အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

Green Way
Green Way • Greenovator • 05/06/2020

တောင်သူ့ဘေးက ဇီဝမျိုးစုံမျိုးကွဲများ

ဒီနေ့က ဇွန်လ (၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပါ...ဦးလေးကြီးတို့ရေ

? သင်ဟာ တောင်သူတစ်ယောက်ဖြစ်မယ် 

? စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေမယ် 

? စိုက်ပျိုးရေးကထွက်တဲ့ အသီးအနှံတွေကို နေ့စဉ်စားသောက်နေသူဖြစ်မယ်ဆိုရင် ဒီစာကိုဆက်ဖတ်သင့်ပါတယ်။

တောင်သူနဲ့ ဇီဝမျိုးကွဲများ

?‍? တောင်သူတွေဆိုတာ နေ့စဉ်ဘဝမှာ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့အတူ  ရှင်သန်နိုးထ လှုပ်ရှားသွားလာကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ 

?️ မနက်အိပ်ယာထချိန် အိမ်နားက ငှက်အော်သံတွေကြားရမယ်

? လယ်ထဲ ယာထဲ ထွန်ယက်စိုက်ပျိုးကြတဲ့အခါ ငှက်တွေအစာလာကောက်ကြမယ် 

?ထမင်းစားတဲ့အခါ လယ်တောက ဟင်းရွက်အစုံနဲ့ တို့စရာတစ်ခွက်ပါမယ်

 ?လယ်မြေ ယာမြေတွေထဲမှာ တီကောင်လေးတွေရှိတယ် တီကျစ်စာတွေတွေ့နေရတယ်။

ဒီလိုအခိုက်အတန့်တွေကို တောင်သူတွေကြုံဖူးခဲ့ကြပါတယ်။အထူးသဖြင့်  ကျနော်တို့ရဲ့ မိဘ ၊ဘိုးဘွားတွေရဲ့ခေတ်ကပေါ့။ ခုများမှာတော့  ဒီလိုတွေမရှိတော့ပါဘူး။ 

? ဒီဖြစ်စဉ်တွေဟာ နောင်လာမယ့် သားစဉ်မြေးဆက်တွေအတွက် စိုးရိမ်စရာဖြစ်လာနေတယ်ဆိုရင် ပိုမှန်နေပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး သားစဉ်မြေးဆက်တွေနေထိုင်မယ့် ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ နှိုးဆော်ကြပါတယ်။

ဒီနှစ်မှာတော့ သက်ရှိမျိုးစိတ်တွေ  ဒီကမ္ဘာမြေပေါ်က ပျောက်ကွယ်မသွားဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။

??️ ကမ္ဘာတစ်ဝှမ်းမှာတော့ သက်သက်လွတ်စားတာ အပင်စိုက်တာ စိုက်ပြီးသားအပင်တွေပြုစုတာ ပလပ်စတစ်တွေမသုံးတော့တာ  လောင်စာဆီမသုံးဖြစ်အောင် စက်တပ်ယဉ်အသုံးမပြုတာ ၊စသည်ဖြင့် သဘာဝပတ်ဝန်းကျင်က ဇီဝမျိုးစုံမျိုးကွဲတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုမူနေထိုင်ကြပါတယ်

ဦးကြီးတို့အနေနဲ့လည်း 

- အိမ်ဝန်း၊ခြံဝန်းထဲမှာရှိတဲ့ အပင်မျိုးစိတ်တွေကို ဆက်လက်ထိန်းသိမ်းထားတာ

- တီကောင်တွေ ၊ဖားတွေ၊ ပျား ပိတုန်းလေးတွေ၊ ငှက်ကလေးတွေ၊ပုစဥ်းတွေ စတဲ့ စိုက်ပျိုးရေးရဲ့ မိတ်ဆွေလေးတွေကို ထိန်းသိမ်းထားတာ

- ခြံစည်းရိုးမှာနွယ်တတ်နေတဲ့ ဆေးဘက်ဝင်အပင်လေးတွေကို ထိန်းသိမ်းထားတာ 

- စိုက်ပျိုးမြေတွေမှာ ဓာတုဆေးတွေအလွန်အကျွံမသုံးတာ 

? ဒီအလေ့အကျင့်ကောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။

ရာသီဥတုတွေမှန်လာဖို့

စိုက်ပျိုးမြေတွေကောင်းမွန်လာဖို့ 

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီလိုအလေ့အကျင့်ကောင်းတွေလုပ်ဆောင်နေကြရဲ့လား။(ဥပမာ -ခြံထဲမှာ ပျားအုံရှိတဲ့သူ၊ စက်ဘီးပဲစီးတဲ့သူ၊ ဆိုလာစွမ်းအင်ကိုပဲသုံးတဲ့သူ ၊ဒေသမျိုးလေးတွေ စိုက်ထားတဲ့သူ ၊ဓာတုတွေလျော့သုံးနေတဲ့သူ ရှိရင် မန့်သွားပါအုံးနော်)

??? မလုပ်ဖြစ်သေးဘူးဆိုရင် ဒီနေ့ပဲစလိုက်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျို့….

Soe Naing

Soe Naing

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးအထူးတင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။