အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

Green Way
Green Way • 20/11/2024

ဒီတစ်ပတ်အတွက် ဥာဏ်စမ်းလေးလာပါပြီ..

 မူရင်းဂရိဘာသာမှ ဆင်းသက်လာတဲ့ ဟော်မုန်းဆိုတဲ့စကားလုံးဟာ  ကြီးထွားမှုကို အားပေးလှုံ့ဆော်သည့်ပစ္စည်းဟု ခေါ်၀ေါ်သုံးစွဲလျက်ရှိပါတယ်။ ဟော်မုန်းတွေဟာဆိုရင် အပင်၏ဇီဝကမ္မ လုပ်ဆောင်ချက် အများစုနှင့် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်ပေးသည့် ဩဂဲနစ်ဒြပ်ပေါင်းတွေပဲ ဖြစ်ပါတယ်။

ဆိုတော့ အဓိကဟော်မုန်းကြီး ငါးခုရှိတဲ့အထဲကမှ ဂျစ်ဘရယ်လင်က ဘယ်လိုလုပ်ဆောင်ချက်ကို လုပ်ဆောင်လဲဆိုတာ သိကြလားရှင့်

မသိရင်လည်း ခန့်မှန်းကြည့်ကြပါဦးနော် သိတဲ့မိတ်ဆွေတို့က တခြားမိတ်ဆွေတွေဗဟုသုတ ရအောင်ဖြေပေးသွားကြပါလားနော်...

အဖြေမှန်လေးကိုတော့ သောကြာနေ့မှာ တင်ပေးသွားမှာဖြစ်ပါတယ်ရှင့်

 

8
San Yu Win

San Yu Win

လွန်ခဲ့သော ၁ နှစ် က

(ခ)ရိုးတံများကိုရှည်လျားစေခြင်း

မျိုးအောင်

မျိုးအောင်

လွန်ခဲ့သော ၁ နှစ် က

ခ။။ ရိုးတံများရှည်လျားစေသည်မှာသိ့သာပြီး။ အသီးတင်မှု့ကိုလည်းအားပေးသည်

Shine

Shine

လွန်ခဲ့သော ၁ နှစ် က

ခ

လက်တွေ့တောင်သူ

လက်တွေ့တောင်သူ

လွန်ခဲ့သော ၁ နှစ် က

ခ

စောစေဝါး

စောစေဝါး

လွန်ခဲ့သော ၁ နှစ် က

(ခ) ရိုးတံများကို ရှည်လျားစေခြင်း

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။