တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၄.၁၀.၂၀၂၁) မှ (၈.၁၀.၂၀၂၁) အထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
မတ်ပဲ
ဒီတစ်ပတ် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ ကျဆင်းသွားတဲ့အတွက်ကြောင့် မတ်ပဲဈေးကလည်း တစ်တန်ကို ငွေကျပ် ၃ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဈေးကျဆင်းမှုက အနည်းငယ်သာ ရှိပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကွာဟမှုကြောင့်လည်းဖြစ်ပါတယ်။
အိန္ဒိယမှာလည်း ပဲအသစ်တွေဝင်လာတဲ့အတွက် ပြည်ပပို့ကုန် မြန်မာ့မတ်ပဲဈေးက အနည်းငယ်ကျဆင်းသွားပေမယ့် မိုးစိုက်ပဲဧက လျော့နည်းမယ်လို့ အိန္ဒိယအစိုးရခန့်မှန်းထားတဲ့အတွက် မတ်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေရှိနေပါသေးတယ်။
ထို့ပြင် မြန်မာ့မတ်ပဲလက်ကျန်ကလည်း တန်ချိန်တစ်သိန်းခွဲလောက်သာ ကျန်ရှိနေပြီး တင်ပို့မှုက ဒီဇင်ဘာလအထိရှိမှာဖြစ်လို့ မတ်ပဲဈေးကွက်က အလားလာ ကောင်းနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၅ သိန်းကျော်အထိ ဈေးကရောက်ရှိသွားပြီး ၃ သိန်းလောက် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။
အောင်လံ၊ ပြည် နဲ့ အခြား ပြည်နယ်တွေမှာလည်း မတ်ပဲက တစ်တင်းကို အနိမ့်ဆုံး ၈၀၀၀ လောက်အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက မတ်ပဲကလောက် ဈေးအတက်အကျ မကြမ်းပေမယ့် ငွေဈေးကြောင့် အနည်းငယ်တော့ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာလည်း အဝယ်အနည်းငယ်ရှိနေတဲ့အတွက် ဈေးကတက်နေခဲ့ပါတယ်။ အိန္ဒိယတင်ပို့မှုကလည်း ပုံမှန်ပဲရှိနေတာဖြစ်လို့ ပဲစင်းငုံနီက လာမယ့်တင်ပို့မှုကာလမကုန်ခင် ဒီဇင်ဘာလအထိ အတက်အကျ အနည်းငယ်နဲ့သာ အရောင်းအဝယ်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း သုံးသောင်း ပေါက်ဈေးရှိပြီး တစ်တန်ကို ၁ သိန်းခွဲလောက် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။
အောင်လံမှာတော့ တစ်တင်းကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ မှ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။
စီပီပြောင်း
စီပီပြောင်းကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ တရုတ်တင်ပို့မှု အပြင် ထိုင်းကိုပါ တင်ပို့နေရပြီး ငွေကြေးဈေးတက်တဲ့အတွက်ကြောင့် ဈေးတွေက ဆက်တိုက် မြင့်တက်နေခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့ ငွေဈေးကျဆင်းတဲ့အပြင် တရုတ်နယ်စပ်ကုန်သွယ်ရေးပါပိတ်လိုက်တဲ့အတွက်ကြောင့် ပြောင်းဈေးက ကျဆင်းသွားပါတယ်။ ထိုင်းတင်ပို့မှု ရှိပေမယ့် ကားခဈေးတက်တာတွေကြောင့် ဈေးရရှိမှုကတော့ သိပ်မရှိဘူးလို့လည်း တောင်သူတွေထံကနေ သိရပါတယ်။
ထို့ပြင် ပြောင်းအသစ်တွေကလည်း ဈေးကွက်အတွင်း အများအပြားဝင်ရောက်နေတာဖြစ်လို့ ပြောင်းဈေးတွေက ထပ်ပြီး ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
လက်ရှိမန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၁၀၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ငရုတ်
ငရုတ်တွေကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ အပြောင်းအလဲ တွေရှိခဲ့ပါတယ်။ ဝင်ရောက်မှုများတဲ့ ငရုတ်တွေက ဈေးအနည်းငယ်ကျဆင်းသွားပြီး အချို့ ငရုတ်တွေကတော့ ဝယ်ယူမှုများတဲ့အတွက်ဈေးတွေက တက်လာပါတယ်။
ငရုတ်(မြစ်ဝကျွန်းပေါ်ပု)က တစ်ပိဿာကို ၈၀၀၀ ကို ၈၂၀၀ ထိ တစ်ပတ်အတွင်း တစ်ပိဿာကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
ငရုတ်(ဆင်ဖြူကျွန်း)ကတော့ တစ်ပိဿာကို ၅၀၀၀ ကနေ ၅၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပန်းတနော်(AC)ကတော့ တစ်ပိဿာကို ၄၀၀၀ ကနေ ၄၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ငရုတ်(မိုးထောင်)ဟင်္သာတကတော့ တစ်ပိဿာကို ၃၂၀၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာလည်း ငရုတ်(ရှမ်းကျွန်း)က တစ်ပိဿာကို ၄၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ လောက်ဈေးတက်လာပါတယ်။
မန်ကျည်းသီး
မန်ကျည်းသီးကလည်း လတ်တလောဈေးတွေတက်နေပါတယ်။ အဟောင်းလက်ကျန်က မရှိတော့ပဲ အသစ်တွေက အဝယ်သွက်နေတဲ့အတွက် ဈေးတွေတက်နေတယ်လို့သိရပါသည်။
ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး(ကျောက်ပန်းတောင်း)က တစ်ပိဿာကို ၂၅၀၀ ကနေ ၂၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၁၄၀၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ မန်ကျည်းသီးက တစ်ပိဿာကို ၁၉၀၀ ကနေ ၃၂၀၀ ကြားပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026