ထောပတ်ပင်၏ ရုက္ခဗေဒဆိုင်ရာ ထူးခြားချက်များ
ထောပတ်သီးပင်များသည် လွန်စွာအကြီးမြန်ကြသည်။ ပူနွေးသောဒေသများတွင် ထောပတ်သီးပင်သည် ၁၀-၁၅ မီတာခန့်အထိ ကြီးထွားပါသည်။ သို့သော်လည်း ၎င်းတို့ကိုပြုစုနိုင်ရန်၊ ရောဂါပိုးမွှားကာကွယ်ရန်နှင့် အသီးခူးရန်အတွက် ၄-၅ မီတာထက်မမြင့်စေရန် ဂရုပြုရပါမည်။
တစ်နှစ်အတွင်း အပင်ငယ်များသည် တစ်မီတာအထိမြင့်ပြီး ဘေးသို့လည်း မြန်ဆန်စွာကြီးထွား သည်။ အကိုင်းများသည် ကျွတ်ဆတ်ပြီး အသီးသီးလျှင် အောက်သို့တွဲကျနေတတ်သည်။ ထောပတ် သီးပင်အမြစ်များသည် မြေဆီလွှာအပေါ်ယံတွင်သာရှိပြီး အပင်ရွက်အုပ်၏ အကျယ်ခန့်အထိသာကြီးထွားသည်။

ထောပတ်ပင်တွင် ပန်းဖူးများ စတင်ဖြစ်ပေါ်လာစေရန်မှာ နေ့တာတိုခြင်း၊ ရှည်ခြင်းထက် အပူ ချိန်၂၀°C ဝန်းကျင်ရှိခြင်းက ပိုအရေးကြီးပါသည်။ နေ့တာတိုခြင်း၏ အကျိူးသက်ရောက်မှုသည် ပန်းဖူးများဖြစ်ပေါ်လာစေရန် အဓိကမဟုတ်ဘဲ ပန်းပွင့်ခြင်းကိုသာ လျင်မြန်စေသည်။
ထောပတ်ပန်းပွင့်သည် ထူးခြားပြီးရှားပါးသည့် ပန်းပွင့်နည်းဖြင့်ပွင့်ပါသည်။ ပန်းပွင့်၏ အဖိုအင်္ဂါနှင့် အမအင်္ဂါတို့သည် ပန်းပွင့်ချိန်တွင် တပြိုင်တည်း အရွယ်မရောက်ကြပေ။ ယေဘုယျအားဖြင့် ကောင်းမွန်သောအခြေအနေတွင် ပန်းတစ်ပွင့်သည် ၄၈ နာရီအတွင်းတွင် နှစ်ကြိမ်ပွင့်ပါသည်။
အမပွင့်အဖြစ် တစ်ကြိမ်ပွင့်ပြီး အဖိုပွင့်အဖြစ် နောက်တစ်ကြိမ် ပွင့်ပါသည်။ Type A ဟုခေါ်သော အပင်မျိုး၏ ပထမပန်းပွင့်ချိန်သည် မနက်ခင်းတွင် အမပွင့်အဖြစ် ပွင့်ပါသည်။ နောက်တစ်ရက် ညနေခင်းတွင် အဖိုပွင့်အဖြစ် ပြန်ပွင့်ပါသည်။
Type B ဟုခေါ်သောမျိုးသည် ပထမနေ့ နံနက်ခင်းတွင် အဖိုပွင့်အနေဖြင့် ပွင့်ပြီး နောက်နေ့ညနေပိုင်းတွင် အမပွင့်အနေဖြင့် ပြန်ပွင့်ပါသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်အခြေအနေတွင် ၎င်းစနစ်သည် ပင်ခြားဝတ်မှုံကူးရန် အကောင်းဆုံးအခြေအနေကို ပေးသည်။
ဝတ်မှုံကူးခြင်းဖြစ်နိုင်ရန် အဖိုအင်္ဂါပေါက်ကွဲချိန်နှင့် အမအင်္ဂါလက်ခံနိုင်သောအချိန်သည် တူညီမှသာ ဝတ်မှုံကူးခြင်း ဖြစ်နိုင်သည်။ အဖိုပန်းပွင့်နှင့် အမပန်းပွင့် ရင့်မှည့်ချိန်မတူသောကြောင့် ပင်တည်းဝတ်မှုံကူးခြင်း ဖြစ်ပေါ်ရန်ခက်ခဲသည်။ ထိုကြောင့် ထောပတ်သီးပင်စိုက်ပျိုးသူများသည် Type A နှင့် Type B အမျိုးအစားများကို ညှပ်၍စိုက်ပျိုးခြင်းဖြင့် ဝတ်မှုံကူးခြင်းနှင့် အသီးတင်မှုတို့ကို ပိုမိုဖြစ်ပေါ်စေပါသည်။
ထောပတ်ပင်သည် အပွင့်တစ်သန်းကျော်ပွင့်သော်လည်း အများစုမှာ မူမမှန် သို့မဟုတ် မျိုးမအောင်တတ်ပါ။ အသီးကင်းများစွာသီးနိုင်သော်လည်း အသီးကင်းများသည် ပုံမှန်အားဖြင့် ကြွေကျတတ်သည်။ သိပ်သည်းစွာစိုက်ပျိုးထားသော ထောပတ်ခင်းမှ ထောပတ်သီးပင်တပင်လျှင် အများဆုံး အသီး (၂၀၀) သီးသည်။ ပုံမှန်ပင်ကြားတန်းကြားဖြင့် စိုက်ထားသောအပင်မှ အသီး (၅၀၀) ခန့်ရရှိနိုင်သည်။
အရည်အသွေးကောင်းသော ထောပတ်သီးများသည် အပင်ပေါ်တွင် မမှည့်ပါ။ ရာသီဥတုအေးသော ပတ်ဝန်းကျင်အခြေအနေတွင် အပင်ပေါ်တွင်ကောင်းစွာရင့်နေသော အသီးကို သိုလှောင်ထားနိုင်သည်။ အခန်းအပူချိန်တွင် ဆွတ်ခူးပြီးသော ထောပတ်သီးများသည် မျိုးအလိုက် ၁၀ ရက်မှ ၁၅ ရက်ခန့်ကြာလျှင် မှည့်ပါသည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ‘ထောပတ်သီးပင်စိုက်ပျိုးခြင်းဆိုင်ရာ နည်းလမ်းကောင်းများ’ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026