လာဘ်ရွှင်စေတယ်ဆိုပြီး လူကြိုက်များတဲ့ ငွေအိတ်ဖောင်းပင်
ငွေအိတ်ပင်၊ အိတ်ဖောင်းပင် လို့လည်း ခေါ်ကြတဲ့ ပိုက်ဆံအိတ်ပင်က အရွက်ဖောင်း ဖောင်းလေးတွေနဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ အပင်လှလှလေးတွေပါ။
တချို့နိုင်ငံတွေမှာတော့ ပုရွက်ဆိတ်တွေနဲ့ ဆက်နွှယ်မှုရှိတဲ့ သစ်ကပ်ပင်ဖြစ်တာကြောင့် ပုရွက်ဆိတ်ပင်လို့လည်းခေါ်ကြပါတယ်တဲ့။
ဒီအပင်လေးတွေဟာ မြန်မာနိုင်ငံမှာတော့ အိမ်တွင်းအလှပင်စိုက်ပျိုးသူတွေကြား ရေပန်းစားနေတဲ့ အပင်အမျိုးအစားတစ်ခုပါ။ ဒါပေမဲ့ အများစုကိုတော့ ထိုင်းနိုင်ငံဘက်က တင်သွင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
“ အိတ်ဖောင်းအပင်တွေက ထိုင်းကနေပဲလာတယ်။ တရုတ်ကမလာဘူး။ပြီးတော့ ဒီမှာပြန်ပွားပြီးတော့ ရောင်းတယ်ဆိုတာမကြားဖူးဘူး။ ကိုယ်ပဲမသိတာလားတော့ မသိဘူး။ တော်တော်များများက ထိုင်းကပဲ မှာကြတယ်။ ပြန်ပွားလို့ကရတယ်။ ဒါပေမဲ့ အချိန်အရမ်းကုန်တယ်။ တစ်ပင်တစ်ပင်ဖြစ်ဖို့က ခြောက်လလောက် အချိန်ပေးရတယ်” လို့ ငွေသော်တာ သစ်ခွဥယျာဉ်ခြံပိုင်ရှင်ဖြစ်တဲ့ စိုက်ပျိုးရေးပညာရှင် ဦးအောင်နိုင်ကပြောပြပါတယ်။
ဒါပေမဲ့ ကိုယ်တိုင်မျိုးပွားပြီးစိုက်ချင်သူတွေအတွက်တော့ အရွက်တွေနဲ့ အဆစ်တွေကို တိုက်ရိုက်ထိုးစိုက်တာ၊ သားတက်တွေကိုပြန်စိုက်တာတွေနဲ့ မျိုးပွားတာတွေ လုပ်နိုင်ပါတယ်။
အိတ်ဖောင်းပင်ရဲ့ အရွက်တွေအကုန်လုံးက ဘောလုံးလိုဖောင်းနေတာမျိုးမဟုတ်ပဲ ပြားနေတဲ့ အရွက်တွေလည်း ရှိပါတယ်။ ဒီအိတ်တွေဟာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အောက်စီဂျင်ကို လဲလှယ်တဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ပါတယ်။
ငွေဖောင်းပင်လေးတွေဟာဆိုရင် အလင်းရောင်ကောင်းစွာရတာကြိုက်ပေမယ့် နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာကို မကြိုက်ပါဘူး။ ရေအများကြီးလောင်းတာမျိုးကို မကြိုက်တဲ့အတွက် ရေမလောင်းခင်မှာ မြေသားစို၊ မစို ကိုကြည့်ပြီးမှလောင်းသင့်ပါတယ်။ မြေအစိုဓာတ် လျင်မြန်စွာ ခြောက်သွေ့သွားနိုင်တဲ့ အတွက် လေအရမ်းတိုက်တဲ့ နေရာမှာအပင်ကို ထားထားတာမျိုးကို ရှောင်ကြဉ်ရပါမယ်။
မြေဩဇာကျွေးတာအနေနဲ့တော့ ၁၆ ပတ်လည်မြေဩဇာကို ၂ ပတ်တစ်ကြိမ်ကျွေးပေးတာမျိုးလုပ်တယ်လို့ ဦးအောင်နိုင်က ဆိုပါတယ်။ နောက်ထပ် ရွက်ဖျန်းမြေဩဇာတစ်ခုခုသုံးတာမျိုးတော့ သူ့အနေနဲ့ ထပ်လုပ်တာမျိုးမရှိဘူးလို့လည်း ဦးအောင်နိုင်က ပြောပါတယ်။

အိတ်ဖောင်းပင်ဆိုတဲ့ နာမည်အတိုင်း လာဘ်ခေါ်သလိုလည်း ဖြစ်တဲ့အတွက် အရောင်းအဝယ်လိုက်တဲ့ အပင်ပဲဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ၂၀၂၂ ခုနှစ်လောက်မှာ ပုံမှန်အားဖြင့် ကျပ် ၄၀၀၀ ဝန်းကျင်ရှိပြီး ပြုစုရတာ ကရိကထမများတဲ့အတွက် တိုက်ခန်းမှာနေတဲ့ သူတွေနဲ့ ဆိုင်တွေ၊ ရုံးတွေမှာ အလှထားဖို့အတွက် ဝယ်ကြတာများတယ်လို့ သိရပါတယ်။ သူက တွဲလောင်းချိတ်ဆွဲ ထားလို့ရတဲ့ အပင်အမျိုးအစားလည်းဖြစ်လို့ အလှဆင်တဲ့နေရာမှာလည်း အဆင်ပြေပါတယ်။
“ နာမည်လေးအတိုင်း ငွေဝင်စေနိုင်တယ် ယူဆပြီး အိတ်ဖောင်းပင်ကိုပဲ ရူးသွပ်ပြီး ဝယ်တဲ့လူကလည်း သပ်သပ်ကိုရှိတယ်” လို့ ကေသရီသစ်ခွဥယျာဉ်ခြံက မကလျာအောင်က ပြောပြလာပါတယ်။
အိတ်ဖောင်းပင်လေးတွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ မကလျာ (ကေသရီ သစ်ခွဥယျာဉ်၊ ဖုန်းနံပါတ် 09 765115213) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး