တစ်ပတ်တာအတွက် ဈေးကွက်သုံးသပ်ချက်
(၆.၁၂.၂၀၂၁) မှ (၁၀.၁၂.၂၀၂၁) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာ မိုးကြောင့် သီးနှံပျက်စီးဆုံးရှုံးမယ်ဆိုတဲ့ သတင်းတွေကြောင့် အများအပြားဝယ်ယူခဲ့ပြီး ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ငွေကြေးဈေးကျဆင်းတာရော ဈေးထိန်းဝယ်ယူမှုတွေကြောင့် ဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။
ဈေးအတက်အကျကတော့ ပြီးခဲ့တဲ့အပတ်ကတည်း တည်ငြိမ်မှုမရှိခဲ့ပါဘူး။ တစ်တန်ကို ၁၄ သိန်း ၃ သောင်းကနေ ၁၃ သိန်း ၈ သောင်းကြား အတက်အကျရှိနေခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ လက်ကျန်တွေလည်း သိပ်မရှိတော့ပဲ ကုန်သည်များအကြား အရောင်းအဝယ် ပြုလုပ်နေတာဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၉ သောင်းကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ ၂ သောင်းလောက်ဈေကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၃၅၀၀၀ကြားပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ထူးထူးခြားခြား ဈေးတက်လာခဲ့ပါတယ်။ ပဲအဟောင်းလက်ကျန်တွေ မရှိတော့ပဲ အသစ်တွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ အဝယ်များပြီးဈေးတက်နေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယမှာလည်း ပဲစင်းငုံနီအသစ်တွေ ပေါ်လာပြီဖြစ်ပေမယ့် သီးနှံပျက်စီးမှုကြောင့် ပဲတွေကို ပြန်လည်ဝယ်ယူမှုကြောင့် ဈေးကတက်လာတယ်လို့လည်း အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။ ပဲစင်းငုံနီက လက်ရှိမှာ ဈေးတက်ပေမယ့် အများကြီးတက်နိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၇ သောင်းကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သောင်းကျော်ဈေးပြန်တက်လာပါတယ်။ ပဲစင်းငုံနီကလည်း တစ်တန်ကို ၁၁ သိန်း ၈ သောင်း ကနေ ၁၁ သိန်း ၃ သောင်းကြား အတက်အကျရှိနေခဲ့ပြီး အများကြီးအပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။
မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိသေးပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပေါင်းတည်ဈေးကွက်မှာတော့ ပဲစင်းငုံနီက (၂၀၂၁)က တစ်တင်းကို ၃၂၀၀၀ ကနေ ၃၃၀၀၀ ကြားပေါက်ဈေးရှိနေပြီး ပဲစင်းငုံနီ (၂၀၂၂) ကတော့ တစ်တင်းကို ၃၅၀၀၀ နဲ့ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းနေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ အသစ်တွေဈေးကွက်ထဲကို ဝင်လာပြီဖြစ်ပြီး တရုတ်တင်ပို့မှုကလည်း ကန့်သတ်မှုများစွာရှိနေပေမယ့် အရည်အသွေးကောင်တဲ့ ပဲတွေက ပိုရနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)က ၂၅၀၀ ကနေ ၂၅၈၅ ကျပ်၊ ပဲခူးရွှေဝါကလည်း ၂၂၆၅ ကနေ ၂၃၃၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ ၂၅၀၀ ကနေ ၂၅၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၈၀၀၀ အထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ လောက် ဈေးပြန်တက်လာပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်ဈေး တက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
စွန်တာပဲ
ရန်ကုန်ဈေးကွက်မှာတော့ စွန်တာပဲ ကဈေးငြိမ်ပေမယ့် နယ်ဈေးကွက်မှာတော့ အဝင်နည်းလို့ ဈေးတွေ တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ စွန်တာ(နီပြာ)က တစ်ပိဿာကို ၂၀၀၀ ကနေ ၂၁၇၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စွန်တာ(ရိုးရိုး)က တစ်အိတ်ကို ၁၃၆၀၀၀ ကနေ ၁၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ နွေကြက်သွန်နီတွေ ဈေးကွက်ထဲအဝင်နည်း လာလို့ ဈေးကတက်လာတာဖြစ်ပါတယ်။ ဘုရင့်နောင်ဈေးကွက်ထဲကို တစ်နေ့ကားအစီးရေ ၂၀ လောက်သာ အဝင်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊) တစ်ပိဿာကို ၂၂၅ ကနေ ၇၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၈၀ ကနေ ၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းလို့ဈေးတွေ တက်လာခဲ့ပြီး လက်ရှိမှာ အမြင့်ဆုံးဈေးရရှိနေပါတယ်။
အောင်ပန်းဈေးကွက်မျာ ခရမ်းချဉ်သီးက တစ်ပိဿာကို ၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
သီရိမင်္ဂလာဈေးမှာတော့ တစ်သေတ္တာကို ၈၀၀၀ ကနေ ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်သေတ္တာကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ရပ်ကွက်ဈေးတွေမှာတော့ ခရမ်းချဉ်သီးက တစ်ပိဿာကို ၄၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လူဇော်
လွန်ခဲ့သော ၄ နှစ် ကမတ်ပဲ မှာဘာဆေးသုံးရပါလဲခင်ဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026