အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေနွေးလေးသောက်ပြီး ဝိတ်ချရအောင်

ရေနွေးလေးသောက်ပြီး ဝိတ်ချရအောင်

Green Way
Green Way • 06/07/2021

    ရေနွေးက သာမန်ရေအေးသောက်တာထက် ကျန်းမာရေးကို ပိုပြီး အထောက်အကူပြုစေပါတယ်။

ရေနွေးကဝိတ်ကျစေ

    ရေနွေးသောက်လိုက်ရင် ခန္ဓာကိုယ်မှာရှိတဲ့ အပူချိန်ထိန်းညှိရေးစနစ်ကို နိုးဆွပေးလိုက်ပါတယ်။ ရေနွေးကြောင့် သင့်ကိုယ်တွင်းအပူချိန်က ကျဆင်းသွားပြီး ဇီဝကမ္မဖြစ်စဉ်ကို နိုးဆွပေးပါတယ်။

    ဇီဝကမ္မဖြစ်စဉ်မြန်လေလေ ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေ မြန်သွားပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ ရေနွေးပူပူလေးက အူလမ်းကြောင်းကိုစွန့်ထုတ်ထားတဲ့ ပစ္စည်းတွေဖယ်ရှားရာမှာ ကူညီပေးပါတယ်။

ဝမ်းချုပ်တာကို သက်သာစေ

    အူလမ်းကြောင်းထဲမှာ စွန့်ပစ်ထားတဲ့အရာတွေ ပိတ်ဆို့နေတာကို ရှင်းလင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ပုံမှန်သောက်ပေးရင် ဝမ်းမှန်စေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေ

    ရေနွေးက အစာခြေစနစ်မှာရှိတဲ့ အင်္ဂါတွေကို ရေဓာတ်ပြည့်ဝစေပြီး အလွယ်တကူစွန့်ထုတ်နိုင်အောင် ကူညီပေးပါတယ်။

အာရုံကြောစနစ်ကို တည်ငြိမ်စေ

    ရေနွေးက အာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။ ရေနွေးကို ပုံမှန်သောက်ပေးရင် ကိုက်ခဲ၊ နာကျင်တာတွေကို တဖြည်းဖြည်းသက်သာစေပါတယ်။

သွေးလည်ပတ်မှုအားကောင်း

    ရေနွေးက သွေးလည်ပတ်မှုအင်္ဂါတွေကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ထိထိရောက်ရောက် ပို့ပေးနိုင်ပါတယ်။

    သွေးလည်ပတ်မှုကောင်းတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အိပ်ရေးဝဝအိပ်နိုင်အောင် ကူညီပေးပါတယ်။

Source - myfoodmyanmar.com

1
Thein Soe Min

Thein Soe Min

လွန်ခဲ့သော ၅ နှစ် က

မနက်တိုင်း အိပ်ရာကထတာနဲ့ ရေနွေးဖြူ မတ်ခွက်တစ်လုံး သောက်ဖြစ်တယ်။ ဝမ်းမှန်တာကတော တကယ်ပါ။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။