QR (ကျူအာ) ကုဒ်တွေကို ဖုန်းနဲ့ ဘယ်လိုဖတ်မလဲ?
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။
ယခုတစ်ပတ်မှာတော့ QR (ကျူအာ) ကုဒ်ကို ဘယ်လိုဖတ်ရမလဲဆိုတာ တောင်သူ ဦးလေး ဒေါ်လေးတို့ကို မျှဝေပေးသွားမှာဖြစ်ပါတယ် ခင်ဗျ။
ခုနောက်ပိုင်းမှာ QR (ကျူအာ) ကုဒ် တွေကို နေရာတော်တော်များများမှာ အသုံးပြုလာကြပြီဖြစ်ပါတယ်။ ကြော်ငြာတွေ၊ လက်ကမ်းစာစောင်၊ ဆိုင်းဘုတ်နဲ့ အခြား ပုံနှိပ်ထုတ်ဝေမှုပိုင်းဆိုင်ရာတွေ အပြင်စီးပွားရေး လုပ်ငန်းတွေရဲ့ အွန်လိုင်းလိပ်စာ ဝက်ဘ်ဆိုက်တွေကိုလည်း QR (ကျူအာ) ကုဒ်ကနေတစ်ဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်အောင် အသုံးပြုလာကြပြီ ဖြစ်ပါတယ်။
လက်ရှိ ဂူးဂဲလ်ဝန်ဆောင်မှုပါရှိတဲ့ အန်းဒရွိုက် ဖုန်းတွေက Google Assistant (ဂူဂဲလ်လက်ထောက်) ကတစ်ဆင့် (ကျူအာ) ကုဒ် တွေကို ဖတ်တဲ့စနစ်ကို ယခုဆောင်းပါးမှာ ဖော်ပြပေးမှာဖြစ်ပါတယ်။
၁။ အရင်ဆုံးဖုန်းရဲ့ အောက်ဘက် အလယ်မှာ ရှိတဲ့ Home (လေးထောင့်ပုံ) ခလုတ်ကို စက္ကန့်အနည်းငယ်ဖိထားပြီး Google Assistant (ဂူဂဲလ်လက်ထောက်) ကို ဖွင့်လိုက် ပါ။ မိမိရဲ့ဖုန်းမှာ အင်တာနက်ဖွင့်ထားပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။
၂။ Google Assistant (ဂူဂဲလ်လက်ထောက်) ပွင့်လာရင်တော့ အပြာ-အနီ-အဝါ-အစိမ်း အရောင်လေးခုနဲ့ အတူဘေးမှာ Google Lens icon (မှန်ဘီလူး) ပုံစံလေး ပေါ်လာမှာ ဖြစ်ပါတယ်။
၃။ Google Lens (မှန်ဘီလူးပုံ) လေးကို နှိပ်ပြီးရင် အသုံးပြုဖို့အတွက် ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ Agree (ခွင့်ပြုသည်) ဆိုတာလေး နှိပ်ပေးပါ။ ပြီးရင်တော့ ကင်မရာစနစ် ပွင့်လာမှာဖြစ်ပြီး မိမိဖတ်ချင်တဲ့ (ကျူအာ) ကုဒ်ပေါ်ကို ကင်မရာနဲ့ စက္ကန့် ပိုင်းလောက် သေချာချိန်ထားလိုက်တာနဲ့ စတင်ဖတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိမိသိရှိလိုတာတွေကို (ကျူအာ) ကုဒ် ကတစ်ဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် QR (ကျူအာ) ကုဒ် အသုံးပြုတတ်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။
https://internetjournal.media/qr-code မှကိုးကားဖော်ပြပါသည်။
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည် ဖတ်ရှုချင်ရင်တော့ ဖော်ပြပါလင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026