တစ်ပတ်တာ ဈေးကွက်သုံးသပ်ချက်
(၁၁.၁၀.၂၀၂၁) မှ (၁၅.၁၀.၂၀၂၁) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှုရှိနေပြီး ဆန်အဟောင်းတွေ အရောင်းအဝယ်သွက်နေလို့ ဈေးတက်နေတာလို့ သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းက တစ်အိတ်ကို ၄၅၀၀၀ ကနေ ၄၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးက တစ်အိတ်ကို ၄၆၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၄၃၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကလည်း တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကလည်း တစ်အိတ်ကို ၂၅၅၀၀ ကနေ ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ဧည့်မထ ၂၅ % ကလည်း တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၆၀၀၊ ရက် ၉၀ ကတော့ ၂၈၀၀၀ ကနေ ၂၉၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကနေ ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
နယ်ဈေးကွက်မှာတော့ စပါးအဟောင်းလက်ကျန်တွေလည်းမရှိတော့တဲ့အတွက် ဈေးကွက်ကငြိမ်နေပြီး စပါးအသစ်တွေကတော့ အမျိုးအစားလိုက် တင်း ၁၀၀ ကို ၅၆၀၀၀၀ ကနေ ၆၅၀၀၀၀ အထိ အရောင်းအဝယ် ရှိနေတယ်လို့ သိရပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၁၅ သိန်းအောက်ထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အဓိက မြန်မာ့ငွေကြေးလဲလှယ်နှုန်းကျဆင်းသွားတဲ့အတွက်ကြောင့် ပဲဈေးတွေလည်း ကျဆင်းသွားတာဖြစ်ပါတယ်။ အဓိက မတ်ပဲဈေးတက်ရတာကလည်း မြန်မာ့ငွေကြေးဈေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မတ်ပဲက တစ်တန်ကို ငွေကျပ် သိန်း ၂၀ အထိ ဈေးတက်သွားပေမယ့် အောက်တိုဘာလလယ်မှာတော့ တစ်တန်ကို ၅ သိန်းကျော်အထိ ဈေးကပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှာလည်း ပဲ အသစ်တွေဝင်ရောက်နေပြီး အခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေကလည်း အနည်းငယ်ကျဆင်းသွားပေမယ့် ပဲစိုက်ဧကလျော့နည်းမှုကြောင့် ဈေးကငွေကြေးပြောင်းလဲမှုပေါ်မူတည်နေတယ်လို့ သုံးသပ်ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၁၄ သိန်း ၉ သောင်း ဈေးကရောက်ရှိသွားပြီး တစ်သိန်းကျော်လောက်ဈေးက ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၉၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။
အောင်လံ၊ ပြည်နဲ့ အခြား ပြည်နယ်တွေမှာလည်း မတ်ပဲက တစ်တင်းကို အနိမ့်ဆုံး ၅၀၀၀၀ ကနေ ၅၁၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ယခု ဘဏ္ဍာနှစ် မှာ မတ်ပဲက ပြည်ပကို တန်ချိန် ၆၇၇၅၂၆ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးက ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ မတ်ပဲလောက် အတက်အကျ မကြမ်းခဲ့ပေမယ့် ငွေကြေးလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက်ကြောင့် တစ်တန်ကို ငွေကျပ် ၂ သိန်းကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၈ သောင်းကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သိန်းလောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။
အောင်လံမှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ပြည်ပပို့ကုန် ပဲ ဖြစ်တဲ့အပြင် တရုတ်တင်ပို့မှုကလည်း ပိတ်လိုက်တဲ့အတွက် ဈေးတွေ က ဆက်တိုက်ကျဆင်းသွားပါတယ်။ အချို့နေ့ရာတွေမှာ ပဲအသစ်ပေါ်ခါနီးဖြစ်တဲ့အတွက်လည်း ဈေးက ကျဆင်းနေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊)က တစ်ပိဿာကို ၂၅၀၀ မှ ၂၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၂၅၀၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၀၀ ကနေ ၂၈၃၅ပေါက်ဈေးပြီး ၈၅ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
အောင်လံမှာလည်း တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ် ဈေးကျဆင်း သွားပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ ဈေးက အတက်ဈေးနဲ့ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးတွေက ကျဆင်းသွားပါတယ်။ အရည်အသွေးကောင်းတဲ့ နှမ်းက ဈေးကောင်းပိုရနေပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၃၅၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026