ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ
အပိုင်း (၁) ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်း
အင်တာနက်ပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များသည် နည်းလမ်းမျိုးစုံဖြင့် ခိုးယူခြင်းခံနေရပါတယ်။
အောက်တွင်ဖော်ပြထားသော အချက်များမှာအချက်အလက်ခိုးယူသူများ အများဆုံးအသုံးပြုသော အချက်အလက်ခိုးယူသည့်နည်းလမ်းများဖြစ်ပါတယ်။
၁) Phishing Attacks - အချက်အလက်ခိုးယူသူများသည် တရားဝင်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် လူကြိုက်များသော အွန်လိုင်းဝန်ဆောင်မှုများကဲ့သို့ ဟန်ဆောင်ကာ အယောင်ဆောင် Emailများ၊ စာတိုများနှင့် ဝက်ဆိုဒ်များကို ဖန်တီးသည်။ ထို့နောက် သုံးစွဲသူများထံသို့ ၎င်း Email အတုများ၊ စာတိုများ၊ ဝက်ဆိုဒ် link များပေးပို့သည်။ ထို Link အတုများကို သုံးစွဲသူများမှ နှိပ်၍ ဝင်ရောက်မိပြီး အချက်အလက်များ ဖြည့်မိပါက သုံးစွဲသူများ၏ အချက်အလက်များသည် အချက်အလက်ခိုးယူသူများထံသို့ အလိုအလျောက် ရောက်ရှိသွားမည်ဖြစ်သည်။
၂) Data Breaches - အချက်အလက်ခိုးယူသူများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များပါရှိသော ကုမ္ပဏီများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ အချက်အလက်သိမ်းဆည်းထားသောနေရာများသို့ (ဥပမာ - ကုမ္ပဏီ၏ server များ) သို့ လုံခြုံရေးအားနည်းသောနေရာများမှ ဝင်ရောက်၍ ခိုးယူခြင်းဖြစ်သည်။
၃) Malware Attacks - အချက်အလက်ခိုးယူသူများသည် မိုဘိုင်းဖုန်းများ၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ လက်တော့များအတွင်းသို့ softwareများ၊ application များမှ တဆင့် ဗိုင်းရပ်စ်များထည့်သွင်း၍ ကိုယ်ရေးကိုယ်တာ အချက်အလက်များခိုးယူခြင်း၊ သုံးစွဲနေသူ၏ သုံးစွဲနေသောအကြောင်းအရာများ၊ အချက်အလက်မှတ်တမ်းများကို ကြည့်ရှုဖြင့် သုံးစွဲသူ၏ ကင်မရာမှတဆင့်သူစွဲနေသူကို တိုက်ရိုက်ကြည့်ရှုခြင်းများပြုလုပ်နိုင်သည်။
၄) Weak Passwords - အားနည်းသော စကားဝှက်များကို အသုံးပြုခြင်းသည် အချက်အလက်ခိုးယူသူများအား သုံးစွဲသူများ၏ လူမှုမီဒီယာများ၏စကားဝှက်များကို အလွယ်တကူ ခန့်မှန်းမိစေပြီး အချက်အလက်များကို ဝင်ရောက်ရယူနိုင်စေသည်။ထို့အပြင် အားနည်းသော စကားဝှက်များကို စကားဝှက်ဖော်သော software များအသုံးပြု၍လည်းကောင်း၊ အတင်းဓမ္မဝင်ရောက်ခြင်းဖြင့်လည်းကောင်း ဖော်ထုတ်နိုင်သည်။
၅) အများသုံးWi-Fi ကွန်ယက်များ - အထူးသဖြင့် လုံလောက်သော လုံခြုံရေးအစီအမံများအများသုံး Wi-Fi ကွန်ယက်များသည် အချက်အလက်များကို ကြားမှဖြတ်ယူရန် အလွယ်ကူဆုံးနေရာများဖြစ်သည်။ ထို့ကြောင့် အချက်အလက်ခိုးယူသူများသည် အများသုံးWi-Fi များမှတဆင့် သုံးစွဲသူများ၏ အချက်အလက်များကို ကြားဖြတ်ခိုးယူ ကြသည်။
၆) လူမှုမီဒီယာများတွင် မျှဝေခြင်း - အထူးသဖြင့် လူမှုမီဒီယာသုံးစွဲသူ အများစုသည် မိမိတို့၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လူမှုမီဒီယာများပေါ် တွင် မျှဝေတတ်ကြသည်။ ထိုသို့ မျှဝေခြင်းသည် အချက်အလက်ခိုးယူသူများမှ သုံးစွဲသူများ၏ အချက်အလက်များကို အလွယ်တကူ သိမ်းဆည်း ထားနိုင်သည်။

အပိုင်း (၂) ကိုယ်ရေးကိုယ်တာအချက်အလက်များကိုကာကွယ်ခြင်း
ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းမှ ကာကွယ်ရန် နည်းလမ်းများကို အောက်တွင်ဖော်ပြထားပါသည်။
၁) သံသယဖြစ်စရာ Link များကိုမဝင်ပါနှင့်။ မိမိမသိသော Email များ၊ စာတိုများ (သို့မဟုတ်) ဝက်ဆိုဒ် များကိုဝင်ရောက်ကြည့်ရှုလျှင် အချက်အလက်များတောင်းဆိုပါက မဖြည့်ပါနှင့်။
၂) အားကောင်းသောစကားဝှက်များကို အသုံးပြုပါ။ သူတစ်ပါးခန့်မှန်းလွယ်သော စကားဝှက်များကို အသုံးမပြုဘဲ မိမိကိုယ်တိုင်မှတ်မိ၍ ခိုင်မာ ထူခြားသော စကားဝှက်များကို အသုံးပြုပါ။
၃) မိမိအသုံးပြုသော မိုဘိုင်းဖုန်းများ၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၊ လက်တော့များ အတွင်းရှိ software များ၊ application များတွင် လုံခြုံရေး အလွှာများကို ဖြည့်ထားပါ။ ဥပမာ - two - factor authentication (2FA) အသုံးပြုခြင်း)
၄) အသုံးပြုနေသော Software များ၊ application များကို နောက်ဆုံးအဆင့်သို့ အမြဲမြှင့်ထားခြင်းဖြင့် လုံခြုံရေးစနစ်ကို ပိုမိုကောင်းမွန်စေသည်။
၅) အသုံးပြုနေသော မိုဘိုင်းများ၊ ကွန်ပျူတာများတွင် တရားဝင် ဗိုင်းရပ်စ်ကာကွယ်သော Software များအသုံးပြုခြင်းဖြင့် အချက်အလက်ခိုးယူသူများ ကျူးကျော်ဝင်ရောက်ခြင်းမှကာကွယ်နိုင်သည်။
၆) အများသုံး Wifi များကိုအသုံးပြုလျှင် VPN (virtual private network ) ကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာများကို အမြဲအသုံးပြုပါ။ ထို့အပြင် အများသုံး Wifi ကို အသုံးပြုနေချိန်တွင် မိမိ၏အရေးကြီးသောအချက်အလက်များကို လက်ခံခြင်း၊ အသုံးပြုခြင်းရှောင်ကြဉ်ပါ။
၇) လူမှုမီဒီယာများတွင် မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သို့မှ မမျှဝေပါနှင့်။ လူမှုမီဒီယာ Profile များကို လူတိုင်းဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်ရန် ပိတ်ထားပါ။
၈) လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်သောအကြောင်းအရာ၊ သတင်းအချက်အလက်များ၏ နောက်ဆုံးသတင်းများကို အမြဲဖတ်ရှုလေ့လာပါ။ ထို့အပြင် လူမှုမီဒီယာများတွင် လိမ်လည်လှည့်ဖြားမှုသတင်းများကို အမြဲဖတ်ရှုလေ့လာပါ။
အထက်တွင်ဖော်ပြခဲ့သောနည်းလမ်းများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရခြင်းမှကာကွယ်ရန် ပြုလုပ်သင့်သော အလေ့အကျင့်များနှင့် နည်းလမ်းများဖြစ်ပါတယ်။
စာဖတ်သူအားလုံး ကိုယ်ရေးကိုယ်တာအချက်အလက်များခိုးယူခံရခြင်းမှကင်းဝေ၍ လုံခြုံစိတ်ချသော အင်တာနက်ကမ္ဘာကြီးတွင် ပျော်ရွှင်နိုင်ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Okkar
အားလုံး