အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွယ်ကူရိုးရှင်းတဲ့ အစိမ်းရောင်မှတ်တမ်း အသုံးပြုပုံ အဆင့်ဆင့် 

လွယ်ကူရိုးရှင်းတဲ့ အစိမ်းရောင်မှတ်တမ်း အသုံးပြုပုံ အဆင့်ဆင့် 

Green Way
Green Way • 06/07/2021

အစိမ်းရောင်လမ်း ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ အစိမ်းရောင်မှတ်တမ်း စနစ် နဲ့ တောင်သူများကို မိတ်ဆက်ပေးပါရစေ။ 

အစိမ်းရောင်မှတ်တမ်း ဆိုတာဟာ သီးနှံတစ်ခုကို စတင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းရောင်းချချိန်အထိ မိမိစိုက်ခင်း၏ လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်အား စနစ်တကျမှတ်သားခြင်းဖြင့် ရာသီပိတ်သိမ်းသော အခါ စိုက်ခင်းရဲ့ စုစုပေါင်းကုန်ကျစရိတ်၊ မိသားစုလုပ်အား ပါဝင်မှုနှင့် အထွက်နှုန်းတို့ သိရှိနိုင်ရန် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။  ထိုကဲ့သို့ သိရှိရပါက မိမိ စိုက်နည်းစနစ် မှန်ကန်မှုကို ထိန်းကြောင်းယုံသာမက အထွက်နှုန်းကောင်းပြီး စရိတ်နည်းသော စနစ်ကို အသုံးချမိပြီးသား ဖြစ်စေမည် ဖြစ်ပါသည်။

အစိမ်းရောင်မှတ်တမ်း ကို အသုံးပြုမယ်ဆိုရင် တောင်သူများအနေနဲ့ မိမိ စိုက်ခင်း၏ တစ်နေ့တာကုန်ကျစရိတ်၊ လုပ်အားခ၊ ထည့်သွင်းလိုက်သော သွင်းအားစုများ စသည်တို့ကို မှတ်တမ်းထားရှိနိုင်မှာ ဖြစ်ပါတယ်။  

အစိမ်းရောင်မှတ်တမ်း အသုံးပြုခြင်းအားဖြင့် တောင်သူများဟာ သီးနှံစိုက်ခင်း၏ တစ်ရာသီ ကုန်ကျစရိတ်အား အတိအကျသိရှိနိုင်ခြင်း၊ သီးနှံ၏ အထွက်နှုန်းအား မှတ်တမ်းထားနိုင်ခြင်း၊ အကျိုးအမြတ်အား သိရှိနိုင်ခြင်း၊ သီးနှံစိုက်ခင်း၏ မှတ်တမ်းမှတ်ရာများ စနစ်တကျရှိနေခြင်းကြောင့်  သီးနှံရောင်းချရာတွင် ဈေးကောင်းပိုရနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ 

အစိမ်းရောင်မှတ်တမ်း အားအသုံးပြုရန်အတွက် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါသည်။ 

 

ထို့နောက် လုပ်အားခတွင် လူငှားခ၊ ကျွဲနွားငှားခနှင့် မိသားစုဝင် တို့၏ လုပ်အားခကိုပါ ထည့်သွင်းပေးပါ။ 

တောင်သူ ဦးကြီး၊ ဒေါ်လေးတို့ အဆင်ပြေစွာ အစိမ်းရောင်မှတ်တမ်းကို အသုံးပြုနိုင်ပါပြီဗျ။

40
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

အကြွေးသံသရာလည်နေတဲ့စပါးစိုက်တောင်သူဘာကြောင့်များနေတာလည်း

win ko thu

win ko thu

လွန်ခဲ့သော ၂ နှစ် က

မှတ်လိုတောင်မရတော့ပါပိုးကြလိုပိုသတ်ဆေးလုပ်သားခတွေကမြင့်နေလိုပါသူတို့ရောင်တဲ့စျေသူတိုသတ်မှတ်တဲ့နာရီလုပ်အားကျုပ်ရောင်ရတဲ့စပါစျေးကြတော့နိုင်ငံတော်သတ်မှတ်စျေးမျှတလိုက်ပါသည်ပြည်ကြီးသာတွေရဲ့

အောင်သိုက်

အောင်သိုက်

လွန်ခဲ့သော ၃ နှစ် က

အစိမ်းရောင်မှတ်တမ်းနေရာမှာမွေးမြူရေးအတွက်ပါသလားရှာမတွေ့ဘူးဖြစ်နေတယ်

လယ်သမားလူငယ်မောင်သန်းအောင်ထက်

လယ်သမားလူငယ်မောင်သန်းအောင်ထက်

လွန်ခဲ့သော ၃ နှစ် က

တောင်သူများအားလုံးမင်္ဂပါ ဘေးဘယာဝေးကွာကြပါစေ

ကိုဝင်းလွင်ဦး

ကိုဝင်းလွင်ဦး

လွန်ခဲ့သော ၃ နှစ် က

သိထားသင့်တယ် စာသားတွေပါ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။