တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်
(၂၃.၁၁.၂၀၂၀ မှ ၂၇.၁၁.၂၀၂၀) ထိ
တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဆန်၊ စပါး
ဒီတစ်ပတ် ဧရာဝတီတိုင်း ဈေးကွက်မှာတော့ ဆန်ဈေး စပါးဈေး အနည်းငယ် တက်လာပါတယ်။ အသစ်တွေထွက်ရှိလာတာဖြစ်လို့ ရန်ကုန် အပြင် အခြား အညာဒေသတွေကပါ ဝယ်ယူမှု ရှိလာတဲ့အတွက်ဈေးတွေတက်တယ်လို့သိရပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၆၂၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၂၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၈၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၅၃၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ကို ၅၉၈၀၀၀ နဲ့ဈေးငြိမ်ပါတယ်.။ ဆန်ကတော့ တစ်အိတ်ကို ၂၃၅၀၀ နဲ့ ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
လတ်တလောစပါးဈေးနဲ့ ဆန်ဈေးကတော့ အသစ်တွေ ဆက်တိုက်ထွက်ရှိနေပြီး အဝယ်တွေကလည်း နယ်စုံတဲ့အတွက် ထပ်ပီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။
မတ်ပဲ
မတ်ပဲကတော့ နိုဝင်ဘာ ပထမအပတ်က ဈေးက ကျဆင်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယဘက်ကလည်း အဝယ်နည်းပြီးဈေးကျဆင်းတဲ့အတွက် ပြည်တွင်းမှာလည်း ကျဆင်းတာဖြစ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၀၀၄၀၀၀ အထိ တစ်ပတ်အတွင်းကို ငွေကျပ် ၄၀၀၀၀ နီးပါးဈေးကျဆင်း သွားခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၃၆၀၀ ကျပ် ရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပြီး ပြည်ကုန်စည်ဒိုင် မုံရွာကုန်စည်ဒိုင် ဈေးကွက်တို့မှာတော့ အရောင်းအဝယ် မရှိပါဘူး။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ နေ့စဉ်ဈေးက ကျဆင်းနေတာဖြစ်ပြီးတော့ နယ်ဈေးကွက်တွေမှာတာ့ အရောင်းအဝယ်က မရှိသလောက် ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၁၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၂၅၀၀၀ ကျော် လောက် ဈေးကျဆင်းသွားပါတယ်။ တစ်လအတွင်းတစ်တန်ကို ငွေကျပ် တစ်သိန်းနီးပါးဈေး ကျဆင်း သွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀နီးပါး ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ကျဆင်းသွားပြီး အဝင်တွေအရမ်းများတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၅၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၃၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၂၅ ကျပ်လောက်ဈေးတက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
SoeLay
လွန်ခဲ့သော ၅ နှစ် ကမြေပဲလုံးဆံဖြူဈေးလေးရောပြောပြပါ
ဖိုးဖြူ
လွန်ခဲ့သော ၅ နှစ် ကပြောင်းဖူးစျေးလဲပြောပေပါအုံးဗျာ့
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026