အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အဆင့်မြှင့်ထားတဲ့ အမေးအဖြေကဏ္ဍနဲ့ ပိုမိုက်လာတဲ့ ဗားရှင်းအသစ်( ၃.၅.၄) 

အဆင့်မြှင့်ထားတဲ့ အမေးအဖြေကဏ္ဍနဲ့ ပိုမိုက်လာတဲ့ ဗားရှင်းအသစ်( ၃.၅.၄) 

Green Way
Green Way • 15/10/2021

စိုက်ပျိုးရေးလို့ခေါ်လိုက်ရင် မွေးမြူရေးပါ တွဲဖက်ပါဝင်နေတာမို့ ဗားရှင်းအသစ်နဲ့ အဆင့်မြှင့်တင်ပေးထားပါတယ်။

ဒီဗားရှင်းမှာတော့ မွေးမြူရေးအတွက် ငါးနဲ့နွားပဲ ပါဝင်ခဲ့ရာကနေ ကြက်၊ ဝက်၊ ဆိတ်၊ ပုစွန်အထိပါ မေးမြန်းနိုင်ပါပြီ။ 

✅ မွေးမြူရေးအတွက် သီးသန့် စုစည်းဖော်ပြမှုတွေအပြင်

✅ ရေလုပ်ငန်းအတွက်လည်း သီးသန့်တစ်နေရာ ထပ်မံပါဝင်လာမှာပဲဖြစ်ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေး တွဲဖက်လုပ်ကိုင်ဖို့ အချိန်တိုအတွင်းမှာ လိုအပ်တဲ့ ဗဟုသုတ အချက်အလက်တွေကိုရှာဖွေနိုင်မယ့် ဆော့ဝဲအဖြစ် ဗားရှင်းမြှင့်ထားပါတယ်ခင်ဗျ။

တောင်သူတွေကို ပိုမိုကူညီနိုင်ဖို့ အမေးအဖြေကဏ္ဍကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

💢မေးခွန်းမေးမယ့်သူတွေအတွက် အချက်အလက်အပြည့်အစုံဖြည့်နိုင်ပါမယ်။

💢ကိုယ်အဆင်ပြေသွားတဲ့အဖြေကို ရွေးချယ်ပေးနိုင်မယ်။

ဒါက ကိုယ့်ကိုဖြေဆိုပေးတဲ့သူတွေအတွက် ငွေမကုန်တဲ့နည်းနဲ့ စိတ်ခွန်အားလက်ဆောင်လေးပါ။

ဒီလို လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။

💢ဖြေဆိုပေးမယ့်သူတွေကလည်း  မေးခွန်းအချက်အလက်ပြည့်စုံမှုတွေကြောင့် အဖြေဖြေဖို့ ပိုအဆင်ပြေသွားပါမယ်။

💢ကိုယ်ကူညီဖြေပေးလိုက်လို့ အဆင်ပြေသွားတဲ့အခါ “ဤအဖြေဖြင့် ပြေလည်သည်” ဆိုတဲ့ စာတန်းလေးကိုပါမြင်နိုင်မှာဖြစ်လို့ ကျွန်တော်တို့ ကမ်းလိုက်တဲ့လက်တွေ ဘယ်သူတွေအတွက် အဆင်ပြေသွားသလဲဆိုတာကို မြင်နိုင်ပါမယ်ခင်ဗျ။

💢အချိန်သိပ်မပေးနိုင်တဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေအတွက်စဉ်းစားပြီး အသိပေးချက် (reminder) ပို့ပေးတဲ့စနစ်ကိုထည့်ပေးထားပါတယ်။ (မလိုပါက ပိတ်ထားလို့ရပါတယ်)

အစိမ်းရောင်လမ်းဗားရှင်းအသစ်ကို သုံးနေရုံနဲ့  စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူတွေ၊ မွေးမြူရေးသမားတွေကို အိမ်မှာနေရင်းပဲ တတ်နိုင်တဲ့ဘက်က ကူညီနိုင်တော့မှာပါ။

ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာမို့ အစိမ်းရောင်လမ်းရဲ့ ဗားရှင်းအသစ်ကို update လုပ်လိုက်ပြီးရိက္ခာထုတ်ပေးနေသူတွေကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ပါပြီ။

1
နေပိုင်

နေပိုင်

လွန်ခဲ့သော ၄ နှစ် က

ငါးသားဖောက်နည့်

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။