ထောပတ်သီးကောင်းကောင်းရဖို့ ဘယ်လိုရွေးဝယ်ကြမလဲ
ကဲ ထောပတ်သီးတွေကို များသောအားဖြင့် ရင့်ပြီဆိုရင် အညှာဆတ်ကနဲဖြစ်တာ၊ အပွေးတတ်လာတာ၊ အဖုလေးတွေ ကြဲသွားတာတွေကို ရင့်တယ်လို့ယူဆပြီး ခူးကြပါတယ်။
တကယ်ကော ဟုတ်ရဲ့လား။ လေ့လာကြမယ်နော်။
ထောပတ်သီးကို ဘယ်လိုပုံစံဆို ခူးမလဲ၊ ဘယ်လိုရွေးဝယ်ကြမလဲဆိုရင်တော့
အဆင့် (၁)
ထောပတ်သီးအခင်း (သို့) ဆိုင်ကိုရောက်ပါက အသီးပုံထဲကနေ အစိမ်းရောင်ရင့်တဲ့ အသီးကို ရွေးချယ်ပါ။ အရောင်ဖျော့တဲ့အသီးထက် အမှည့်ပိုမြန်ပါလိမ့်မယ်။
နောက်ထက်က အပြင်ခွံမှာ အပွေးတတ်နေတဲ့ အစက်အပြောက်ရှိတာကို ရွေးပါ။
အညှာက နည်းနည်းအညိုရောင်ဘက်သမ်းနေမယ် အဲ့တာကိုဖယ်လိုက်ရင် ဆတ်ကနဲဖြစ်မယ် အညှာနေရာလေးက စိမ်းနေပါက မှည့်ရင် အသင့်ဖြစ်ပြီးရင့်ပါပြီ။ အညှာအောက်က ညိုနေပါက အမှည့်လွန်သလိုဖြစ်နိုင်ပြီး အသီးအတွင်းမှာ အမဲစက်တွေဖြစ်တတ်ပါတယ်။
အညှာက ဖြုတ်ရခက်နေရင်တော့ ငွေကုန်ခံပြီး မဝယ်ပါနဲ့လို့ပဲပြောချင်ပါတယ်။
အပြင်ဖက်အခွံမှာလည်း ဘာအနာအဆာမှမရှိတာကို ရွေးပါ။ ဒါဆိုရင် အသီးအတွင်းကြေနေတာမျိုးဖြစ်မှာမဟုတ်ပါဘူး။ ခူးမယ်ဆိုရင်လဲ သတိထားခူးပါ။
အဆင့် (၂)
အသီးကို လက်ဖဝါးပေါ်တင်ပြီး အသီးရဲ့ အနာအဆာကင်းမှုနဲ့ မှည့်ရန်သေချာမှုတို့ကို စမ်းသပ်ပါ။ ထောပတ်သီးကခြောက်ပီး လက်နဲ့ဖိပါက အထဲသို့ ချိုင့်ဝင်သွားမယ်၊ အပြင်က အသီးအနာအဆာရှိပါက အဲ့ဒီနေရာက ခါးတဲ့အရသာဖြစ်တတ်တာဖြစ်လို့ ဖယ်ထုတ်ပြီးမှပဲ စားသင့်ပါတယ်။
ထောပတ်သီး မှည့်ရန် အချက် ၅ ချက်လိုအပ်ပါတယ်။
1. လေထုစိုထိုင်းဆ - Humidity -၉၀-၉၅% လိုအပ်ပါတယ်။
2. ကာဗွန်ဒိုင်အောက်ဆိုဒ် - Carbon dioxide -၁%လောက်ပဲ ရှိသင့်ပါတယ်၊ အခန်းကို ၆-၈ နာရီကြာမှသာ အခန်းကို လေဝင်လေထွက်ရှိအောင် ၁၀-၁၅ မိနစ်သာ တံခါးကိုဖွင့်သင့်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်မရှိအောင် အခန်းကို လုံပီး မှောင်မည်းအောင်လုပ်ရတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ဂျပ်ပုံးထဲမှာထည့်ပီး မှည့်အောင်လုပ်ကြတာပါ။ တစ်ရက်တစ်ခါ တော့ထုတ်ကြည့်ဖို့တော့လိုပါတယ်။
3. အပူချိန် -အခန်းအပူချိန်ကတော့ တကယ့်စီးပွားဖြစ်သမားတွေအတွက် ပိုအရေးကြီးပါတယ်။
4. အသီးရဲ့ မှည့်မှု စမ်းသပ်ခြင်း တို့ပဲဖြစ်ပါတယ်။
အသီးမှည့်ရန် -၄-၇ ရက်အလိုဆိုပါက လက်နဲ့ဖိပါက အမာအတိုင်းပဲရှိနေသေးပါက မှည့်ရန်လိုပါသေးတယ်။ အစိမ်းရင့်ရောင်လည်း ရှိပါအုံးမယ်။ ချက်ခြင်းစားချင်တာမျိုးဆိုရင်တော့ ဒီလိုအသီးမျိုးကို ရွေးချယ်မဝယ်ပါနဲ့နော်။ သူ့ကိုဆိုရင် အခန်းအပူချိန် ၆၅-၇၅ ဒီဂရီဖာရင်ဟိုက်မှာသိုလှောင်ပါ။ ဒါ့အပြင် အုပ်ထားဖို့လည်းလိုပါတယ်။
မှည့်ရန် ၁-၂ ရက်အလို - ခွဲကြည့်လိုက်ပါက အမှည့်နဲ့တော့တူတယ်။ အစေ့ကတော့ ထုတ်ယူဖို့ခက်နေမယ်၊ အသားကို ဇွန်းနဲ့ကော်ဖို့ မာနေတယ်ဆိုရင်တော့ မှည့်ဖို့ ၁,၂ ရက်လိုနေပါသေးတယ်နော်။ သူ့ကိုလည်း အခန်းအပူချိန် ၆၅-၇၅ ဒီဂရီဖာရင်ဟိုက်မှာ ၁-၂ ရက်သိုလှောင်ပီးမှ စားသင့်ပါတယ်။
စားရန်အသင့်မှည့်ပြီဆိုပါက အတွင်းအသားလေးတွေလည်း နူးညံ့လာမယ်။ အပြင်ခွံတွေ လုံးဝမဲသွားမယ်။ လက်နဲ့ဖိပါက အိသွားမယ်ဆိုရင် စားလို့ရပါပြီ။ တစ်ရက်၊ နှစ်ရက်အတွင်း စားမယ်ဆိုရင်တော့ အမှည့်မလွန်အောင် ရေခဲသေတ္တာထဲထည့်ထားဖို့လိုပါတယ်နော်။
အမှည့်လွန်ပြီဆိုပါက အသီးကို လက်နဲ့ဖိက ချိုင့်ဝင်သွားအောင်အိနေမယ်။ အတွင်းသားတွေက မဲပြီး ပုပ်နေပါလိမ့်မယ်။ အနံလည်း ဆိုးဆိုးရွားရွားဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင်တော့ အားလုံးသိတဲ့အတိုင်း စားဖို့မသင့်တော့ပါဘူး။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မြတ်စုဝေ
အားလုံး