အစိမ်းရောင်လမ်း
ချေးငွေမယူခင်မှာ ဒါလေးတွေကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်

ချေးငွေမယူခင်မှာ ဒါလေးတွေကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်

ဘာကြောင့်ငွေချေးမှာလဲ။

     အိမ်ဝယ်ဖို့ ပညာရေးရှေ့ဆက်ဖို့ယူတယ်ဆိုရင် ရေရှည် ဝင်ငွေတွေပိုင်ဆိုင်မှုတွေပိုပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။ သို့သော်လဲ အပျော်ခရီးသွားမို့ နောက်ဆုံး ထွက်တဲ့ဖုန်းဝယ်ဖို့တွေအတွက်ဆိုရင် သေချာပြန်စဉ်းစားလိုက်ပါ။ အနုတ်လက္ခဏာအကျိုးဆက်များ ပေါ်လာနိုင်လို့ပါ။

ဘယ်လောက်ယူချေးသင့်သလဲ။

     ယူတဲ့ချေးငွေရဲ့အတိုးရောအရင်းကိုပါ ကိုယ့်ရဲ့ပုံမှန်လက်ရှိအခြေအနေကိုမထိခိုက်စေပဲပြန်ဆပ်နိုင်မှာလား။ ရိုးရှင်းစွာစိတ်ထဲကနေတွက်ချက်လိုက်ပါ။ ပြန်မဆပ်နိုင်တဲ့ချေးငွေတွေကို တခြားတစ်နေရာကလှည့်ပြီးပြန်ဆပ်နေမှာလား။ အဲဒါကတစ်ချိန်ကြရင် အရမ်းပြသာနာရှိလာနိုင်တဲ့လုပ်ငန်းစဉ်ဆိုတာသတိထားပါ။ ချေးငွေယူရင်ပြန်ဆပ်ရမယ့် အရစ်ကျနေ့လစာရင်းဇယား အရင်အသေးစိတ်ဖတ်ပါ။ သေချာနားလည်ပြီးမှ ယူပါ။

ချေးတဲ့အတွက် ဘယ်လောက်ကျမှာလဲ။

     ဘယ်သူကမှတော်ရုံတန်ရုံပြောရမယ်ဆိုရင် အလကားပိုက်ဆံချေးပေးမှာမဟုက်ပါဘူး။ ချေးပေးသူကအရင် risk တွေယူပြီး ငွေပမာဏတစ်ခုလွဲပေး လိုက်တယ်။ ချေးတဲ့သူဘက်ကလဲအကျိုးအမြတ်ရဖို့ကြည့်မှာပါ။ ဘာမှပြန်မဆပ်ဘူး ပြန်ဆပ်တာနောက်ကျတယ်။ ပြီးတော့ အလကားယူနေတာမဟုက်ဘူးလို့ ချေးငွေယူသူကပြောနေလို့ မရပါဘူး။ ချေးငွေယူတဲ့သူကလဲ ပြန်တွက်ပါ။ မယူခင်မှာဘယ်လောက်အတိုးပေးရမှာလဲ ဝန်ဆောင်ခဘယ်လောက်လဲ နောက်ကျကြေးဒဏ်ကြေးတွေ ဘယ်လိုမျိူးဥပဒေတွေရှိလဲလေ့လာပါ။ တန်မတန်လုံးဝစဉ်းစားပါ။ ချေးငွေအမျိုးအစားလုပ်ငန်း အချင်းချင်းနှိုင်းယှဥ်ပါ။ လောပြီးယူရင် အမှားတွေ နောက်မှာပါလာပါလိမ့်မယ်။

မချေးပဲနဲ့ရော တခြားဟာတွေ ဘာလုပ်နိုင်သေးလဲ။

     ချေးငွေယူတာကို နောက်ဆုံးရွေးချယ်မှုပဲပြုလုပ်ပါ။ ရှိတာတွေအရင် ရောင်းစားကြည့်ပါ။ တခြားဘာလုပ်ဆောင်မှုတွေပြုလုပ်ပြီး ဆက်ရှေ့နိုင်ဖို့ တွေးပါ။ တကယ်မလိုအပ်ရင် ဘယ်သူကချေးပေးပေးမယူပါနဲ့။ ဘယ်သူ့ဆီကိုမှကြွေးမြီမတင်ပဲစုဆောင်းထားပြီးဝယ်တာပိုကောင်းပါတယ်။

Mother Finance

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Ye htet aung

Ye htet aung

လွန်ခဲ့သော ၅ နှစ် က

တန်းဖိုးရှိတဲ့စာသားလေးပါ🙏🙏🙏

U Pwa Gyi

U Pwa Gyi

လွန်ခဲ့သော ၅ နှစ် က

good

You

ဆက်စပ်ဆောင်းပါးများ

Mother Finance

Content provider

Mother Finance

Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....