အစိမ်းရောင်လမ်း ဆော့ဝဲလ်၏ Setting အားလေ့လာခြင်း
အဆင့်(၁) ဝိုင်ဖိုင် (သို့မဟုတ်) အင်တာနက်ဖွင့်ပြီး အစိမ်းရောင်လမ်း ဆော့ဝဲလ်ထဲသို့ ဝင်ရောက်ပါ။ ပုံတွင်ပြထားသည့်အတိုင်း ပင်မစာမျက်နှာ၏ ညာဘက်အပေါ်ဘက်တွင် ရှိသော စက်သွားပုံ အဝိုင်းလေးအားနှိပ်ပါ။
အဆင့်(၂) ပုံတွင်ပြထားသည့်အတိုင်း ဆက်တင်ထဲရှိ ကဏ္ဍများအား တွေ့ရပါမည်။ ၎င်းစာမျက်နှာအောက်ဘက်တွင် အသိပေးချက် ဖွင့်မည် ပိတ်မည်ကိုလည်း လုပ်နိုင်ပါသည်။ ထို့ပြင် မိမိသုံးနေသော အစိမ်းရောင်လမ်း၏ ဆော့ဝဲလ် ဗားရှင်းကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။
အဆင့်(၃) "အစိမ်းရောင်လမ်းအားဆက်သွယ်ရန် " ဟူသော ခလုတ်ကိုနှိပ်ပါက ပုံတွင်တွေ့ရသကဲ့သို့ ဆက် သွယ်ရမည့် ဖုန်းနံပါတ်များကို တွေ့ရပါမည်။ ရုံးလိပ်စာနှင့် ရုံးဖွင့်ချိန်ကိုလဲ ဖော်ပြထားပါသည်။
အဆင့်(၄) "ကျွန်ုပ်တို့အကြောင်း" ခလုတ်အားနှိပ်ပါက အစိမ်းရောင်လမ်း ဆော့ဝဲလ်အကြောင်းအား အကျဉ်းချုပ်ဖော်ပြထားသည်ကို တွေ့ရပါမည်။
အဆင့်(၅) "မေးခွန်းမေးနည်း" ခလုတ်အားနှိပ်ပါက အစိမ်းရောင်လမ်း ဆော့ဝဲလ်တွင် တောင်သူများ မိမိစိုက်ခင်းနှင့် ပတ်သတ်သည့် အခက်အခဲနှင့် ဆွေးနွေးချင်သည့် အကြောင်းအရာများကို မေးမြန်းပုံ အဆင့်ဆင့်အား ပုံနဲ့ တကွ ဖော်ပြထားပါသည်။
အဆင့်(၆) "ကိုယ်ရေးအချက်အလက်ပြင်ရန် "ခလုတ် အားနှိပ်ပါက မိမိ၏ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ပြန်လည် ပြင်ဆင်နိုင်ပါသည်။
အဆင့်(၇) "ထွက်မည်" ခလုတ်အားနှိပ်ပါက မိမိအသုံးပြုနေသော အစိမ်းရောင်လမ်း အကောင့်မှ ထွက်သွားပါမည်။ ထပ်မံ အသုံးပြုလိုပါက မိမိ၏ ဖုန်းနံပါတ်ကို ရိုက်ထည့်ကာ အစိမ်းရောင်လမ်း အကောင့်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ ဝင်ရမည် ဖြစ်ပါသည်။
Aung Zin Phyo
လွန်ခဲ့သော ၃ နှစ် ကမဂ်လာပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026