စိမ်းစားဥ စိုက်ပျိုးနည်း
စိမ်းစားဥကို အချို့အညာဒေသများတွင် ပဲစိမ်းစားဥဟုလည်း ခေါ်လေ့ရှိသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် စိမ်းစားဥလှိုင်လှိုင်ပေါသည်။ မူရင်းဒေသမှာ မက်စီကိုနှင့် အနောက်တောင်အမေရိကတို့ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်ပြီး ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးကြသည်။
စိမ်းစားဥသည် ရာသီဥတုအမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး မျှတသောအပူချိန်နှင့် မိုးရေချိန်အသင့်အတင့်လိုအပ်သည်။ သဲနုန်းမြေတွင် ကောင်းစွာပေါက်ရောက်ပြီး ရေဝင်ရေထွက်ကောင်းသောမြေတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးမည့်မြေကို ထယ်တစ်စပ်/နှစ်စပ် ဝင်ပေးပြီး ကြမ်းတုံးရိုက်ကာ (၂) ပေအကွာစိုက်မြောင်းများဖော်ပြီး စိုက်ပျိုးရသည်။ မျိုးစေ့များကို အနက် ၂-၃ လက်မ ခန့်ချပြီး ကြွက်မြီးတန်းအလိုက်စိုက်ပျိုးပါ။
အပင်ပြုစုစောင့်ရှောက်ခြင်း
အပင်ပေါက်ပြီး ၆-၈ လက်မရောက်သောအခါ တစ်ပင်နှင့်တစ်ပင် ၆ လက်မခြားစေရန် ကြားအပင်များကို နှုတ်ပေးပါ။ အပင်ပေါက်ပြီး ၂ ကြိမ်၊ ၃ ကြိမ် ပေါက်တူးဖြင့် မြေဆွခြင်း၊ ပေါင်းသင်ခြင်းပြုလုပ်ပေးပါ။
ပိုးမွှားရောဂါများ
အစေ့များကို ကျိုင်းများဖျက်ဆီးနိုင်သည်။ အပင်ပေါက်များတွင် မိုစေ့ရောဂါများဖြစ်တတ်ပြီး ထိုမှတစ်ဆင့် ဗိုင်းရပ်များဖြစ်ပွားစေကာ အမြစ်နဲ့အစေ့များကို ကူးစက်နိုင်သည်။ အရွက်များအဝါရောင်ပြောင်းလာကာ ရောင်မညီကွက်ကြားများဖြစ်တတ်ပြီး အမြစ်ဥများသည် သေးငယ်နေသောလက္ခဏာများ တွေ့ရတတ်ပါသည်။ ဘက်တီးရီးယားရွက်ပြောက်ရောဂါများလည်း သတိပြုရပေမည်။
ရိတ်သိမ်းခြင်း
ဥများကောင်းစွာကြီးထွားရန်အတွက် ၅ လ မှ ၈ လ အထိအချိန်ကြာသည်။ အပင်ကြီး၍ ညှိုးကျလာသောအခါမှာ ဥများကိုတူးဖော်နိုင်သည်။ အမြစ်များကို များသောအားဖြင့် လက်ဖြင့်တူးဖော်လေ့ရှိသည်။ ဧကအများအတွက်ဆိုလျှင် ထွန်ဝင်၍ တူးဖော်ကြသည်။ တစ်ဧကလျှင် စိမ်းစားဥပိဿာ (၂၀၀၀မှ ၆၀၀၀) ခန့်အထိ ထွက်သည်။ ညအပူချိန် ၉-၁၀ ဒီဂရီစင်တီဂရိတ်မှာ ထိန်းသိမ်းထားမယ်ဆိုရင် အမြစ်ဥများပျက်စီးနိုင်သည်။ သုညဒီဂရီစင်တီဂရိတ်နှင့်အထက် သိုလှောင်ထားပါက အနည်းဆုံး ၂ လတိုင် သိုလှောင်နိုင်ပေသည်။ မရင့်သေးသော သက်တမ်းတိုသောအမြစ်ဥများထက်စာလျှင် သက်တမ်းရင့်သောအမြစ်ဥများသည် ထိန်းသိမ်းရပိုလွယ်ပြီး ကွင်းထဲတွင်လည်းသိုလှောင်ထားနိုင်သည်။
အသုံးပြုပုံ
အဓိကအားဖြင့် ဥကို အများအားဖြင့် စားသုံးလေ့ရှိကြပါသည်။ နွေရာသီတွင် အဆာပြေအစာတစ်ခုအနေနဲ့ စားသုံးလေ့ရှိသည်။ ဥများသည် နို့နှစ်ရောင်အသားနှင့် အပြင်အခွံမှာ အဖြူရောင်ရှိသည်။ မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သောကြောင့် ပိုးမွှားအန္တရာယ်ကင်းအောင် အခွံနွှာရုံသာမက ရေစင်စင်ဆေးပြီးမှသာ လတ်လတ်ဆတ်ဆတ် စားသုံးသင့်ပါသည်။ အရည်ရွမ်းသော သီးနှံတစ်မျိုးဖြစ်သည်။ ဥများကို ကြော်စား၊ အချဉ်တည်ပြီးလည်း စားသုံးကြသည်။ တစ်ချို့နိုင်ငံများတွင် သီးတောင့်များကို ကြော်စားကြသည်။ ဖူဂျီကျွန်းများတွင် ပင်စည်ကအမျှင်များနှင့် ငါးဖမ်းပိုက်များပြုလုပ်ပြီး အသုံးပြုလေ့ရှိကြသည်။ အပင်တစ်ပင်လုံးကို မြေကြီးနဲ့ရောသမအောင် ထယ်မွှေပြီး သစ်ရွက်စမ်းမြေသြဇာအနေနဲ့ အသုံးပြုလို့ရပါသည်။
ကိုးကား- http://www.nzdl.org/gsdlmod?e=d-00000-00---off-0hdl--00-0----0-10-0---0---0direct-10---4-------0-1l--11-en-50---20-about---00-0-1-00-0--4----0-0-11-10-0utfZz-8-00&cl=CL1.15&d=HASH017e5342c4df6794537cc5ed.38&x=1
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ZawMoe Aung
လွန်ခဲ့သော ၉ လ ကမျိုးစေ့ ဘယ်မှာဝယ်လို့ရလဲဗျ
khaing zaw aung
လွန်ခဲ့သော ၁ နှစ် ကသုံးရမဲ့ ပိုးသတ်ဆေး အားဆေး မှိုဆေး ဥဖွံ့ဖြိုးဆေးလေးတွေညွှန်းပေးစေချင်ပါတယ်
ကိုထွန်းလွင်
လွန်ခဲ့သော ၄ နှစ် ကဘယ်လိုအချိုန်စိုက်ပျိုး
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026