အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငွေရေး ကြေးရေး စီမံကြမယ်

ငွေရေး ကြေးရေး စီမံကြမယ်

Mango Magazine
Mango Magazine • Greenovator • 05/06/2019

ဒီတစ်ပတ်မှာတော့ ဒေါ်မြနဲ့ဒေါ်လှတို့ရဲ့ ဇာတ်လမ်း ၂ ခုကို နှိုင်းယှဉ်ကြည့်ကြည့်ရအောင်

လမ်းထဲက ဒေါ်မြကတော့ အသေးစားငွေချေးဘဏ်တစ်ခုစီက ငွေ ၂ သိန်း ချေးပြီး မုန့်ဟင်းခါးဆိုင်လေး ဖွင့်ထားပါတယ်။ တစ်နေ့ကို  ၄၀၀၀ လောက် ဝင်ငွေရှိပြီး တစ်ပတ်ကို  ၂၈၀၀၀ လောက် ပုံမှန်ရနေပါတယ်။ ပိုက်ဆံချေးထားတဲ့ ဘဏ်ကို အပတ်စဉ် ၄၆၀၀ နဲ့ တစ်နှစ်တိတိ ပြန်ဆပ်နေရပါတယ်။

ဒေါ်မြရဲ့ ငွေရေးကြေးရေး အခြေအနေကတော့ ဝင်ငွေနဲ့ ထွက်ငွေဟာ မျှတမှုရှိပြီး ချေးထားပြီး ငွေကိုလည်း ကောင်းကောင်းပြန်ဆပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆက်လက်ပြီး ဒေါ်မြရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒေါ်လှရဲ့ အခြေအနေကို လေ့လာကြည့်ပါဦး........

ဒေါ်လှကတော့ စျေးထဲမှာ ကုန်စိမ်းရောင်းချသူပါ။ ယခုလက်ရှိ အသေးစားချေးငွေ ဘဏ် (၃) ခုကနေ ချေးငွေ ၆ သိန်း ယူထားပြီး ထို ဘဏ် ၃ ခုကို အပတ်စဉ် ၄၆၀၀ စီနဲ့ စုစုပေါင်း ၁၃၈၀၀ ဆပ်နေရပါတယ်။ ဒါပေမဲ့ ဒေါ်လှရဲ့ ဝင်ငွေကတော့ တစ်ရက်ကို  ၄၀၀၀ (တစ်ပတ်-၂၈၀၀၀) ပဲ ရှိပါတယ်။

ဒေါ်လှရဲ့ ငွေရေးကြေးရေး အခြေအနေကတော့ အနုတ်လက္ခဏာပြနေပါတယ်။ ထွက်ငွေက ဝင်ငွေထက်ပိုများနေပြီး အပတ်တိုင်း ငွေတစ်ချို့လိုလိုနေတတ်နေတာမို့ တခြားဘဏ်ကနေ ငွေထပ်ချေးနိုင်တဲ့ အခြေအနေတွေရှိလာနိုင်ပါတယ်။

မိတ်ဆွေတို့ ...အထက်က ဒေါ်မြနဲ့ဒေါ်လှတို့ရဲ့ အခြေအနေ ၂ ခုက တဆင့် ချေးငွေတွေ အများကြီး ချေးခြင်းရဲ့ အကျိုးဆက်ကို လေ့လာနိုင်ပါတယ်။ နေရာအများကြီးကနေ ငွေတွေ ချေးမယ်ဆိုရင် -

(၁) ငွေပမာဏ များလာတာနဲ့အမျှ ပြန်ဆပ်ရမဲ့ ငွေလည်း များလာမှာပါ။

(၂) အတိုးတွေ များလာမယ်။

(၃) ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတာကြောင့် အချိန်၊ ငွေ၊ ခွန်အားတွေ ပိုကုန်မယ်။

(၄) ပိုက်ဆံတွေ ပြန်မဆပ်နိုင်မှာကို ပူပန်ရတဲ့အတွက် စိတ်ပင်ပန်းဆင်းရဲရမယ်။

(၅) ချေးငွေ ဆပ်ရန် နောက်ကျခြင်း၊ အနည်းငယ် ပြန်မဆပ်နိုင်ခြင်းတို့ဖြစ်ပါက အခြားသူတွေရဲ့ ယုံကြည်မှုနည်းပါးခြင်းကို ခံရယ်။

အစရှိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

Source - mango magazine

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။