အကြွေးတွေ ကျေချင်ရင်
အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြဿနာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်အလေ့အထနည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အလုပ်ပိုလုပ်ပါ။
ဆင်ခြေတွေဘေးဖယ်ထားလိုက်ပါ ရိုးရိုးလေးပဲတွေးပါ၊ အကြွေးတွေများလာရင် အသုံးလျှော့ချပြီးအလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ ရာထူးတက်မှလစာပိုရမှ ဖြစ်နိုင်မှာပေါ့ အခုအချိန်မှာလည်း ဘာအလုပ်မှရှာလို့မရဘူး တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ သင့်အလုပ်ချိန်ပြီးတာနဲ့ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခုလို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။
(၂) ငွေတွေ ပိုရှိလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။
တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ ငွေဆိုတာလွယ်လွယ်မသုံးချင်တဲ့သူမရှိပါဘူး လူဆိုတာလဲ လိုချင်တာတွေဘယ်တော့မှ မပျောက်သွားပါဘူး။ သို့သော်ဆင်ခြင်ပါ ကိုယ့်အခြေအနေကိုပြန်အကဲခက်ပါ အကြွေးမြန်မြန်ကျေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကျေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။
(၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။
ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ အပေါင်ပစ္စည်းပေးပြီးချေးထားရင်ညှိကြည့်ပါ။ အသုံးမလိုတာတွေရှိရင် ရောင်းချပြီး ငွေထွက်လာအောင်လုပ်ပါ။ အကြွေးဆပ်လိုက်ပါ။
(၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။
တစ်လလုံး ခြိုးခြံပြီး စားလိုက်ရတာက ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် ငွေအနည်းအများတွေပြန်ပေါ်လာမှာပါပဲ။ အကြွေးတွေ မဆပ်နိုင်ခြင်းကသာ ဝန်ပိစေတာပါ။ အခုမပေးလည်း နောက်ပေးရမှာပါပဲ။ စားစရိတ်၊ အသုံးစရိတ်တစ်ချို့ကို လျှော့သုံးဖို့ကြိုးစားကြည့်ပါ။ အတိုးသမားကို အရစ်ကျအတိုးနဲ့အရင်းတွဲဆပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ မဟုက်ရင်အတိုးပဲဆပ်နိုင်ပြီး တစ်သက်လုံးအရင်းမကျေနိုင်တာမျိုးဖြစ်နိုင်ခြေရှိပါတယ်။ အတိုးချည်းဆပ်တာထက်စာရင် အတိုးနဲ့အရင်းမျှဆပ်တာက အချိန်တိုအတွင်းမှာ အကြွေးတွေမြန်မြန်ကျေစေပါတယ်။ သင့်လည်း မြန်မြန်စိတ်ချမ်းသာရမှာပါ။
(၅) ခပ်ပေါ့ပေါ့မတွေးပါနဲ့။
အခုအချိန်ဘယ်သူမှပြန်မပေးနိုင်ဘူးဆိုတဲ့အတွေးနဲ့ရှေ့မဆက်ပါနဲ့ ကိုယ့်ကိုကိုယ်အသိဆုံးပါ ၃ လ ၆ လ ထပ်ရွှေ့ရင်ရောအတိုးမတက်နေဖူးလား အဲဒီအချိန်ရောက်ရင်ရောတကယ်ပြန်ပေးနိုင်မှာလား ပြဿနာဆိုတာနောက်ရွှေ့လိုက်တိုင်း ရှင်းသွားမှာမဟုက်ပါဘူး။ လက်တွေ့ကျကျစီမံရင်ဆိုင်ရမှာတွေပါ။ နောင်တစ်ချိန်သင်လုပ်ငန်းအိမ်တွင်းရေးကျမ်းမာရေးအရေးပေါ်တွေလိုအပ်ချက်ဖြစ်လာခဲ့ရင်အရင်ကမပေးဆပ်ခဲ့တာတွေကသင့်ကို အခွင့်အရေးပြန် လည်ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ လက်ရှိအခြေအနေအရဆိုရင်လဲ့ ဘယ်မှာယူထားတယ်ဘယ်သူကနောက်ကျထားတယ် ပြန်မဆပ်ထားဘူးဆိုတာတွေ့ တရားဝင်အသိအမြင်ရယူလို့ရနေပါပြီ။ လိမ်ချင်တယ်ပြန်မဆပ်ဖူးဆိုရင်တစ်ခါထက်ပိုမလုပ်နိုင်တော့ပါဘူး ဒီတစ်ခါပဲဖြစ်တာလို့မထင်မှတ်ပါနဲ့ ကိုယ့်သမိုင်းကိုတီထွင်ဖန်တီးတာကက်ုယ်တိုင်လုပ်ဆောင်ချက်ပါ။အကြွေးမကျေခြင်းရဲ့ အဓိက တရားခံက “ငါအတိုးမှန်မှန်ပေးနေတာပဲ အတိုးဆပ်နိုင်ရင်တော်ပြီပေါ့၊ ငွေပိုထွက်လာမှ အရင်းကို လုံးခနဲဆပ်လိုက်မယ်” ထိုကဲ့သို့တွေးခြင်းပါပဲ။ တစ်ချို့က အဲလိုတွေးပြီး ကိုယ့်ရဲ့ပုံမှန်နေ့စဉ်အသုံးစရိတ်ကို လုံးဝမလျှော့ချပါဘူး။ ဒါ့အပြင် စိတ်ရှိတိုင်း သုံးပစ်တတ်ကြပါသေးတယ်။ အဲဒါက သင့်ကို အတိုးပေါ်အတိုးဆင့်လာစေသလို၊ နောက်ထပ် အကြွေးတွေထပ်တင်ဖို့လည်း လွယ်ကူသွားစေပါတယ်။
(၆) ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။
တစ်ခါတစ်လေ သုံးချင်တာပေါ်လာရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လိုက်ပါ။ “ငါ့မှာ အကြွေးဘယ်လောက်ရှိနေသလဲခုဝယ်မယ့်ပစ္စည်းက လိုအပ်လား၊ မလိုအပ်ဘူးလား၊ လိုချင်နေတာလား” အဲလိုပြန်တွေးကြည့်ပါ။ လိုချင်နေတာမျိုးဆိုရင်တော့ ခုချိန်မျိုးမှာ မဝယ်သင့်သေးပါဘူး။ ငွေအလကားကုန်ပါတယ်။ အကြွေးတွေကို အမြဲသတိရနေဖို့မလိုပေမယ့် အမြဲလည်း မေ့ထားလို့မဖြစ်ပါဘူး။ အလဟဿ သုံးမိတော့မယ်ဆိုရင် အကြွေးရှိနေတာကို သတိရပါ။ သင့်လက်ထဲ ပိုက်ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့်ကိုအကြွေးဆပ်ဖို့ သတိရစေမှာပါ။ အကြွေးကို စိတ်ညစ်လို့ အမြဲတစေမေ့ထားပြန်ရင်တော့ သင့်လက်ထဲငွေတွေရလာတဲ့အခါ သင်သုံးချင်တာသုံးမိပြီး အကြွေးတွေက မလျော့တဲ့အပြင် ထပ်တောင်တိုးလာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ပြီးတော့ ဖြေးဖြေးချင်းဆပ်သွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။
Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Jason
လွန်ခဲ့သော ၃ နှစ် ကဒီဘက်က အသုံးမဝင်ဘူးဆိုတဲ့ ၃ယောက်က ဘောစိတွေပေါ့😁😁😁
Ma Pyae Pyae Phyo May
လွန်ခဲ့သော ၃ နှစ် ကအခုလိုတင်ပေးတဲ့အတွက် အကြွေးကိစ္စဘယ်လိုဖြေရှင်းရမလည်း စိတ်ထဲပေါ့ပါးသွားတာအမှန်ပါ ကျေးဇူးတင်ပါတယ်ရှင်
Htun Pyae
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပဲဗျာ ဒါလေးဝင်ဖတ်လိုက်တော့ စိတ်လေးနဲနဲပေါ့သွားတယ်
Htun Pyae
လွန်ခဲ့သော ၃ နှစ် ကခေါင်းစဥ်ကိုက အကြွေးတွေကျေချင်ရင်တဲ့ ကိုယ်တိုင်အကြွေးမရှိရင် ဝင်မဖတ်နဲ့ပေါ့ဗျာ ဒါပဲရှိတာပဲ
ကိုကြည်သိန်း
လွန်ခဲ့သော ၄ နှစ် ကဒီလိုအကြံပေးစာတွေဖက်ရလိုဝမ်းသာပါတယ်
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
Content provider
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026