တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂၄.၁.၂၀၂၂) မှ (၂၈.၁.၂၀၂၂) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲခွဲစက်သမားတွေ အဝယ်လျော့နည်းလာလို့ ဈေးက ကျဆင်းသွားတာဖြစ်ပြီး မြန်မာပြည်တွင်းက တင်ပို့မှုတွေကလည်းများနေလို့ ထိန်းဝယ်မှုတွေ ရှိနေတယ်လို့သိရပါတယ်။ အိန္ဒိယမှာ ရာသီဥတု ဆိုးရွားမှုမရှိရင် ပဲဈေးက လက်ရှိအကျဈေးနဲ့ပဲ ဆက်သွားနိုင်ခြေရှိတယ်လို့လည်း ကုန်သည်အများစုက သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၃ သိန်းအောက်ထိ ရောက်ရှိသွားပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်လောက်ဈေး ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၉၅၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့အပတ်က ဈေးတွေ ဆက်တိုက်တက်နေခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးတွေက ပြန်ကျဆင်းသွားပါတယ်။ ပြည်တွင်းအဝင်တွေက ဆက်တိုက်များနေပြီး အိန္ဒိယနိုင်ငံမှာလည်း ထိန်းဝယ်မှု ကြောင့် ပြည်တွင်းမှာပါမက အဓိကတင်ပို့နေတဲ့ အိန္ဒိယနိင်ငံမှာလည်း ဈေးကကျဆင်းနေခဲ့ပါတယ်။
အသစ်တွေကဆက်တိုက်ဝင်နေတာဖြစ်တဲ့အတွက် ပဲစင်းငုံနီက လက်ရှိဈေးထက် ကျဆင်းနိုင်ပေမယ့် ၃ လပိုင်းကုန်အထိ တင်ပို့ရမှာဖြစ်လို့ ဈေးကအရမ်းကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ဒါပေမယ့် ယခုဈေးထပ်ကျဆင်းနိုင်မှာ စိုးတဲ့အတွက် တောင်သူတွေ ထုတ်ရောင်းနိုင်တာကြောင့် ဈေးကပိုကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၃ သောင်းပေါက်ဈေးရှိပြီး တစ်တန်ကို ၅ သောင်းကျော် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၁၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၀၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးတည်ငြိမ်မှု မရှိပါဘူး။ ပဲမျိုးစုံအသစ်တွေ ဈေးကွက်ထဲဝင်လာတဲ့အတွက် အတက်အကျကလည်း ပြောင်းလဲနေပါတယ်။ နှစ်ကူးဖြစ်တဲ့အတွက် ပိတ်ရက်တွေကြောင့် ဝယ်ယူမှု အနည်းငယ်လျော့သွားပြီး အချို့ထိပ်စတွေကတော့ ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၂၃၆၅ ကနေ ၂၄၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၆၆၅ ကနေ ၂၆၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ ကျပ် ပဲတီစိမ်း(ပဲခူးရွှဝါ) ကတော့ တစ်ပိဿာကို ၂၂၅၀ မှ ၂၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၂၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၃၅၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲတီစိမ်း (သေး)ကတော့ တစ်တင်းကို ၃၈၀၀၀ ကနေ ၄၃၀၀၀ ရှိပြီး ၂၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပြောင်းဆံ
ပြောင်းဆံဈေးတွေလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ တရုတ်ဘက်ကို ပြန်တင်ပို့မှုရှိလာတဲ့ အတွက် ဈေးတွေတက်လာနေပြီး ထိုင်းဘက်ကိုလည်း ပုံမှန်တင်ပို့မှုရှိနေလို့ ဈေးက အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၇၈၀ ကနေ ၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာလည်း ဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ထန်းလျက်
ထန်းလျက်ကတော့ ကုန်ကြမ်းပစ္စည်းရှားပါးတဲ့အပြင် အဝင်နည်းနေလို့ဈေးတွေက ဆက်တိုက်တက်နေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၂၁၀၀ ကနေ ၃၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thein Soe Min
လွန်ခဲ့သော ၄ နှစ် ကဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026