ပျိုးစေ့ပေါ်ကို နွားချေးဖြူးလို့ရ..မရနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (Ye Htet Kyaw) - အီးအမ်အပြင်းကနေ အသင့်သုံးအီးအမ်လုပ်တဲ့အခါ အသုံးပြုတဲ့ရေကို ရေသန့်နဲ့လုပ်လို့ရနိုင်မလား။
ဖြေ (ဒို့ဦးလေး) - ရေသန့်မှာ ကလိုရင်းပါတတ်တဲ့အတွက် ရိုးရိုးရေသာ သုံးသင့်ပါတယ်။ သဘာဝမိုးရေ ကောင်းပါတယ်ဗျ။
၂။ မေး (မျိုးသူ)- ဆရာတို့ခဗျ စပါးပင်သံချေးရောဂါဖြစ်နေရင် ဆာလဖာဓာတ်မြေသြဇာမသုံးသင့်ဘူးပြောကြလို့ ရှင်းပြပေးပါအုံးခဗျ။ကျေးဇူးပါ။
ဖြေ (ဒို့ဦးလေး) - ဆာလဖာကြောင့်မဟုတ်ဘဲ အမိုနီယံကြောင့် ရောဂါကို ပိုဆိုးစေမှာစိုးလို့ဖြစ်ပါလိမ့်မယ်(အမိုနီယံဆာလဖိတ်မြေသြဇာ ) အောက်က မြေသြဇာတော့ ကျွေးရက်ရောက်ရင်ကျွေးပါ။ သံချေးရောဂါအတွက် ဟက်ဇာကိုနာဇိုးလိုမျိုး မှိုသတ်ဆေးဖျန်းရမှာပါ။ ရွက်ဖျန်းအားဆေးရှောင်သင့်တာပါ။
၃။ မေး (ဝင်းစိန်) - ရွှေဖရုံပင် အဖိုဖွင့်သာ ပွင့်နေပါသဖြင့် အသီးဖြစ် အမပွင့် ပွင့်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆရာတို့။
ဖြေ(ဒို့ဦးလေး) - စောင့်ကြည့်ပါဦး။အဖို ၄ ပွင့်လောက်ပွင့်ပြီးမှ အမပွင့်လာတတ်ပါတယ်။ အပင်ဖြစ်သန်လွန်းနေရင်.အညွန့်ဖြတ်ပေးပါ။
(ဦးမောင်မောင်ထွေး) - အဖိုပွင့်ကစောစောပွင့်လေ့ရှိတယ်။ အမပွင့်လိုက်လာအောင်အညွန့်ဖြတ်ပေးပါ။ ဘေးတက်မှပထမအပွင့်ကအမပွင့်ရလာမယ်အညွန့်များဖြတ်ပေးပါအသီးများများရမယ်။

၄။ မေး (Say) - ခရမ်းချဥ်ပျိုးပင်က အိတ်အပေါ်ယံကို နွားချေးဖြူးရင် (အစေ့ပေါ်ကဖြူထားတာပါ)ခါးရိတတ်လားဗျ။ ပေါက်ခါစလေးတေ ခါးမရိအောင် ဘယ်လိုလုပ်ရမလဲဗျ။ သဲဖြူးရမလားဗျအစေ့ပေါ်ကို။
ဖြေ (ဦးမောင်မောင်ထွေး)- ပေါက်ခါစအပင်လေးကို နွားချေးမဖြူးပါနှင့်။ အပင်ပေါက်ခါစလေးတွေအတွက် အာဟာရမလိုအပ်သေးပါ။ နောက်ခရမ်းချဥ်ပျိုးရင် သေချာဆွေးတဲ့ နွားချေးကို ကြိုတင်ထည့်ထားပါ။ မျိုးစေ့ကို ဟိုမိုင်းမှိုသတ်ဆေးနဲ့လူးပြီးပျိုးပါ။ နွားချေးမဆွေးရင် နောက်ပိုင်းတွင် ပင်ညှိုးရောဂါကျရင်ပိုဆိုးမယ်။
၅။ မေး (မျိုးသူ) - ဆရာခဗျ စပါးတွက်နွားချေးနဲ့ ပုလဲကိုရောပီးတစ်ရက်မကကြို နှပ်ထားလို့ရလား။တညအိပ်ပဲထားရတာလား သိချင်ပါတယ်။ကျေးဇူးပါ။
(Myint Maung Maung) - နွားချေးအခြောက်မှုန့်ဆိုရင်တော့ တစ်ညမကဘူး နှပ်ထားလို့ရပါတယ်။
(ဦးမောင်မောင်ထွေး) - နွားချေးရဲ့သဘာဝကနှပ်ထားရင်ကောင်းတယ်။ ပုလဲကတော့နှပ်ထားရင်မကောင်းပါ။ ဆုံးရှုံးသွားမယ်အဲဒီသဘာဝကိုသိရင် ဘယ်လိုသုံးသင့်သလဲဆိုတာ မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာနွားချေးကိုအရင်နှပ်ထားပြီး ပုလဲကိုစိုက်ခါနည်းမှသို့မဟုတ် အပင်လှန်ချိန်မှထည့်နိုင်တယ်။
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....