တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ
မင်္ဂလာပါရှင့်
စိတ်ဝင်စားစရာ အမေးအဖြေတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးကနေကြိုဆိုပါတယ်ရှင့်
ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာ အမေးအဖြေတွေကတော့
၁။ မေး (Htet Arkar Soe) - N ကို အပင်ရဲ့ဘယ်အရွယ် ၊ P ကိုအပင်ရဲ့ဘယ်အရွယ်၊ K ကိုအပင်ရဲ့ဘယ်အရွယ်တွေမှာကျွေးရလဲ ခင်ဗျ။
ဖြေ (ဒို့ဦးလေး) – P ကိုမြေခံထည့်ပါ။ N ကို အပင်ကြီးသည်အထိ အရွက်အရောင်ကြည့်ပြီးကျွေးပါ။ K ကိုတော့ N ကျွေးတိုင်း နည်းနည်းစီထည့်ပေးပါ။ ပြီးတော့ N ကို မျိုးစေ့က အစေ့တွင်းစာကုန်ချိန် စတင်ကျွေးရပါတယ်။ အပင်သက်တမ်း တစ်လျှောက်လုံးအတွက် အရွက်အရောင်ကြည့်ပြီး၊ အပင်အနေထားကြည့်ပြီး လိုအပ်သလိုကျွေးရပါတယ်။ အသီးချိန်မှာမို့ N လုံးဝမလိုဘူးလို့ ပြောလို့မရပါ။ အပင်အခြေအနေကြည့်ပြီး စီမံရပါတယ်။
(အေးအေးမြင့်) - Pနှင့်Kကိုမြေခံမှာထည့်ပြီး Nကိုတော့သီးနှံကြီးထွားချိန်အတွင်း ခွဲကျွေးရင် ကောင်း ပါတယ်။
၂။ မေး (Pyae Phyoe Aung) - ပဲပုပ်တစ်လသားပါ။ မှိုဆေးဖျန်းသင့်နေပြီလား။
ဖြေ (ဒို့ဦးလေး) - တစ်လသား စဖျန်းသင့်ပါတယ်။ ကာကွယ်ဆေးဖျန်းပါ။
(ဦးသက်လွင်) - မှိုဆေး အမြန်ပတ်ဖျန်းရန်လိုပါပြီ။

၃။ မေး (ရှိုင်းထက်အောင်) - မှိုအစစ်ဆိုတာဘယ်လိုမျိုးပါလဲ။
ဖြေ (ဒို့ဦးလေး) - true fungi မှိုအစစ်ဆိုတာ Oomycetesကလွဲရင် ကျန်မှိုရောဂါတွေကို မှိုအစစ်ခေါ်ပါတယ်။
၄။ မေး (ထက်နိုင်လင်း) - ဆိတ်ပေါက်ကလေး၃ပတ်သားရှိပြီ။ ဆိတ်မကနို့သိပ်မထွက်လို့ ဘယ်လိုအဆင်ပြေအောင်တိုက်လို့ရမလဲကူညီပေးပါဦး။
ဖြေ (နှင်းဖြူဖြူ) - ဆိတ်ကလေး ၁ လသားဆို နို့ဘူးတိုက်တာ၊ အစာအကျင့်လုပ်တာတွေ ပြုလုပ်ပေးလို့ရပါပြီ။ ဆိတ်မကို အာဟာရပြည့်ဝတဲ့အစာတွေ ကျွေးပါ။ဆိတ်မသောက်ဖို့ရေ မပြတ်ရအောင် စီမံပေးပါ။ ဆိတ်မက နို့ထွက်နည်းနေပေမယ့် ဆိတ်လေးတွေကို နို့တိုက်တယ်ဆိုရင် ရသလောက်ပေးစို့ပါ။ ဆိတ်ကလေး ၁ လပြည့်ရင် နို့ဘူးတိုက်တာ၊အစာကျင့်ပေးတာ လုပ်လို့ရပါပြီ။
၅။ မေး (နေထက်) - နိုက်ထရိုဂျင် (N) ကျွေးပြီးဘယ်နှစ်ရက်နေရင်ရေထုတ်လို့ရမလဲရေလှည့်ချင်လို့ပါ။
ဖြေ (ဒို့ဦးလေ) - ၇ရက်လောက်ထားပြီးမှ ထုတ်သင့်ပါတယ်။
(ဦးသက်လွင်) - N အာနိသင်ကုန်ချိန် ၇ ရက်လို့ ပြောသော်လည်း ၁၀ ရက်ခန့်မှ ရေလှယ်သင့်ပါတယ်။
ပညာရှင်တွေကြိုးစားပြီး ဝိုင်းဝန်းဖြေပေးနေကြတဲ့ Green Way အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ ဆရာတွေနဲ့ အပြန်အလှန်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကအမေးအဖြေကဏ္ဍမှာမေးပေးပါလားရှင့်
Thu ya
လွန်ခဲ့သော ၃ နှစ် ကစပါးကလှေးပိုးကြနေတယ်ဗျဆေးဖိုးသက်သာအောင်ဘာနည်လမ်းတွေရှိလဲဗျ
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026