တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၉.၁၁.၂၀၂၁) မှ (၁၂.၁၁.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
ဆန်စပါးတွေကတော့ အသစ်တွေလည်းဈေးကွက်ထဲ ဝင်လာပြီဖြစ်လို့ အဟောင်းဈေးတွေက ငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာလည်း ဖျာပုံပေါ်ဆန်းနဲ့ ဒေးဒရဲပေါ်ဆန်းတို့က တစ်အိတ်ကို ၄၅၀၀၀ကနေ ၄၈၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းက တစ်အိတ်ကို ၄၆၀၀၀ ကနေ ၅၀၀၀၀ ကျပ်၊ နယ်စုံက တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၂၀၀၀ ကနေ ၅၉၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ တစ်အိတ်ကို ၂၄၅၀၀ ကနေ ၂၅၅၀၀ ကျပ်၊ ငစိန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ မှ ၂၄၀၀၀ ကျပ်၊ ရက် ၉၀ ကတော့တစ်အိတ်ကို ၂၇၀၀၀ ကနေ ၂၉၀၀၀ကျပ်၊ သီးထပ် ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ မှ ၂၅၅၀၀၊ ဧည့်မထ ၂၅ မှတ်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ကျပ် အသီးသီးပေါက်ဈေးရှိပါတယ်။
ဧရာ၀တီတိုင်း ဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ် စပါးဈေးဆန်ဈေးတွေက ဈေးငြိမ်နေပြီး အသစ်တွေကတော့ ဈေးကွက်ထဲစပြီးဝင်လာပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ဧည့်မထ(မိုး)(၂၀၂၂)စပါးက တင်း ၁၀၀ ကို ၆၄၄၀၀၀ နဲ့ ဈေးဖွင့်ထားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ကျပ်ရှိပါတယ်။ မြောင်းမြကတော့ တင်း ၁၀၀ ကို ၆၅၃၂၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ မထွက်သေးပါဘူး။ အခြားမြို့နယ်တွေဖြစ်တဲ့ ကန်ကြီးတောင့်၊ ကျုံပျော်၊ ရေကြည်၊ကျောင်းကုန်း၊ ဇလွန်၊ ဝါးခယ်မ၊ ညောင်တုန်း၊ ပန်းတနော်တို့မှာတော့ ဧည့်မထ(မိုး) အသစ်က စပါးတင်း ၁၀၀ ကို ၅၃၀၀၀၀ ကနေ ၆၁၀၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ ဆန်ကလည်း တစ်အိတ်ကို အနိမ့်ဆုံးဈေး ၂၁၅၀၀ ကနေ ၂၄၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
မတ်ပဲ
မတ်ပဲက ပြီးတဲ့အပတ်က ငွေကြေးဈေးပြောင်းလဲမှုကြောင့်ပြန်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ကျဆင်းသွားပါတယ်။ အစိုးရကပြောင်းလဲလိုက်တဲ့ ပေါ်လစီအချို့ကကြောင့် ဒေါ်လာဈေးက ၁၇၀၀ ကျော်အထိ ကျဆင်းသွားခဲ့ပြီး ပဲဈေးတွေကလည်း ဆက်တိုက်ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ(FOC)ဈေးက တစ်တန်ကို ဒေါ်လာ ၇၆၅ ကနေ ၇၈၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်အနည်းငယ်သာ ကျဆင်းသွားပေမယ့် ပဲဈေးက ငွေကြေးလဲလှယ်မှု ပေါ်သက်ရောက်နေတဲ့ ကျပ်ငွေဈေးကျဆင်းမှုမှာတော့ ကွာဟချက်ကြီးပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်း ၇ သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၃၀၀၀၀ ကျော်လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီ ဈေးငြိမ်ပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဈေးဖွင့်ထားပေမယ့် အရောင်းအဝယ်ကတော့ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လက်ကျန် မရှိ အရောင်းအဝယ်ကလည်း နည်းနေတဲ့အတွက် ဈေးကတော့ ငွေကြေးအပြောင်းအလဲပေါ်မူတည်ပြီးသာ ဈေးကပြောင်းလဲနေတာဖြစ်ပါတယ်။ မတ်ပဲလောက်အတက်အကျမကြမ်းပဲ အနည်းငယ်သာပြောင်းလဲပါတယ်။
ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို ၆၅၅ ဒေါ်လာ ကနေ ၆၇၅ ပေါက်ဈေးရှိပြီး ၁၀ ဒေါ်လာလောက်ပဲဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၁၁ သိန်း ၆ သောင်းခွဲ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းပါတယ်။
မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိပါဘူး။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုန်သည်တွေက ငွေထုတ်ရာမှာ အခက်အခဲရှိနေပြီး ရောင်းသူများတဲ့အတွက်ကြောင့် ဈေးချဝယ်ယူမှုတွေလည်း ရှိနေတယ်လို့လည်းသိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ တရုတ်က တင်သွင်းမှုပြန်လည် ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းများကြောင့် ပဲတီစိမ်းတွေက ဈေးပြန်တက်လာပါတယ်။ ငွေကြေးပြောင်းလဲမှုကြောင့်သာ ရန်ကုန်ဈေးကွက်မှာ ဈေးအနည်ငယ်ပြန်ကျဆင်းသွားခဲ့ပေမယ့် နယ်ဈေးကွက်တွေမှာတော့ အဝယ်ပြန်လိုက်ပြီး ဈေးတက်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊)က တော့ တစ်ပိဿာကို ၂၄၁၅ မှ ၂၅၈၅ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၂၅၀ မှ ၂၃၃၅ ကျပ်ရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၄၁၅ ကနေ ၂၅၈၅ ကျပ် ရှိပြီး ၈၅ ကျပ် ဈေးကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံမှာတော့ တစ်တင်းကို ၄၂၂၀၀၀ မှ ၄၂၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၄၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၁၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဦးအောင်ဝင်းနိာင်
လွန်ခဲ့သော ၄ နှစ် ကဂအုံဂဂ၊ တြဈ။ ့က ဘယူ ဆ၊တ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026