အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပန်းစိုက်... နိုင်ငံခြားပို့ပြီး ဒေါ်လာဘီလျံချီ ဝင်ငွေရရှိနေတဲ့ နိုင်ငံများ

ပန်းစိုက်... နိုင်ငံခြားပို့ပြီး ဒေါ်လာဘီလျံချီ ဝင်ငွေရရှိနေတဲ့ နိုင်ငံများ

ပန်းဆိုတာကတော့ တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံမဆို အသုံးပြုကြသလို ဈေးကွက်ကလည်း ကျယ်ကျယ် ပြန့်ပြန့်ရှိပါတယ်။ တချို့နိုင်ငံတွေကတော့ ပြည်တွင်းပန်းလိုအပ်ချက်နဲ့ မပြည့်စုံလို့ ဒါမှမဟုတ် ကိုယ့်ဒေသမှာမထွက်တဲ့ မျိုးဆန်းတွေကိုလိုချင်လို့ နိုင်ငံခြားကနေ တင်သွင်းသုံးစွဲကြရပါတယ်။

ကျွန်မတို့နိုင်ငံမှာဆိုရင်လည်း တရုတ်ပန်းဆိုတာတွေ ဈေးကွက်ထဲမှာ အများအပြား တွေ့ဖူးကြ မယ်ထင်ပါတယ်။ အခုကတော့ နယ်စပ်ဈေးကွက်အချို့ ပိတ်ထားမှုတွေကြောင့် အရင်ကထက်စာရင် တော့ တွေ့ရနည်းလာပါပြီ။ 

ဆိုတော့ ကမ္ဘာ့ပန်းဈေးကွက်ဟာ ကျယ်ပြန့်သလို ပန်းတင်ပို့မှုစီးပွားရေးကလည်း တချို့နိုင်ငံတွေအ တွက် ဒေါ်လာဘီလျံနဲ့ချီဝင်ငွေရှိနေတာပါ။ နယ်သာလန်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်နှစ်တည်း မှာတင် နိုင်ငံခြားကို ပန်းနဲ့ပန်းစည်းတွေ တင်ပို့မှုကနေ ဝင်ငွေ ဒေါ်လာ ၅.၇ ဘီလျံထိ ရရှိခဲ့ပါတယ်။ ( ၁ ဘီလျံကို သန်း ၁၀၀၀ ရှိပါတယ်။) 

ဆိုတော့ အတော်လေးများတဲ့ ဝင်ငွေပမာဏပါပဲ။ ဒီတော့ နယ်သာလန်နိုင်ငံလိုမျိုးပဲ ဘယ်နိုင်ငံတွေက ကော နိုင်ငံခြားကို ပန်းနဲ့ပန်းစည်း၊ ပန်းစည်းရာမှာ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကို အဓိကတင်ပို့ပြီး ဝင်ငွေတွေဘယ်လောက်ထိ ရနေသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် ပန်းစည်းတင်ပို့မှုကနေရရှိခဲ့တဲ့ငွေက ကမ္ဘာလုံးဆိုင်ရာ အတိုင်း အတာအနေနဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံအထိကို ရှိခဲ့ပါတယ်တဲ့။ 

အခုလို ပန်းစည်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်ပို့မှုနှုန်းကို ၂၀၁၇ ကနေစပြီး တွက်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်ထိဆို ပျှမ်းမျှအားဖြင့် ၃၀.၂ % ခန့်ထိ သိသိသာသာကို တိုးလာခဲ့တာပါ။ 

တစ်နှစ်ထက်တစ်နှစ် ပန်းစည်းတင်ပို့ရမှုနှုန်းထားက တစ်ကမ္ဘာလုံးမှာ မြင့်တက်လာနေတာဖြစ်ပြီး  ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာ ၈.၇ ဘီလီယံသာရှိခဲ့ရာကနေ ၂၀၂၁ မှာတော့ ၂၇.၁ % တိုးလာပြီး ၁၁ ဘီလျံအထိ ရှိသွားတာပါ။ 

ကမ္ဘာမှာ ပန်းစည်းတင်ပို့မှုအများဆုံးနိုင်ငံတွေကတော့ နယ်သာလန်၊ ကိုလံဘီယာ၊ ကင်ညာ၊ အီသီ ယိုးပီးယားနဲ့ အီကွေဒေါ စတဲ့နိုင်ငံတွေဖြစ်ပြီး ဒီ ၅ နိုင်ငံက တင်ပို့မှုကတင် ကမ္ဘာ့ပန်းစည်းနဲ့ ဆက်စပ် ထုတ်ကုန်တင်ပို့လုပ်ငန်းရဲ့ ၈၅% လောက် ရှိတယ်လို့ သိရပါတယ်။

တိုက်ကြီးများနဲ့ဒေသအလိုက် ပြောမယ်ဆိုရင်တော့ ဥရောပတိုက်က ပန်းတင်ပို့မှုအများဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ပန်းတင်ပို့မှုဈေးကွက် ၅၇.၉ ရာခိုင်နှုန်း (တင်ပို့မှုတန်ဖိုး ဒေါ်လာ ၆.၄ ဘီလျံ) ထိ ရှိခဲ့ပါတယ်။

ကာရေဗီယန်ဒေသက မက္ကဆီကိုနဲ့ လက်တင်အမေရိက နိုင်ငံတွေရဲ့ ပန်းတင်ပို့မှုကတော့ ၂၄.၈ % ရှိပြီး ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေကတော့ ၁၀.၄ ရာခိုင်နှုန်း တင်ပို့ခဲ့ကြပါတယ်။

ကျန်တာတွေကတော့ အာရှ (၅.၃ %)၊ မြောက်အမေရိက  (၁.၄ %) ဖြစ်ပြီး နယူးဇီလန်၊ ဩစတျေးလျနဲ့ ဖရန့်ပိုလီနေးရှား နိုင်ငံတွေကတော့ ၀.၁ ရာခိုင်နှုန်းခန့် တင်ပို့မှုရှိပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ပန်းတင်ပို့မှုကနေ ဝင်ငွေအများဆုံးရနိုင်ငံ ၁၅ နိုင်ငံကတော့..

1. နယ်သာလန်နိုင်ငံ  ၅.၇ ဘီလျံ (၅၂ %)

2. ကိုလံဘီယာ ၁.၇ ဘီလျံ (၁၅.၇ %)

3. အီကွေဒေါ ၉၂၇.၃ မီလျံ (၈.၄ %)

4. ကင်ညာ ၇၂၅.၅ မီလျံ (၆.၆ %)

5. အီသီယိုးပီးယား ၂၅၄.၅ မီလျံ (၂.၃ %)

6. ဘယ်လ်ဂျီယံ ၁၅၀ မီလျံ (၁.၄ %)

7. အီတလီ ၁၄၀.၉ မီလျံ (၁.၃ %)

8. တရုတ် ၁၂၄.၆ မီလျံ (၁.၁ %)

9. မလေးရှား ၉၀.၅ မီလျံ (၀.၈ %)

10. ကနေဒါ ၈၂ မ မီလျံ (၀.၇ %)

11. အစ္စရေး ၇၇.၅ မီလျံ (၀.၇ %)

12. တောင်အာဖရိက  ၇၀.၄ မီလျံ (၀.၆ %)

13. စပိန် ၆၉.၆ မီလျံ (၀.၆ %)

14. ဂျာမနီ ၆၅.၈ မီလျံ (၀.၆ %)

15. တူရကီ ၅၉.၄ မီလီယံ (၀.၅ %)

ဒီထိပ်ဆုံးနိုင်ငံ ၁၅ နိုင်ငံထဲမှာမှ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ပန်းစည်းတင်ပို့မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုအမြန်ဆုံးနိုင်ငံတွေကတော့ ဘယ်လ်ဂျီယံ (84.3% အထက် ), တူရကီ ( 61.6% အထက်), တောင်အာဖရိက (54.7% အထက်) နဲ့ အီတလီ (44.1% အထက်) စတဲ့ နိုင်ငံ ၄ နိုင်ငံပဲ ဖြစ်ပါတယ်။

ပုံမှန် ပန်းစည်းတင်ပို့ရောင်းချနေမှုကနေ လျော့ကျသွားတဲ့ တစ်ခုတည်းသောနိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပြီး တစ်နှစ်အတွင်း ၀.၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားပါတယ်။

Ref:https://www.worldstopexports.com/flower-bouquet-exports-country/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
မင်းဇော်

မင်းဇော်

လွန်ခဲ့သော ၄ နှစ် က

ဘာပန်းတွေလည်း မြန်မာပြည်မှာကော စိုက်ပျိုးလို့ရလားစိုက်ပျိုးလို့ဖြစ်ထွန်းပါသလားသိခြင်ပါတယ်

ဦးကျော်ခိုင်

ဦးကျော်ခိုင်

လွန်ခဲ့သော ၄ နှစ် က

ပန်းစိုက်ပျိုးနည်းလေး သိချင်လို့ပါ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။