အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စီးပွားရေးလုပ်ငန်းတွေမှာ QR (ကျူအာ)ကုဒ်၏ အသုံးဝင်ပုံ

စီးပွားရေးလုပ်ငန်းတွေမှာ QR (ကျူအာ)ကုဒ်၏ အသုံးဝင်ပုံ

Green Way
Green Way • 25/10/2021

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ QR (ကျူအာ) ကုဒ် အကြောင်း ကို တောင်သူ ဦးလေး ဒေါ်လေးတို့ ဗဟုသုတရအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

၁၉၉၄ ခုနှစ်မှာ QR (ကျူအာ) ကုဒ် နည်းပညာအသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ (ကျူအာ) ကုဒ် တွေကို ယနေ့ခေတ် စီးပွားရေး လုပ်ငန်းပိုင်းအများစုမှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ (ကျူအာ) ကုဒ် ရဲ့ အဓိပ္ပါယ်ကတော့ လျှင်မြန်တဲ့တုန့်ပြန်ခြင်း လို့ဖွင့်ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံတကာအသိအမှတ်ပြု ISO (အိုင်အက်စ်အို) လက်မှတ်ရကုန်အမှတ်တံဆိပ်ဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။

(ကျူအာ) ကုဒ်ရဲ့ အားသာချက်တွေကတော့ ကုန်ပစ္စည်းတွေရဲ့ သီးသန့်အမှတ်အသားအတွက် အသုံးပြုနိုင်ခြင်းအတွက်သာမဟုတ်တော့ဘဲ ဝက်ဘ်ဆိုက်လင့်တွေ Facebook (ဖေ့ဘုတ်) လင့် တွေကိုပါ ရည်ညွှန်းပေးနိုင်ပါတယ်။ (ကျူအာ) ကုဒ်ကို အသုံးပြုပြီး ငွေထုတ်၊ ငွေလွှဲလုပ်တာမျိုးတွေသာမက ပစ္စည်းဝယ်ရာမှာ ငွေပေးချေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဈေးဝယ်စင်တာတွေမှာ ဆိုရင်လည်း ကုန်ပစ္စည်းရဲ့ (ကျူအာ) ကုဒ်ကနေတစ်ဆင့် ကုန်ပစ္စည်းရဲ့ အချက်အလက်တွေနဲ့ တည်နေရာကိုပါ ဖော်ပြပေးနိုင်ပါတယ်။

ထို့အပြင် စားသောက်ကုန်တွေ၊ သီးနှံတွေပေါ်မှာလည်း (ကျူအာ) ကုဒ် ထည့်သွင်းဖော်ပြပေးနိုင်ပြီး မိမိဖုန်းနဲ့ ကုဒ်ကိုဖတ်လိုက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ခဲ့မှု အချက်အလက်များကို ဖော်ပြပေးနိုင်သည်အထိ များစွာအသုံးဝင်ပါတယ်။ ဒီလို အသုံး၀င်တဲ့ (ကျူအာ) ကုဒ်လေးတွေကို ဖတ်ဖို့ မိမိဖုန်းထဲမှာ (ကျူအာ) ကုဒ် ဖတ်နိုင်တဲ့ ဆော့ဝဲလ်လေးတွေ ထည့်ထားဖို့တော့ လိုအပ်ပါတယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည် ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ဖုန်းပူလာရသည့် အကြောင်းရင်း (၈) ချက်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။