လူသုံးအများဆုံး လူမှုမီဒီယာများ
မင်္ဂလာပါ
ယခင်အပတ်က လူမှုမီဒီယာအကြောင်းကို ဖတ်ပြီးကြမယ်လို့ယုံကြည်ပါသည်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်ရှိ လူသုံးအများဆုံး လူမှုမီဒီယာတွေအကြောင်းကို ဗဟုသုတအနေဖြင့် မျှဝေပေးချင်ပါသည်။ ပုံစံမျိုးစုံသော လူမှုမီဒီယာတွေကို ကမ္ဘာ့ဒေသအသီးသီးရှိ လူမျိုးပေါင်းစုံမှ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုနေကြပါသည်။ အဲ့ဒီအမျိုးမျိုးသောလူမှုမီဒီယာ တွေထဲမှာမှ ၂၀၂၃ ခုနှစ် မတ်လအထိကို လူအသုံးပြုမှုအများဆုံး လူမှုမီဒီယာများကတော့

1. Facebook
- ပိုင်ဆိုင်သည်ကုမ္မဏီ - Meta
- အခြေပြုသောနိုင်ငံ - United States of America
- စတင်သည့်ခုနှစ် - 2004
Facebook ကိုနေ့စဉ် လူဦးရေ သန်း၁၉၀၀ နီးပါးမှ ဝင်ရောက်အသုံးပြုနေကြပြီး တစ်လပျှမ်းမျှ လူဦးရေ သန်း ၂၉၆၀ နီးပါမှ အသုံးပြုနေကြသော ကမ္ဘာအကြီးမားဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်ဖြစ်သည်။ ကမ္ဘာလူဦးရေ၏ ၃၇ ရာခိုင်နှုန်းခန့်သည် Facebook အသုံးပြုနေကြသူများ ဖြစ်သည်။
Facebook သည် သုံးစွဲသူများ အသုံးပြုရလွယ်စေရန် လွယ်ကူရိုးရှင်းသော ဒီဇိုင်းများဖြင့်ဖန်တီးထားပြီး အသက် ၁၃ နှစ်ပြည့်ပြီးသော E-mail ရှိသူတိုင်းအသုံးပြုနိုင်သည်။ Facebook ပေါ်တွင် သူငယ်ချင်းများ မိသားစုများ အသိုင်းအဝန်များဖြင့် ဆက်သွယ်ခြင်း / စီးပွားရေးစာမျက်နှာများဖန်တီး၍ သုံးစွဲသူ၏စီးပွားရေးလုပ်ငန်းများကိုကြော်ငြာခြင်း၊ စီးပွားရေးအသိုင်းအဝန်းများချဲ့ထွင်ခြင်း / မိမိကိုယ်တိုင်ဖန်တီးထားသော ဓာတ်ပုံများ ဗီဒီယိုများ အကြေင်းအရာများ သိမ်းဆည်းခြင်း၊ မျှဝေခြင်း စသည့်တိုကို လွယ်ကူစွာပြုလုပ်နိုင်သည်။
စီးပွားရေးလုပ်ငန်းပေါင်း သန်း ၂၀၀ ကျော်(အများဆုံးမှာ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ) သည် Facebook ကို အသုံးပြု၍ ဈေးကွက်ရှာဖွေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းအလိုက် အသိုင်းအဝန်းချဲ့ထွင်ခြင်းများ ပြုလုပ်နေကြသည်။
မည်သို့ပင် စီးပွားရေးလုပ်ငန်းများများပြားစေကာမှု Facebook သည် သူငယ်ချင်းအပေါင်းအသင်းများ၊ မိသားစုများ၊ အသိုင်းအဝန်းများနှင့် ဆက်သွယ်ရန်၊ ချိတ်ဆက်ရန်၊ မျှဝေရန်ကို အဓိကဖန်တီးပေးနေဆဲနေသော နေရာတစ်ခုဖြစ်ပါသည်။
ယခုဆောင်းပါးကို ဖတ်ရှုနေကြသူများရော Facebook ကိုဘယ်လိုအသုံးပြုနေကြသလဲဆိုတာ အောက်မှာမှတ်ချက်များ ရေးပေးသွားကြပါဦး။

2 . YouTube
- ပိုင်ဆိုင်သည့်ကုမ္မဏီ - Alphabet
- အခြေပြုသောနိုင်ငံ - United States of America
- စတင်သည့်ခုနှစ် - 2005
ဗီဒီယိုမျှဝေသောဝက်ဘ်ဆိုက်ဖြစ်သည့် YouTube တွင် လစဉ်အသုံးပြုသူပေါင်း ပျှမ်းမျှ သန်း ၂၂၀၀ ဝန်းကျင် ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ YouTube အသုံးပြုသူများသည် နာရီ သန်းပေါင်း ၁၀၀၀ ကျော်သော ဗီဒီယိုများကို နေ့စဉ် ကြည့်ရှုနေကြသည်။
ကမ္ဘာပေါ်တွင် ဒုတိယအကြီးများဆုံးလူမှုမီဒီယာဖြစ်သော YouTube တွင် ဗီဒီယိုအမျိုးအစားများစွာ ရှိသည်။
YouTube တွင်မရှိသောဗီဒီယိုအမျိုးအစား မရှိဟုခေါ်ဆိုရလောက်အောင် လူမှုရေး၊ စီးပွားရေး၊ အပန်းဖြေစရာ၊ ဗဟုသုတပေါင်းများစွာ၊ အကြောင်းအရာများစွာကို ရှာဖွေကြည့်ရှုနိုင်သည်။ သို့သော် ၁၈+ များနှင့်၊ အစအဆုံးရုပ်ရှင်များတော့ YouTube တွင်မရှိပေ။
နေ့စဉ် YouTube သုံးစွဲသူများစွာသည် မိမိတို့ကျွမ်းကျင်ရာ ပညာရပ်များ၊ သိရှိထားသောဗဟုသုတများ၊ မျှဝေလိုသောအကြောင်းအရာများကို ဖန်တီး၍ YouTube တွင် မျှဝေနေကြသည်။ စိတ်အပန်းပြေဗီဒီယိုများသာမက ပညာရပ်တခုကို အစအဆုံး သင်ကြားနိုင်သည်အထိ ဗီဒီယိုများရှိသော YouTube သည် ယနေ့အချိန်ထိ ဗီဒီယိုမျှဝေသောဝက်ဘ်ဆိုက်များတွင် အကောင်းဆုံး ဝက်ဘ်ဆိုက်အဖြစ်ရပ်တည်လျက်ရှိသည်။
ယခုဆောင်းပါးကို ဖတ်ရှုနေကြသူများရော YouTube တွင် ဘယ်လို ဗီဒီယိုအမျိုးအစားတွေကို အများဆုံး ကြည့်ရှူဖြစ်လဲဆိုတာ အောက်မှာမှတ်ချက်ရေး၍ မျှဝေပေးသွားကြပါဦး။

3 . WhatsApp
- ပိုင်ဆိုင်သည်ကုမ္မဏီ - Meta
- အခြေပြုသောနိုင်ငံ - United States of America
- စတင်သည့်ခုနှစ် - 2009
စာတိုပေးပို့သောဆော့ဝဲလ် ဖြစ်သည့် WhatsApp သည် လစဉ်အသုံးပြုသူပေါင်း ပျှမ်းမျှသန်း ၂၀၀၀ နီးပါးရှိသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၀ ကျော်တွင်အသုံးပြုနေပြီး နေစဉ်သန်းပေါင်း ၁၀၀၀၀၀ ကျော်သော စာတိုများကို WhatsApp တွင်ပေးပို့နေကြသည်။
WhatsApp သည် မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ရန် အပြင်ယခုအခါတွင် WhatsApp Business နှင့် WhatsApp API တို့သည် လုပ်ငန်းရှင်များအသုံးပြုရန်အတွက်ဖန်တီးထားသည်။ WhatsApp Business သည် စီးပွားရေးလုပ်ငန်းများ၏ထုတ်ကုန်များကို အမျိုးအစားများအလိုက်စာရင်းများ ဖန်တီးနိုင်ပြီး ဝယ်ယူသူများကို လျင်မြန်စွာ အကြောင်းပြန်နိုင်ရန် ပြုလုပ်ထားသည်။ထို့အပြင် အရေးကြီးသော သတိပေးချက်များနှင့်နောက်ဆုံးပေါ်အကြောင်းအချက်များကို WhatsApp API မှတဆင့် ဈေးဝယ်သူဖောက်သည်များကို ပေးပို့နိုင်သည်။
ကဲ စာဖတ်နေသူများရော WhatsApp ကိုအသုံးပြုနေကြပြီလားဆိုတာ အောက်မှာမှတ်ချက်လေး ပေးသွားကြပါဦး။
နောက်တစ်ပတ်မှာ နောက်ထပ်အသုံးများတဲ့ မီဒီယာတွေကို ပြောပြပေးသွားပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
Nay thura • ဖြေကြားချက် 0 ခု
EM-5 ဘယ်လိုပြုလုပ်ရင်အကောင်းဆုံးလဲ
san lin • ဖြေကြားချက် 0 ခု
မျိုးစေ့မသိမ်းခင် အဆင့်မှာ ပုတ်ပြီးခြောက်သွားတာ ဘာကြောင့်ဖြစ်တာလဲပြောပြပေးပါဆရာ၊ဆရာမတို့ရှင့်
Tone meezae • ဖြေကြားချက် 0 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ
zayyy zayya • ဖြေကြားချက် 0 ခု
အိမ်မှာ စိုက်ပျိုးထားတဲ့ သရက်ပင်ရဲ့ အရွက်တွေက ပုံပါအတိုင်း ဖြစ်နေလို့ပါ။ ကျန်အရွက်တွေလည်း ညိုးကျနေလို့ပါဗျ။ ဘာဆေးလေး သုံးလို့ရလဲဗျ။
Thura • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Okkar
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....