားပြီး လုံးဝိုင်းပုံဖြစ်သွားအောင် အကိုင်းများကို ချိုင်ပေးရသည်။ အရွက်ပြောင် အောင်လည်း ချွေပေးရသည်။ ရွက်ကြမ်းချသည်ဟုခေါ်သည်။
စိုက်ခင်းတွင် အကိုင်းချိုင်ပြီးသည်နှင့် မြေဩဇာကျွေးပြီး ရေဝအောင်လောင်းပေးရသည်။ ငုတ်တက်စိုက်ခင်းတွင် အကိုင်းချိုင်ပြီး (၁၅)ရက်တွင် အညွန့်သစ်များထွက်သည်။ (၄) ပေအမြင့်ထားပြီးချိုင်သောစိုက်ခင်းသည် (၃) ပတ်ခန့်ကြာလျှင် အညွန့်သစ်ထွက်လာသည်။ အကိုင်းချိုင်ခြင်းကို တစ်နှစ်လျှင်တစ်ခါ နိုဝင်ဘာလတွင် ပြုလုပ်ပေးကြသည်။
ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
မြေဩဇာ အပြည့်အဝကျွေးပြီး ရေအပြည့်အဝလောင်းပေးလျှင် (၅) ရက်တစ်ကြိမ်ခန့် ဆွတ်ခူးနိုင်သည်။ အညွန့် ခူးခြင်းကို တစ်နွေလုံးခူးနိုင်ပြီး အောက်တိုဘာလတွင် မခူးပဲ (၂) လခန့် အနားပေးကြသည်။
ကင်ပွန်းချဉ်အညွန့်ကိုခူး၍ စီးပွားဖြစ်စိုက်ပျိုးရောင်းချသော စိုက်ခင်းများတွင် အသီး သီးသည်အထိ မထားပါ။ ကင်ပွန်းချဉ်အသီးကို အမျိုးသမီးများ ခေါင်းလျှော်ရည်တွင် လျှော်ခေါက်နှင့်အတူ ထည့်ပြုတ်ပြီး သုံးလေ့ရှိကြသည်။ တစ်ဧက တစ်ခါခူးလျှင် ကင်ပွန်းချဉ်အစီးပေါင်း (၁၂၀၀) ခန့်ရနိုင်ပါသည်။ (၅) ရက်တစ်ကြိမ်ကျ ခူးသဖြင့် တစ်ဧကစိုက်ခင်းမှ တစ်လလျှင်အစီးပေါင်း (၇၂၀၀၀) ခန့်ရနိုင်ပါသည်။
Shwe-Yee-linn
လွန်ခဲ့သော ၃ နှစ် ကခွာရပါတယ်
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကမဇူးဇူးအကောင့်ပိုင်ရှင်ပျိုးဝယ်ရမည့်လိပ်စာလေးညွှန်ပြပေးပါခင်ဗျ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဘယ်နယ်မှာပျိုးပင်ဝယ်လို့ရလည်း နေရပ်လိပ်စာဖော်ပြပေးပါခင်ဗျ ဆက်သွယ်ရမည်နည်းလမ်းညွှန်ပြပေးပါစိုက်ပျိုးရေးလုပ်ရန်မှာယူခြင်ပါသည်
သော်ဇင်
လွန်ခဲ့သော ၄ နှစ် ကညူးး
ချစ်မင်းလူ
လွန်ခဲ့သော ၄ နှစ် ကမြေထုပ်စည်းရင် အပေါ်ခွံခွာရသေးလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026