ဝက်အလေးချိန်ကို မချိန်ကြည့်ဘဲ သိနိုင်မယ့်နည်းလမ်းနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာအမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမဲ့ စနေနေ့လေး ပြန်လည် ရောက်ရှိလို့လာပါပြီ။
ဒီတစ်ပတ်မှာတော့ မုန်တိုင်းလာမယ်ဆိုပြီး ခန့်မှန်းချက်တွေရှိနေတော့ တောင်သူတချို့ စိုက်သင့်မစိုက်သင့် ဝေခွဲရခက်နေတဲ့ မေးခွန်းလေးနဲ့ပဲ စတင်လိုက်ပါမယ်။
၁။ မေး (amo) မဂ်လာပါ ဆရာတို့၊ တောင်ယာသီးနှံအတွက် မိုးဦးကာလ မုန်တိုင်းမဝင်ခင်အချိန်နဲ့ မုန်တိုင်းဝင်ပြီးအချိန် ဘယ်အချိန်စိုက်တာ ပိုသင့်တော်ပါသလဲခင်ဗျာ။
ဖြေ ( ဒို့ဦးလေး) - မုန်တိုင်း က ဘယ်အချိန်လာမယ်၊ ဘယ်လောက်ပြင်းထန်မယ်ဆိုတာ.. ပညာရှင်တွေတောင် အနီးကပ်မှသိရတာပါ။ တောင်ယာသီးနှံတွေက၊ မိုးဦးကျ အစိုဓာတ်လေးနဲ့ အသက်ဆက်ရတာမို့. မိုးဦးကျပြီးတာနဲ့ စိုက်သင့်ပါပြီ။ အချို့ဒေသတွေမှာ အခြောက်ကြဲထားကြပါတယ်။ ပေါင်းအုပ်ဆေးကို မိုးရွာပြီးတာနဲ့ ဖျန်းပါ။
ဒီမေးခွန်းလေးကတော့ မြေချဉ်တာကို သက်သာအောင် EM..လိုမျိုးအားဆေးမျိုးနဲ့ ပြုပြင်၍ မရနိုင်ကြောင်း တခြားဦးကြီးတွေပါ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်ရှင့်။
၂။ မေး ( Ye Kyaw) - စပါးမစိုက်မီ လယ်ထွန်ယက်နေချိန် EM နဲ့ ငါးအမိုင်နိုအသုံးပြုခြင်းက မြေချဥ်တာကိုလျော့ကျစေနိုင်ပါသလား။
ဖြေ (ဒို့ဦးလေး) - မြေချဥ်တာကို လျှော့ချဖို့လုပ်ဆောင်ပေးတာထက်၊ မြေငံကို ချဥ်အောင် ပိုပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ သေချာတာကတော့၊ အီးအမ် ၊ ငါးအမိုင်နိုက အပင်ဖျန်းတာ၊ အပင်ခြေ ဖျန်းတာက ပိုကောင်းပါလိမ့်မယ်။
(ဖုန်းမာန်တိုး) - ငါးအမိုင် နိုကော အီးအမ်သည် အချဉ်ဓာတ် သဘောရှိတဲ့အတွက် သဘာဝမြေဆွေး သို့ နွားချေးစတာတွေနဲ့ရော၍ သုံးပေးတာ ပိုအဆင်ပြေပါတယ်ခင်ဗျ။
ဒီမေးခွန်းလေးကတော့ ပိုးအကြောင်းကို ယေဘုယျအနေနဲ့ မှတ်ထားလို့ရအောင် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။
၃။ မေး (အာကာစိုး) -အပမ်း မကြီးရင် ဘယ်ပိုးကျရင် ဘယ်လက္ခဏာတွေစဖြစ်လဲ ပြောပြပေးပါလားဗျ။
ဖြေ (ဒို့ဦးလေး) - ပိုး 3 မျိုး မှတ်ထားပါ။ 1- စုပ်စားပိုး(ပျ၊ဖြုတ်၊လှေး၊ယင်ဖြူ၊ဂျပိုး..) 2-ကိုက်စားပိုး (ပိုးစိမ်းကောင်၊ ငမြောင်တောင်၊ ကျိုင်း.....) 3-ပုန်းကွယ်စားပိုး (ပွင့်ထွေး၊ သီးဖောက်၊ ပင်စည်ထိုး၊ ဆစ်ပိုး၊ မြေအောင်းပိုး...) စုပ်စားပိုးကျရင်၊အရွက်တွန့်ကုပ်မယ် ကိုက်စားပိုးကျရင် အပင်၊ အရွက်၊ အသီးတွေမှာ ကိုက်ရာ၊ ဖောက်ရာတွေ့မယ်။ ပုန်းအောင်းပိုးကမမြင်ရ။ အပင်ညှိုး၊ အပွင့်ညှိုး၊ အညွန့်ညှိုးတာတွေ့ရမယ်။
နံပါတ် ၄ မေးခွန်းက ဝက်ကို မချိန်ကြည့်ဘဲ အလေးချိန်သိနိုင်တဲ့ နည်းလမ်းမို့ စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်။ ကတ္တားဘာညာမရှိလည်း စိတ်ပူစရာမလို ကိုယ့်ဟာကိုယ် အိမ်မှာ အကြမ်းဖျင်းလေး ချိန်ကြည့်လို့ရသွားပြီပေါ့။
၄။ မေး (ဦးရန်ကျော်မိုး) - ဝက် ၁ ကောင်ကိုမချိန်ကြည့်ဘဲ အချိန် ဘယ်လောက်ထွက်မလဲ တိုင်းတာတဲ့နည်း စနစ်လေးမျှဝေပေးကြပါခင်ဗျာ။
ဖြေ (ဇင်ဘိုလွင်) - ဝက်အလေးချိန် =( လုံးပတ်x လုံးပတ် x အလျား) ÷ 400 *လုံးပတ်ကို ရင်ညွန့်ကနေပတ်တိုင်းပါ အလျားကို နားရွက်နောက်ထိပ်ကနေ အမြီးရင်းထိပ်ထိတိုင်းပါ။ လက်မ နဲ့ တိုင်းရပါမယ် အဲ့နည်းနဲ့တိုင်းလို့ရလာတာက ပေါင်နဲ့ပါ။ ပိဿာနဲ့သိချင်ရင်တော့ ရလာတဲ့အဖြေကို ၃.၆ နဲ့ ထပ်စားပါ တွေ့မိတာလေး မျှဝေပေးတာပါ။
ပူတဲ့အချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာလေးတစ်ခုကိုလည်း ဖော်ပြရင်း ဒီတစ်ပတ်တော့ ဒီမှာပဲ အဆုံးသတ်ပါဦးမယ်။

၅။ မေး (Chan) - ယိုးဒယား ပိန္နဲသီးတွေ အသီးကွဲအက်တာ ဘာကြောင့်လဲဗျ။
ဖြေ (ဒို့ဦးလေး) - နေပူရှိန်ပြင်းပြီး မိုးရွာရင်(သို့မဟုတ်)ရုတ်တရက် ညပိုင်းအေးရင် အသီးကွဲအက်တတ်ပါတယ်။
(ဦးသက်လွင်) - အသီးမှာရောဂါကျရောက်လျှင်၊ အပူချိန်များချိန် ရေ/မိုးရေထိလျင် အသီးကွဲအက်တတ်ပါတယ်။
ပူတော့လည်း ပူလိုက်တာ၊ ရွာတော့လည်း မုန်တိုင်းပါသယ်လာတော့မယ့် မိုး။ ဒါတွေဟာ နှစ်ပေါင်းများစွာ လူသားတွေရဲ့ ရက်စက်မှုကို ကမ္ဘာကြီးကပြန်ဒဏ်ခတ်တာလို့ပဲ ဆိုရမှာပါ။ ဒီတော့ မိုးလေးတစ်ပေါက်နှစ်ပေါက်ကျလာရင် နီးစပ်ရာ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်ကြီးတွေစိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို တစ်နိုင်အားနဲ့ လျှော့ချကျပါစို့နော်။
အခက်အခဲတွေအကြံဉာဏ်တွေလိုအပ်လာပြီဆိုရင် အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အကူအညီပေးမဲ့ ဆရာတွေမျှော်နေကြောင်းနဲ့ တောင်သူတွေမေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးနေတဲ့ ဆရာဖုန်းမာန်တိုးလည်း မေးခွန်းတွေကို ပြန်ဖြေဖို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုပါ သတင်းကောင်းပေးလိုက်ပါရစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026