လူသိနည်းတဲ့ မနက်စာမစားခြင်းရဲ့ ဆိုးကျိုးများ
မနက်စာမစားတဲ့အလေ့အထဟာ ယနေ့ခေတ်လူအများစုပြုလုပ်မိနေတဲ့ အမှားကြီးတစ်ခုလို ဆိုရပါမယ်။ မနက်ပိုင်းမှာ ရုံးတွေ၊ ကျောင်းတွေကြောင့် အချိန်မရလို့ မစားဖြစ်တာ အိပ်ယာထနောက်ကျတာစသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ မနက်စာ မစားဖြစ်ကြတာများပါတယ်။ တကယ်တော့ တစ်နေ့တာကို အားအင်အပြည့်နဲ့ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ အာဟာရရှိတဲ့မနက်စာတစ်ခုစားသုံးပေးရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူအများစုလုပ်မိနေတဲ့ မနက်စာမစားခြင်းကြောင့် ခန္ဓာကိုယ်အပေါ်သက် ရောက်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းပြောပြပေးချင်ပါတယ်။
(၁) ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်
ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာမှုစစ်တမ်းတွေအရ မနက်စာပုံမှန်းမစားဖြစ်တဲ့သူတွေဟာ သာမာန်လူတွေထက် ဆီးချိုရောဂါ ၂ မျိုးဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်သွေးတွင်း သကြားဓာတ်ကို ကမောက်ကမဖြစ်စေပြီး သကြားဓာတ် ပါဝင်တဲ့အစားအစာတွေကို အများကြီးစားသုံးမိတက်ပါတယ်။ ထိုအခါခန္ဓကိုယ်ထဲက အင်ဆူလင်ခုခံနိုင်စွမ်းကို ကျဆင်းစေပြီး ဆီးချိုရောဂါ ဖြစ်ပွာနိုင်ခြေပိုများလာဖြစ်ပါတယ်။
(၂) အဝလွန်ခြင်းကိုစေနိုင်တယ်
ဝိတ်ကျဖို့အစားလျော့စားရမယ်ဆိုတာမှန်ပေမယ့် မနက်စာရှောင်ခြင်းကတော့ သင့်ကိုပိုပြီးဝိတ်တက်လာစေမှာ ဖြစ်ပါတယ်။ မနက်မစားပဲနေမယ်ဆိုရင် ခန္ဓာကိုယ်သွေးတွင်းသကြားဓာတ်ကလျော့နည်းနေပြီး ဆာလောင်မှုပိုဖြစ်စေကာ နေ့လည် ဘက်မှာ အစားတွေပိုစားမိစေမှာဖြစ်ပါတယ်။ ဒီအချက်က သင့်ကိုဝိတ်တက်စေမယ့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် အဝလွန်ရောဂါကာကွယ်ဖို့ မနက်စာပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။
(၃) ဦးနှောက်စွမ်းရည်ကျဆင်းစေတယ်
ဦးနှောက်ဟာခန္ဓာကိုယ်တစ်ခုလုံးမှာ အလုပ်လုပ်ရဆုံးအပိုင်းတစ်ခုဖြစ်ပြီး ညဘက်မှာတောင်ခန္ဓာကိုယ်ကအိပ်စက်နေပေမယ့် ဦးနှောက်က အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဦး နှောက်အတွက်လိုအပ်တဲ့ အစာအဟာရဓာတ်ကို ပုံမှန်ဖြည့်တင်းပေးဖို့က အရမ်းကို အရေကြီးပါတယ်။ အကယ်၍မနက်စာ မစားဘူးဆိုရင်သွေးတွင်းသကြားဓာတ်နည်းနေပြီး ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကလည်းလျော့ကျလာမှာဖြစ်သလို မှတ်ဉာဏ် စွမ်းရည်ကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်ရဲ့စွမ်းအားတွေကျဆင်းစေတယ်
တစ်နေ့လုံးလန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ အဟာရရှိတဲ့ မနက်စာစားသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်ညတာလုံးအိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်မှာ အစာအဟာရဓာတ်ပြန်လည်ဖြည့်တင်းဖို့လိုနေတာဖြစ်ပြီး မနက်စာစားခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ Energy တွေကို ပြန်လည် ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ တစ်နေ့တာလုံးအင်အားကုန်ခမ်းပင်ပန်းနွယ်းနယ်စေပြီး စိတ်ဖိစီးမှုပမာဏကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။
MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
မောင်အောင်ကိုကိုလတ်
လွန်ခဲ့သော ၅ နှစ် ကထမင်း မဟုတ်ပဲ တခြား အစားအစာတွေစားမယ်ဆိုရင်ရော
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026