အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖုန်း ရေထဲကျသွားတဲ့ အခါ ဘယ်လို လုပ်ရမလဲ 

ဖုန်း ရေထဲကျသွားတဲ့ အခါ ဘယ်လို လုပ်ရမလဲ 

Green Way
Green Way • 28/12/2020

         “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ gmail အကောင့်ဘယ်လိုဖွင့်ရမလဲ ဆိုတာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူ ဦးလေး ဒေါ်လေးတို့ အနေနဲ့ မတော်တဆ ဖုန်း ရေထဲကျသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဗဟုသုတအနေနဲ့  မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

      တောင်သူ ဦးလေး ဒေါ်လေးတို့ မတော်တဆ ဖုန်း ရေထဲကျတာမျိုးနဲ့များ ကြုံဖူးကြလား ခင်ဗျ။ များသောအားဖြင့် ဖုန်း ရေထဲကျသွားပြီဆိုရင် ပျက်တာများပါတယ်။ တချို့ကျတော့လည်း ပြန်ကောင်းတာမျိုးလည်း  ရှိပါတယ်။ အကယ်၍များ မိမိဖုန်း မတော်တဆ ရေထဲကျခဲ့မယ်ဆိုရင် ချက်ချင်း  ဘယ်လိုတွေလုပ်ရမလဲဆိုတာ သိထားရင် ပိုအဆင်ပြေမှာပါ ခင်ဗျ။ 

      ဖုန်း ရေထဲကျသွားခဲ့ရင် ပထမဆုံး မလုပ်သင့်တာကတော့ ဖုန်း  ပါဝါဖွင့်ခြင်း ဖြစ်ပါတယ်။ ဘက်ထရီ ဖြုတ်လို့ရရင်တော့ ဖြုတ်ထားတာ ပိုကောင်းပါတယ်။ ဖြုတ်လိုမရတဲ့ ဖုန်းတွေဆိုရင်တော့ ဒီတိုင်းပဲထားလိုက်တာ ပိုကောင်းပါတယ်။ 

         ဒါ့အပြင် ဖုန်း ဆင်းကတ်တွေ၊၊ ဖုန်း မမ်မိုရီကတ်တွေ ဖြုတ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

       အပူပေးတာမျိုး၊ နေလှန်းတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဖုန်းမှာ ပါဝင်တဲ့ သတ္တုများကို ထိခိုက်ပြီး ပျက်စီးနိုင်ပါတယ်။ 

          ရေငွေ့စုပ်ယူနိုင်ဖို့ ဆန်အိုးလို နေရာမျိုးထဲမှာ ထားရင် ပိုကောင်းပါတယ်။  ဆန်စေ့များ မဝင်စေဖို့ကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ 

        ရေအမြန်ခြောက်စေဖို့ အတွက် လေမှုတ်စက်ကို မသုံးသင့်ပါဘူး။ အဝတ်တို့၊ လက်ကိုင်ပဝါတို့ကို အသုံးပြုနိုင်ပါတယ်။  

        ပြီးရင်တော့  ၂၄ နာရီထားပြီးတော့မှ ပြန်ဖွင့်ကြည့်ပါ။ ပါဝါပွင့်လာပြီး ပုံမှန်အတိုင်း ဖုန်းက အလုပ်လုပ်တယ်ဆိုရင်တော့ သုံးလို့ရပါတယ်။ ပါဝါပွင့်မလာဘူးဆိုရင်တော့ နီးစပ်ရာဆိုင်မှာ သွားရောက် ပြင်သင့်ပါတယ်။ ရေခြောက်ပြီး ဖုန်းက ပုံမှန်အတိုင်း အလုပ်လုပ်တယ်ဆိုရင်လည်း ပိုသေချာအောင် ဖုန်းဆိုင်ကိုတစ်ခါလောက်တော့ ပြကြည့်သင့်ပါတယ် ခင်ဗျ။ 

      ယခင်တစ်ပတ်က gmail အကောင့်ဘယ်လိုဖွင့်ရမလဲ ဆိုတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

Gmail အကောင့်တစ်ခုကို ဘယ်လိုဖန်တီးမလဲ

Knowledge Box App 

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။