မုန်တိုင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမကြီးရန် ကြိုတင်ကာကွယ်ထားသင့်သည့်အချက်များ
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အခုရက်ပိုင်းအတွင်း (မေ ၁၂ မှ ၁၅ ကြား) အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကြီးထွားလာပြီး မြန်မာနိုင်ငံ ဒေသအချို့ကို ဖြတ်ကျော်ဝင်ရောက်လာနိုင်ဖွယ်ရှိနေတယ်လို့ မိုးလေဝသပညာရှင် တွေက သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။
ဒီမုန်တိုင်းဟာ တိုက်ရိုက်ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုတွေတော့ ရှိလာမှာဖြစ်ပြီး တချို့နေရာတွေမှာတော့ လေပြင်းကော၊ မိုးကြီးတာတွေကော ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ဒီလိုမျိုးတွေဖြစ်လာရင် စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှု မကြီးမားစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

# ကြိုတင်လုပ်ဆောင်သင့်သည့်အချက်များ
လူနှင့်အဆောက်အဦအန္တရာယ်ကင်းရှင်းရေး
- ၁။ ကမ်းခြေနေ မိသားစုများ၊ ကုန်းမြင့်နေရာ ရွှေ့ပြောင်းထားကြရန်။
- ၂။ နေအိမ်အပေါ် ပြုတ်ကျနိုင်သော ဆိုလာပြားနှင့်အင်တာနာတိုင်များ၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ ကြိုတင်ပြင်ဆင်/ဖယ်ရှားထားရန်
- ၃။ အရေးပေါ် ခိုလှုံရန်အတွက် ဘေးကင်းဧရိယာ(ခိုင်မာသော အဆောက်အဦ) ကြိုတင်စဉ်းစားထားရန်။
- ၄။ ဖော်ပြပါ နေ့ရက်များတွင် လုပ်ငန်းခွင်မှ အနားယူထားရန်/ခရီးဝေးသွားခြင်း/ပင်လယ်ပြင်/မြစ်ချောင်း အပျော်ခရီးသွားခြင်းများ မပြုလုပ်ရန်
- ၅။ လက်နှိပ်မီးဖုန်း၊ ပါဝါဘက်ထရီများ အားဖြည့်ထားရန်...
- ၆။ ရုတ်တရက် ရေကြီးလာပါက အသက်ကယ်ပစ္စည်းတမျိုးမျိုး(ဥပမာ - စားအုန်းဆီ ပလပ်စတစ်ပုံးဝါ) အဆင်သင့် စုဆောင်းထားရန်
သီးနှံစိုက်ခင်း/ခြံများအတွက် ကြိုတင်လုပ်ဆောင်သင့်သည့်အချက်များ
""""""""""""""""""""""""""""""""""""
- ၁။ လေပြင်းဒဏ်ခံနိုင်ရန်အတွက်၊ ကွမ်းခြံတိုင်များ၊ စပျစ်ခြံများ....,ခိုင်ခန့်အောင်ပြင်ဆင်ထားရန်...
- ၂။ ရေကြီး၊ ရေလွှမ်းဧရိယာများအတွက် မိုးစပါးအပါအဝင် သီးနှံစိုက်ပျိုးခြင်း၊ ပျိုးထောင်ခြင်းများ
- ဆိုင်းငံ့းထားရန်..
- ၃။ တောထဲ တဲအိမ်ဆောက်ပြီး နေထိုင်သူများ၊ မိသားစုများ/အရေးကြီးပစ္စည်းများသိမ်းဆည်းပြီး ရွာထဲ ခေတ္တပြောင်းရွှေ့နေထိုင်ရန်..
- ၄။ သီးနှံပင်များ(ခရမ်းချဉ်/သခွား၊ခဝဲ/ဘူး/ ငရုတ် ...) ကို လေပြင်းဒဏ်ခံနိုင်ရန် တိုင်မာစိုက်ပြီး ကျားကန်ထားရန်...
- ၅။ ရေသွင်းသီးနှံများ ရေတင်ခြင်း၊ ရေလှောင်ခြင်းမပြုလုပ်ဘဲ အတတ်နိုင်ဆုံး ရေငတ်ခံထားရန်..
- ၆။ ရေဝပ်ဒဏ်ခံနိုင်ရည်မရှိသောသီးနှံများ၊ ရေထုတ်မြောင်းပြုလုပ်ထားရန်
- ၇။ အရေးတကြီးမလိုအပ်ဘဲ ထိုရက်များအတွင်း ဓာတ်မြေသြဇာကျွေးခြင်း၊ ဆေးဖျန်းခြင်း မပြုပါနှင့်...
- ၈။ ကုန်စိမ်းသီးနှံများအနေဖြင့် မုန်တိုင်းမလာမီ(ကွမ်းခူးခြင်း၊ ငရုတ်ဆွတ်ထားခြင်း၊ သရက်သီး/ထောပတ်သီး..)ခူးထားကြပါရန်။
- ၉။ အန္တရာယ်ရှိသော နေရာများတွင် စက်ကိရိယာများ၊ ထွန်စက်၊ ထော်လာဂျီများ၊ ထားခြင်း၊ ခေတ္တ ရပ်ထားခြင်းများ မပြုလုပ်ကြရန်။
- ၁၀။ လူ၊ တိရစ္ဆာန်များအတွက် သောက်ရေ/သုံးရေနှင့် အစာ၊ ရိက္ခာ ကြိုတင်သိုလှောင်ထားကြရန်။
အားလုံးသော သတ္တဝါဝေနေယျများ..
ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာ ဝေးကွာကြပါစေ...
စေတနာများစွာဖြင့်,
ဒို့ဦးလေး
Photo crd_U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စိုက်ခင်းအတွက် သဘာဝဘေး အကြံပြုချက်
jerry jerry
လွန်ခဲ့သော ၃ နှစ် ကဒီApp ကလေ Share ချင်ရင် ဘယ်လိုလုပ်ရမလဲဆရာ
ဒေါ်အေးငြိမ်း
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်ဝါးခယ်မကိုထိမှာလားသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Thar Po
အားလုံး