သူမ ပျားမွေးသမ
“ ပျားမွေးမြူရေးဟာ ရေရှည်ဝင်ငွေတိုးဖို့နဲ့ လူနေမှုအဆင့်မြင့်မားတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်း တွေထဲက တစ်ခုပဲ”
ဒီလိုပြောလိုက်သူက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ပျားမွေးမြူရေးဘုရင်မဆိုပြီး အတုယူအားကျ ခံနေရသူ အသက် ၃၁ နှစ်အရွယ် မန်ဂါအီခီမီ ဆိုတဲ့ အိန္ဒိယအမျိုးသမီးပါ။

မြေပိုင်ဆိုင်မှုကတော့ သူမမှာ များများစားစားမရှိပါဘူး။ ၅ ဧကလေးပါပဲ။ ဒီ ၅ ဧကပေါ်မှာ သူမဟာ သီးရောစိုက်ပျိုးခြင်း (သီးနှံမျိုးစုံရောနှောက်စိုက်ပျိုခြင်း) ကို လုပ်ပြီး ပျားမွေးမြူရေးလုပ်တာပါ။ အရမ်းကြီးများများ မွေးနိုင်တာမျိုးမဟုတ်ပေမဲ့ မိရိုးဖလာနည်းစနစ်အချို့ကနေ ခွဲထွက်ပြီး နည်းလမ်း သစ်တွေသုံးရင်းအောင်မြင်လာလို့ တခြားသူတွေရဲ့ အားကျမှုကို ရလာတာပါ။
၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယစိုက်ပျိုးမွေးမြူရေးနယ်ပယ်ရဲ့ အားကျအတုယူဖွယ်ရာ အမျိုးသမီး တောင်သူတွေထဲက တစ်ဦးအဖြစ်လည်း ဖော်ပြခံထားရသူဖြစ်ပါတယ်။
ကျောင်းဆရာတစ်ပိုင်းဖြစ်သလို စိတ်အားထက်သန်စွာလုပ်တတ်တဲ့တောင်သူတစ်ပိုင်း သူမရဲ့ ယောကျ်ားဖြစ်သူကလည်း သူမကို အားပေးထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။ သူတို့မိသားစုရဲ့ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနဲ့ ပျားမွေးမြူရေးက ဝင်ငွေကိုချည်း မှီခိုနေရတာမျိုးမဟုတ်ပေမဲ့ ဒီကနေ ရေရှည်ရနေတဲ့ဝင်ငွေကြောင့်တော့ မိသားစုရဲ့လူနေမှုအဆင့်ကိုတော့ မြင့်လာစေခဲ့ပါတယ်။
“ပျားမွေးတာက တကယ့်ကို စီးပွားရေးတွက်ချေကိုက်တယ်” လို့ သူမက ဆိုပါတယ်။
မန်ဂါအီခီမီဟာ ပျားမွေးမြူရေးနည်းပညာနဲ့ ဗဟုသုတတွေကို မီဇိုရမ်ပြည်နယ်၊ ဆီယာဟာခရိုင်အတွင်း စိုက်ပျိုးရေးနည်းပညာစီမံခန့်ခွဲမှုအေဂျင်စီ (ATMA) က သင်ကြားပေးတဲ့ သင်တန်းပရိုဂရမ်မှာ တက်ရောက်ရယူခဲ့တာပါ။
ဒီကနေ သိလာတဲ့နည်းပညာဗဟုသုတတွေကို အသုံးချပြီး သူမဟာ ရိုးရာပျားမွေးမြူရေးနည်းပညာ တွေကို အဆင့်မြှင့်လုပ်ကိုင်ခဲ့ပါတယ်။
ဘယ်လိုမျိုးတွေလဲဆိုတော့..
- ရိုးရာပျားမွေးမြူရေးပုံးတွေအစား ပျားရည်ပိုထွက်နိုင်မယ့် ခေတ်မီပျားပုံးတွေဖြစ်အောင် အစား ထိုးပါတယ်။ ရိုးရာပျားပုံးတွေမှာ ပျားတွေ အုံအလွယ်တကူလုပ်လို့ရစေမယ့် တုတ်ချောင်းထည့်ပေးတာ ဒါမှမဟုတ် တခြားပစ္စည်းမျိုးတွေ ထည့်ပေးတာမျိုးလုပ်တာပါ။ ဒါက ရိုးရှင်းလွယ်ကူတယ်ဆိုပေမဲ့ ပျားရည်အထွက်မှာတော့ တိုးလာစေပါတယ်။
- ပျားတွေကို ဒုက္ခပေးနိုင်မယ့် တခြားပိုးမွှားသတ္တဝါတွေ ဝင်မလာစေဖို့ ပုံမှန်စစ်ဆေးတာမျိုး လုပ်ပါတယ်။ ဒါမျိုးထိန်းထားနိုင်ခြင်းက ပျားရည်ရဲ့အရည်အသွေးကိုလည်း မြင့်စေပါတယ်။
- ပျားဘုရင်မလေးတွေကိုလည်း သူမ သေသေချာချာ ဂရုစိုက်ပြုစုပေးပါတယ်။ အစောပိုင်းတုန်းက တော့ သူမအတွက် ပျားဘုရင်မတွေကို တခြားအကောင်ငယ်လေးတွေကနေ ခွဲမြင်ဖို့ ခက်ခဲပါသေး တယ်။ ဒါပေမဲ့ အခုကျတော့ ပျားအုံတွေ တစ်နေရာတည်းမှာ အုံခဲစုပြုံမနေဖို့ ခွဲထုတ်ပေးတာ၊ ပျား အုံတွေ ပိုမိုတောင့်တင်းကြီးထွားဖို့ အချိန်ကိုက်လုပ်ပေးနိုင်တဲ့သဘောတရားမျိုးတွေအထိ ကျွမ်းကျင်နေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီပျားမွေးမြူရေးလုပ်ငန်းကနေ သူမအတွက် တစ်လဝင်ငွေ ရူပီး ၂၈၀၀၀ ( ကျပ် ၁၀ သိန်းကျော်) လောက် ပုံမှန်ဝင်ငွေရနေစေပြီ ဖြစ်ပါတယ်။
လုပ်ငန်းအငယ်တစ်ခုသာဖြစ်လို့ ဒီလောက်ပဲ ဝင်ငွေရနေသေးပေမဲ့ ဒေသတွင်းမှာတော့ သူမရဲ့စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ အောင်မြင်မှုအပေါ် အားကျအတုယူချင်ကြသူ များနေပြီဖြစ်ပါတယ်။ ရေရှည်ဝင်ငွေ ရနိုင်တဲ့လုပ်ငန်းမျိုးဖြစ်လို့ တခြားသူတွေ လိုက်လုပ်လာကြတာတွေလည်း ရှိလာပါတယ်။
ဒါတွေကြောင့်လည်း ပျားမွေးမြူရေးလုပ်ရင်း အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ မန်ဂါအီခီမီဟာ အိန္ဒိယနိုင်ငံရဲ့ အားကျအတုယူဖွယ်ရာ အမျိုးသမီးတွေထဲက တစ်ဦး အဖြစ် စံထားသတ်မှတ်ခံနေရတာဖြစ်ပါတယ်။
Ref: https://tractornews.in/articles/queen-of-bee-keeping-smt-hmangaihkimi/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kyaw ming
လွန်ခဲ့သော ၃ နှစ် ကဖိတ်ခေါ်တဲ့အဖော်တွေ၊ လာရှီယို လောင်းလီယူရွာမှာရှိတဲ့ ကျွန်တော့်ရဲ့ လက်ရှိမြေကွက် ၁၂၀ ကို တစ်နှစ်တစ်ကြိမ် ငှားရမ်းဖို့ ငှားရမ်းထားပါတယ်။
ကိုဆန်းမင်းဌေး
လွန်ခဲ့သော ၃ နှစ် ကပျားကောင်တွေကို ဘယ်ကနေစပီး ဘယ်လိုစုဆောင်းပီး မွေးရလည်းဆိုတဲ့နည်းလမ်းတင်ပေးပါဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026